Monday, April 1, 2013

ကောသလမင်းကြီး၏ အိမ်မက် (၁၆) ချက် - ( 16 ) Dreams of King Pasenadi



(၅) အမေး ။ ခံတွင်းနှစ်ခွ၊ မြင်းလှရာဇာ၊ ကျွေးမွေးသမျှ၊ မဝနိုင်ပါ။


အဖြေ ။ မှူးမတ်မင်းစိုး၊ လာဘ်ထိုးသူရှာ၊ နှစ်ဘက်စား၊ တရားစီရင်မှာ။

- ခံတွင်း နှစ်ခုရှိသော မြင်းသည် ကျွေးလာသော မုယောစပါး စသည်တို့ကို ခံတွင်းနှစ်ခုဖြင့်ပင် စားသည်ဟု မြင်မက်ပါသည်။

- နောင် တရားမစောင့်သော မင်းတို့လက်ထက်၌ တရားမစောင့်သော တရားသူကြီးတို့သည် နှစ်ဖက်သော အမှုသည်တို့မှ ပေးသော တံစိုးလက်ဆောင်တို့ကို စား၍ အမှုတို့ကို မမှန်မကန် ဆုံးဖြတ်ကြကုန်လတ္တံ့။

5. I saw an extraordinary horse which had two mouths on either side of its head being fed on both sides at once. It was eating greedily.

Dear King, when the world is nearing its end, the rulers that come to power are so irresponsible, they appoint greedy men to the high chair of law. These deceitful judges, blind to the truth and honesty, take bribes from both parties like the voracious horse with two mouths.

0 comments:

Post a Comment