Monday, May 27, 2013

ဝါသနာနဲ့ ဇွဲရှိသူများအတွက် The Model Academy ပြိုင်ပွဲ

ကိုယ့်ကိုယ်ကိုယ် အနုပညာလောကမှာ မဖြစ်နိုင်ဘူး၊ မလှဘူးလို့ ထင်တဲ့သူပဲ ဖြစ်နေပါစေ၊ ၀ါသနာပါရင်၊ ဇွဲရှိမယ်ဆိုရင် သင်ပေးတာကို နာခံယူတတ်သူ၊ အသက် ၁၈ နဲ့ ၂၆ နှစ်အကြား၊ အရပ် အနည်းဆုံး ၅ ပေ ၄ လက်မ ရှိတဲ့သူတွေအတွက် မျှော်လင့်ချက်ပေးနိုင်မယ့် ပြိုင်ပွဲတခု ပြုလုပ်တော့မှာပါ။ The Model Academy ဆိုတဲ့ မြန်မာနိုင်ငံရဲ့ မျက်နှာသစ် မော်ဒယ်လ်ရှာဖွေ မွေးထုတ်မှုပွဲကြီးအတွက် ယှဉ်ပြိုင်နိုင်ဖို့ ဖိတ်ခေါ်နေပါပြီ
မိန်းကလေး တယောက်ရဲ့ အလှအပ ဆိုတာထက် အဲ့ဒီ အလှအပရဲ့ နောက်မှာ ပါလာမယ့် သူ့ရဲ့ အရည်အချင်း၊ ကိုယ်ပိုင် စွမ်းရည် စတာတွေကို အဓိကထား ရွေးချယ် ဖော်ထုတ်သွားမယ်လို့ သိရပြီး တခြားသော မော်ဒယ်လ်ပြိုင်ပွဲတွေမှာ ဆုရထားသူများ နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ထားသူများက လွဲလို့ ကျန်တဲ့ မျက်နှာသစ် မော်ဒယ်လ် မည်သူမဆို ၀င်ရောက် ယှဉ်ပြိုင်နိုင်တယ်လို့ သိရပါတယ်။မစပ်စုသည် ဧရာဝတီ သတင်းဌာန၏ အနုပညာရေးရာ သတင်းထောက်ဖြစ်သည်။ ရုပ်ရှင်၊ ဂီတ၊ စာပေ၊ ပန်းချီလောကမှ မြန်မာ အနုပညာ ရှင်များ၏ ပြည်တွင်း ပြည်ပ လှုပ်ရှားမှုများကို ရေးသားလျက် ရှိသည်။“အခုလက်ရှိ ရွေးထုတ်ပေးနေတဲ့ ပြိုင်ပွဲတွေနဲ့ကတော့ လုံးဝ မတူပါဘူး။ ဒီပွဲမှာက Camp ၀င်ရပါမယ်။ အပြင်လောကနဲ့ လုံးဝ အဆက်အသွယ် မရှိတော့ပါဘူး။ အဲဒီတချက်နဲ့တင်ကို တခြားပြိုင်ပွဲတွေနဲ့ ယှဉ်လို့မရတော့တဲ့အတွက် အားသာချက်တွေ၊ အားနည်းချက်တွေဆိုတာ ပြောလို့မရတော့ပါဘူး။ ဖုန်းတွေအကုန်လုံးသိမ်း၊ အိမ်နဲ့ အပြင်လောကနဲ့ အဆက်အသွယ် လုပ်ချင်ရင် ကြိုးဖုန်းတခုနဲ့ပဲ၊ ကင်မရာ ထောင်ထားတဲ့ ကြိုးဖုန်းကနေ ဗီဒီယို အရိုက်ခံပြီး ဆက်သွယ်လို့ရမှာ ဖြစ်တဲ့အတွက် အခြားအခြားသော Surprise တွေကိုတော့ တီဗီပေါ်မှာပဲ အားပေးကြပါလို့ ပြောချင်ပါတယ်” လို့ The Model Academy ပွဲရဲ့ ဒိုင်အဖြစ် ပါဝင်အကဲဖြတ် ရွေးချယ်ပေးမယ့် မော်ဒယ်လ် သန္တာလှိုင်က ဧရာဝတီကို ပြောပါတယ်။ဒီပြိုင်ပွဲကို Media Kabar က စီစဉ်တက်ဆက်မှာဖြစ်ပြီး အထက်မြန်မာပြည် အောက်မြန်မာပြည် အသီးသီးက လာရောက် လျှောက်ထားကြမယ့် မော်ဒယ်များထဲက ၂၄ ယောက် ရွေးချယ်ကာ အဲဒီထဲကမှ ၁၂ ယောက်ကို သီးသန့် ပြန်လည်ရွေးထုတ်ပြီး Camp သွင်းမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ လှုပ်ရှားမှု၊ ကိုယ်ပိုင်ကျွမ်းကျင်မှု၊ အရည်အချင်း စတာတွေကို ဗီဒီယို မှတ်တမ်းတင်ကာ Channel 7 နဲ့ 4HD စတဲ့ ချယ်နယ်လိုင်းတွေမှာ အပိုင်းလိုက် ပြသသွားမယ်လို့ သိရပါတယ်
ပွဲအခြေအနေနဲ့ ပတ်သက်ပြီး Media Kabar မှ မားကက်တင်း မန်နေဂျာ ကိုမျိုးအောင်က “လျှောက်လွှာတွေ လာတင်ထားတဲ့ သူထဲကမှ ပထမဆုံးအကြိမ် ၂၄ ယောက် ရွေးပါမယ်။ အဲဒီထဲကမှ ၁၂ ယောက်ကို စင်ပေါ်တင်ပါမယ်။ Camp သွင်းပါမယ်။ မော်ဒယ်လ်တွေအနေနဲ့ ဖက်ရှင်ပိုင်းတွေပါမယ်။ သူတို့ရဲ့ ကိုယ်ပိုင်ကျွမ်းကျင်မှု၊ နောက် Trip သွားမယ်။ အဲ့ဒီမှာ ဖိုတို ရှုတင် လုပ်မယ်။ နောက် တယောက်နဲ့တယောက် လူမှုဆက်ဆံရေး ဘယ်လောက် ကောင်းသလဲ ဆိုတဲ့ အရည်အချင်းတွေကို စစ်ပါမယ်။ Episode တခုမှာ ၁၂ ယောက်ထဲကမှ တယောက်ချင်းစီ ဖြုတ်သွားရင်းနဲ့ နောက်ဆုံး ၃ ယောက်ကျန်တဲ့ အထိကို ဖြုတ်သွားမှာပါ။ အဲဒီ ၃ ယောက်ကို Grand final လုပ်ပြီး စင်ပေါ်တင်မယ်။ အဲဒီကမှ ၁ ယောက်ကို ပြန်ဖြုတ်ပြီး ကျန်တဲ့ နှစ်ယောက်ကို ပထမနဲ့ ဒုတိယ ဆုပေးမှာပါ။ ကျနော်တို့က ပြိုင်ပွဲကို ရိုက်ကူးရေး လုပ်ပါမယ်။ ချယ်နယ်ကနေ ပြန်ပြမယ်” လို့ရှင်းပြပါတယ်။The Model Academy ပြိုင်ပွဲရဲ့ ဒိုင်တွေအဖြစ် မော်ဒယ်လ် သန္တာလှိုင်၊ ဓာတ်ပုံ ပီတာ၊ မိုးကုတ်ပေါက်ပေါက်နဲ့ MRTV 4 မှ အစီအစဉ်တင်ဆက်သူ ဇင်အောင်တို့က ပါဝင် အကဲဖြတ်ပေးကြမှာပါ။ဒီပြိုင်ပွဲရဲ့ Camp သွင်းပြီး လေ့ကျင့်သင်ကြားပေးခြင်း ခံရမယ့် မော်ဒယ်လ် ၁၂ ယောက်ကို ဒိုင်ဖြစ်သူ မော်ဒယ်လ် သန္တာလှိုင်က အဓိက လေ့ကျင့် သင်ကြားပေးသွားမှာ ဖြစ်ပြီး ဘာတွေ သင်ကြားပေးမလဲဆိုတာ မေးမြန်းကြည့်တော့ “Camp သွင်းထားတဲ့ အချိန်မှာလည်း တီဗီက တောက်လျှောက် ရိုက်နေမှာပါ။ အချင်းချင်း စကားပြောတာ၊ စားတာသောက်တာ၊ နေရာလုတာ အိမ်တွင်းရေးမှာ ဖြစ်ပျက်နေကြတဲ့ ပြဿနာမျိုးစုံပေါ့။ မိန်းကလေး အရွယ်တူ ၁၂ ယောက်ကို အိမ်မှာ ပိတ်ထားလိုက်ရင် ဘယ်လောက် Drama များမလဲဆိုတာ စဉ်းစားကြည့်လို့ ရနေပြီ။ ကျမတို့ သင်ပေးသွားမှာကတော့ ကမ္ဘာမှာ မော်ဒယ်လ် တယောက် သိထားသိသင့်တဲ့ လက်ကိုင်စာအုပ်ဆိုပြီး ဘယ် University ကမှ မသင်သေးပါဘူး၊ ကျမရှာကြည့်ပြီးပါပြီ။ အဲဒီတော့ ကျမ ရှာဖွေထားသမျှ၊ အတွေ့အကြုံအရ စုစည်းထားတဲ့ အတတ်ပညာတွေ အကုန်လုံးပေါင်းပြီးတော့ ပြုစုထားတဲ့ ဖတ်စာအုပ် လို့ပဲ ပြောရမှာပေါ့နော်၊ အဲဒါနဲ့ သင်သွားမှာပါ” လို့ သန္တာလှိုင်က ဆိုပါတယ်။ဒီထဲမှာ စင်ပေါ်မှာ လမ်းလျှောက်နည်း၊ Post ပေးနည်းတွေ၊ Camera Lighting နဲ့ ပတ်သက်တာတွေ၊ Modelling ကို အသက်မွေးဝမ်းကြောင်း အနေနဲ့ လုပ်သွားမယ်ဆိုရင် သိထား သိသင့် တတ်အပ်တဲ့ လူမှုရေးနဲ့ စီးပွားရေးကဏ္ဍတွေ၊ လူမှုဆက်ဆံပုံ၊ Marketing (ကိုယ့်ကိုယ်ကို Marketing လုပ်တတ်အောင်)၊ Promotion လုပ်တတ်အောင်၊ ဘာက အရေးကြီးလဲ၊ ဘယ်လိုင်းကိုသွားချင်တာလဲ၊ Photo Modelling လား၊ Catwalk လား၊ Promotion လား၊ ရုပ်ရှင်ပိုင်းလား စတဲ့ ကိုယ်ဘာလုပ်ချင်လဲ ဆိုတာတွေကို ခွဲခြားသိတတ်အောင် လေ့ကျင့် သင်ကြားပေးသွားမှာ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။ဒီပြိုင်ပွဲရဲ့ ပထမဆုကို ကျပ်သိန်း ၂၀၊ ဒုတိယဆုကို ၁၀ သိန်း သတ်မှတ်ထားပြီး ဆုရမော်ဒယ်လ်တွေကို Media Kabar က ထုတ်လုပ် တင်ဆက်သွားမယ့် ရုပ်ရှင်များ၊ TV စီးရီးများ၊ ကြော်ငြာကဏ္ဍများ၊ အခြားသောအစီအစဉ် ကဏ္ဍတွေမှာ မူပိုင်အဖြစ် အသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ပြိုင်ပွဲလျှောက်လွှာတွေကို အောက်မြန်မာပြည်အနေနဲ့ Media Kabar ရုံးခန်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှာ အခမဲ့ ထုတ်ယူနိုင်ပြီး အထက်မြန်မာပြည်အနေနဲ့ Mandalay FM မှာ အခမဲ့ ထုတ်ယူနိုင်တယ်လို့ သိရပါတယ်။လျှောက်လွှာများကို ၂၀၁၃ ခုနှစ် မေလ ၂၀ ရက်နေ့မှာ စတင်ထုတ်ပေးနေတာ ဖြစ်ပြီး ၂၀၁၃ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ နောက်ဆုံးထားပြီး ပြန်လည်ပေးပို့ရမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

နိုင်ငံကူးလက်မှတ် လျှောက်ထားမှု အဆင့်များ ဖြေလျှော့ပြီးနောက်ပိုင်း လျှောက်ထားသူ များပြား

နိုင်ငံကူးလက်မှတ် လျှောက်ထားမှု အဆင့်များအား ဖြေလျှော့ပေးပြီး နောက်ပိုင်းတွင် နေ့စဉ်နိုင်ငံကူးလက်မှတ် လျှောက် ထားသူ များပြားလာကြောင်း မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ သိရသည်။နိုင်ငံကူးလက်မှတ် လျှောက်ထားမှုများကို မတ် ၁၉ ရက်မှ စတင်ဖြေလျှော့ပေးခဲ့ပြီး ယခုအချိန်တွင် တစ်နေ့လျှင် လာရောက် လျှောက်ထားသူ ပျမ်းမျှလူဦးရေ ၂၈၄ ယောက်ခန့် တိုးပွားလာသည်ဟု သိရသည်။"နိုင်ငံကူးလက်မှတ်ကို မတ် ၁၉ ရက်ကစတင်ပြီးဖြေလျှော့ပေးလိုက်တယ်။ညာရေးကင်းရှင်းကြောင်း ထောက်ခံချက် မလိုတော့ဘူးဆိုတော့ လျှောက်တဲ့သူတွေက အရင်ကလို အလျော်ပေးရတာတွေ မရှိတဲ့အတွက် ပိုပြီးတော့ လျှောက်ထားကြတယ်။ အခုဆိုရင် တစ်နေ့ကို ၁၂၀၀ လျှောက်ကြတယ်။ အရင်ကဆို တစ်ထောင်ဝန်းကျင်လောက်သာ လာလျှောက်တာ။ အခုဆိုရင် တစ်နေ့ကို ပျမ်းမျှ ၂၈၄ ယောက်ခန့် တိုးလာတယ်" ဟု မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ယခုကဲ့သို့ ဖြေလျှော့မှုများ လုပ်ပြီးနောက်ပိုင်းတွင် နိုင်ငံကူးလက်မှတ် ရရှိရန် ၁၀ ရက်ခန့်သာ ကြာရှိပြီး၊ ကျန်းမာရေး၊ ပညာရေးကဲ့သို့ အရေးပေါ် လိုအပ်သူများအတွက် ငါးရက်နှင့် အမြန်ပြုလုပ်နိုင်ကြောင်း ၎င်းက ဆိုသည်။ မြန်မာနိုင်ငံတွင် နိုင်ငံကူးလက်မှတ် လျှောက်ထားသူ အများစုမှာ ထိုင်း၊ မလေးရှား၊ စင်ကာပူနိုင်ငံများကို အဓိကထားပြီး လျှောက်ထား ကြောင်း သိရသည်။နိုင်ငံကူးလက်မှတ် လျှောက်ထားရာ၌ ပညာရေး ထောက်ခံချက် ငွေကြေးအလျော်ပေးရမှုများတွင် ၀ိဇ္ဇာသိပ္ပံဘွဲ့များအတွက် ကျပ် ၁၀၀၀၀ ၀န်းကျင်၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဘွဲ့များအတွက် ၁၂၀၀၀ ကျပ်၊ ဆေးပညာဆိုင်ရာ ဘွဲ့များ အတွက် ကျပ်ဆယ်သိန်းအထိဖြစ်ပြီး ယခုအခါ ထိုသို့ပေးဆောင်ရန် မလိုအပ်တော့ကြောင်း သိရသည်။ပြည်ပသို့ ထွက်ခွာသူများအားလုံး (အခွန်ကြွေးကျန် ရှိသူများမှအပ) အနေဖြင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၏ အခွန်ကင်းရှင်းကြောင်း ပုံစံ (ဂ) ပထခ(၀င)-၁၂(ပုံစံ-၁၉) ထောက်ခံချက်နှင့် ပြည်ပသို့ ထွက်ခွာမည့်သူများသည် ပြည်ပထွက်ခွာခွင့် ပုံစံ (ဃ)တို့ကို မတ် ၁၅ ရက်မှ စတင်၍ ဖြည့်စွက်လျှောက်ထား တောင်းခံရန် မလိုတော့ကြောင်းလည်း သိရသည်။

မိတ်ဆွေများအားလုံး မင်္ဂလာနံနက်ခင်းလေးပါ

မင်္ဂလာရှိသောနံနက်ခင်းအချိန်အခါလေးတွင် မဟာမြတ်မုနိရုပ်ရုင်

တော်မြတ်ကြီး၏ ပုံတော်ကို ရိုခိုးကန်တော့ရင်း----

မိတ်ဆွေများအားလုံး မင်္ဂလာနံနက်ခင်းမှသည် မင်္ဂလာရှိသော နေ့သစ်တ

လျောက်လုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့်ပြည့်စုံကာ

ဘေးဘယာဝေးကွာပြီး ဘ၀နှင့်ဆန္ဒတထပ်တည်း ကျနိုင်ကြပါစေကြောင်း

မင်္ဂလာနံနက်ခင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

Friday, May 17, 2013

မောင်းသူမဲ့ နည်းပညာကို အသုံးပြု ထားပြီး ခရီးဝေး ပျံသန်းနိုင်သည့် အပြင် ပျံသန်းမှုတွင် သမိုင်း တွင်စေမည့် တိုက်လေယာဉ် အရွယ်အစားရှိ လင်းနို့ပုံစံ မောင်းသူမဲ့ လေယာဉ် တစ်စင်းကို အမေရိကန် ရေတပ်က မေ ၁၄ ရက်တွင် ပထမဆုံး အကြိမ်အဖြစ် စမ်းသပ် ပျံသန်းခဲ့ကြောင်း ကာကွယ်ရေး ဆိုင်ရာ ကျွမ်းကျင် ပညာရှင် များက ပြောကြားခဲ့သည်။ X-47 B အမည်ရှိ အဆိုပါ မောင်းသူမဲ့ လေယာဉ်သည် ပဲ့ထိန်း ဗုံးနှစ်လုံးနှင့် ပမာဏ တူညီသော လက်နက်ခဲယမ်း များကို သယ်ဆောင်နိုင်ပြီး တစ်ကြိမ် ပျံသန်းလျှင် ရေမိုင် ၂၀၀၀ အထိ ပျံသန်းနိုင်သည်။ အဆိုပါ မောင်းသူမဲ့ လေယာဉ်ကို အတ္တလန်္တိတ် သမုဒ္ဒရာ အတွင်းရှိ USS George H.W. Bush သင်္ဘောပေါ်မှ ပျံသန်းခဲ့ခြင်း ဖြစ်သည်။ X-47 B မောင်းသူမဲ့ လေယာဉ်သည် ကိုယ်ပျောက်နိုင်စွမ်း ရှိပြီး F-35 အမျိုးအစား တိုက်လေယာဉ်များ ပျံသန်းနိုင်သည့် အကွာအဝေးထက် နှစ်ဆနီးပါး ပျံသန်းနိုင်စွမ်း ရှိသည်။ ထို့ပြင် တရုတ်နှင့် အီရန် နိုင်ငံကဲ့သို့ အင်အားကြီး ပြိုင်ဘက် နိုင်ငံများက ထုတ်လုပ်ထားသော တာလတ်ပစ် သင်္ဘောဖျက် ဒုံး၏ ခြိမ်းခြောက်မှု အန္တရာယ်ကို တုံ့ပြန်နိုင်မည့် အလားအလာ ရှိကြောင်း ကျွမ်းကျင်သူ များက ပြောကြားခဲ့သည်။ အဆိုပါ လေယာဉ်သည် တာဝေးအထိ ပစ်ခတ် တိုက်ခိုက်နိုင်စွမ်း ရှိသည့်အပြင် ကင်းလှည့် ထောက်လှမ်းခြင်းများ ကိုလည်း လုပ်ဆောင်နိုင်စွမ်း ရှိသည်ဟု သိရသည်။ မောင်းသူမဲ့ နည်းပညာကို အသုံးပြု ထားပြီး ခရီးဝေး ပျံသန်းနိုင်သည့် အပြင် ပျံသန်းမှုတွင် သမိုင်း တွင်စေမည့် တိုက်လေယာဉ် အရွယ်အစားရှိ လင်းနို့ပုံစံ မောင်းသူမဲ့ လေယာဉ် တစ်စင်းကို အမေရိကန် ရေတပ်က မေ ၁၄ ရက်တွင် ပထမဆုံး အကြိမ်အဖြစ် စမ်းသပ် ပျံသန်းခဲ့ကြောင်း ကာကွယ်ရေး ဆိုင်ရာ ကျွမ်းကျင် ပညာရှင် များက ပြောကြားခဲ့သည်။ X-47 B အမည်ရှိ အဆိုပါ မောင်းသူမဲ့ လေယာဉ်သည် ပဲ့ထိန်း ဗုံးနှစ်လုံးနှင့် ပမာဏ တူညီသော လက်နက်ခဲယမ်း များကို သယ်ဆောင်နိုင်ပြီး တစ်ကြိမ် ပျံသန်းလျှင် ရေမိုင် ၂၀၀၀ အထိ ပျံသန်းနိုင်သည်။ အဆိုပါ မောင်းသူမဲ့ လေယာဉ်ကို အတ္တလန်္တိတ် သမုဒ္ဒရာ အတွင်းရှိ USS George H.W. Bush သင်္ဘောပေါ်မှ ပျံသန်းခဲ့ခြင်း ဖြစ်သည်။ X-47 B မောင်းသူမဲ့ လေယာဉ်သည် ကိုယ်ပျောက်နိုင်စွမ်း ရှိပြီး F-35 အမျိုးအစား တိုက်လေယာဉ်များ ပျံသန်းနိုင်သည့် အကွာအဝေးထက် နှစ်ဆနီးပါး ပျံသန်းနိုင်စွမ်း ရှိသည်။ ထို့ပြင် တရုတ်နှင့် အီရန် နိုင်ငံကဲ့သို့ အင်အားကြီး ပြိုင်ဘက် နိုင်ငံများက ထုတ်လုပ်ထားသော တာလတ်ပစ် သင်္ဘောဖျက် ဒုံး၏ ခြိမ်းခြောက်မှု အန္တရာယ်ကို တုံ့ပြန်နိုင်မည့် အလားအလာ ရှိကြောင်း ကျွမ်းကျင်သူ များက ပြောကြားခဲ့သည်။ အဆိုပါ လေယာဉ်သည် တာဝေးအထိ ပစ်ခတ် တိုက်ခိုက်နိုင်စွမ်း ရှိသည့်အပြင် ကင်းလှည့် ထောက်လှမ်းခြင်းများ ကိုလည်း လုပ်ဆောင်နိုင်စွမ်း ရှိသည်ဟု သိရသည်။
မောင်းသူမဲ့ နည်းပညာကို အသုံးပြု ထားပြီး ခရီးဝေး ပျံသန်းနိုင်သည့် (7 photos)

စမတ်ဖုန်းနှင့် တွဲဖက် အသုံးပြုနိုင်ပြီး စာပေးပို့ရာတွင် အနံ့များ ထည့်သွင်းပေးပို့ နိုင်သော Scentee ကိရိယာ

စမတ်ဖုန်းနှင့် တွဲဖက် အသုံးပြုနိုင်ပြီး မိတ်ဆွေများထံသို့ စာရေးသား ပေးပို့ရာတွင် အနံ့များ ထည့်သွင်း အသုံးပြုနိုင်သော ကမ္ဘာ့ ပထမဆုံး Scentee ကိရိယာကို ဂျပန် ကုမ္ပဏီတစ်ခု ဖြစ်သည့် Chat- Perf ကုမ္ပဏီက ပွဲဦးထွက်ထုတ် ဖော်ပြသခဲ့ကြောင်း သိရသည်။

အသုံးပြုသူများ အနေဖြင့် ရုပ်ရှင် ကြည့်ခြင်း သို့မဟုတ် ဂိမ်းကစားခြင်း များကိုပြုလုပ်စဉ် သေနတ်ပစ်ဂိမ်း ကစားသည့်အခါ ယမ်းနံ့ကဲ့သို့သော အနံ့များကို ထုတ်လုပ်ပေးနိုင်ကြောင်း အဆိုပါ ကုမ္ပဏီက ပြောကြားသည်။

အလားတူ လူမှုရေး ကွန်ရက်မှ တစ်ဆင့် မိတ်ဆွေ သူငယ်ချင်းများ ထံသို့ စာပေးပို့ရာတွင် အနံ့များကို ထည့်သွင်း၍ အသုံးပြုနိုင်သည့် အပြင် e-mail ရောက်ရှိသည့် အခါတွင်လည်း အချက်ပေးသည့် အသံစနစ် အတွင်းသို့ အနံ့များ ထည့်သွင်းရာတွင်လည်း အသုံးပြုနိုင် ကြောင်း ကုမ္ပဏီမန်နေဂျာ အာကီရာ မာဂျီက ပြောကြားသည်။

Scentee ကိရိယာသည် ဂိမ်းများကို ကစားရာတွင် အသုံးပြုနိုင်ပြီး Candy Crush Saga ကဲ့သို့သော ဂိမ်းများကစား ရာတွင်လည်း ချိုမြသော အနံ့များ ထုတ်လွှင့်နိုင်ကြောင်း ၎င်းက ပြောကြားသည်။

ယင်းကိရိယာကို Apple ကုမ္ပဏီထုတ် iPhone များတွင် တပ်ဆင်အသုံး ပြုနိုင်ပြီး ယင်းဖုန်းများတွင် အသုံးပြုရန် အတွက် Android စနစ်သုံး Scentee ကိရိယာကို စက်တင်ဘာလတွင် ထုတ်လုပ် ဖြန့်ချိနိုင် မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

မြဝတီ

မိန်းကလေးတွေဟာ

အိမ်ထောင်ဖက်ရွေးချယ်တဲ့ အခါမှာ..ပိုက်ဆံချမ်းသာတဲ့  ယောကျာ်းမျိုးကို များသောအားဖြင့် မကြိုက်ကြပါဘူး..။
1။မိန်းကလေးတွေတော်တော်များများကြိုက်တာ..အပြောချိုသာတဲ့ ယောကျာ်းမျိုးကိုကြိုက်တယ်။

2။စိတ်ကောက်ရင် အလိုသိချော့တတ်တဲ့  ယောကျာ်းမျိုးကြိုက်တယ်။

3။သစ္စာရှိပြီး..ခွင့်လွှတ်နားလည်တတ်တဲ့ ယောကျာ်းမျိုးကိုကြိုက်တယ်။

4။မိန်းမအလုပ် ယောကျာ်းအလုပ်မခွဲခြားပဲ..အားရင် အကုန်လုပ်တဲ့  မတွတ်ကပ်တတ်တဲ့ ယောကျာ်းမျိုးကိုကြိုက်တယ်။

5။ချစ်ခင်ကြင်နာသနားယုယကြင်နာတတ်တဲ့ ကိုယ်ချင်းစာစိတ်ရှိတဲ့ ယောကျာ်းမျိုးကိုကြိုက်တယ်။

6။သူတို့ ကိုချစ်ပြီး..သူတို့ ရဲ့  မိဘဆွေမျိုးအသိုင်းအ၀ိုင်းတွေနဲ့ လည်းခင်မင်ရင်းနှီးအောင် အတတ်နိုင်ဆုံး ကြိုးစားနေထိုင်ပေးတတ်တဲ့  ယောကျာ်းမျိုးကိုကြိုက်တယ်။

7။လျှို့ ဝှက်ချက်မရှိပင် အကောင်းအဆိုး သူတို့ နဲ့ အတူ အေးအတူ ပူအမျှ မျှဝေခံစားတတ်တဲ့ ယောကျာ်းမျိုးကိုကြိုက်တယ်။
8။လက်ကြောတင်းပြီး မပျင်းရိတဲ့ ယောကျာ်းမျိုးကိုကြိုက်တယ်။

9။ဆင်ခြေနည်းတဲ့  ယောကျာ်းမျိုးကိုကြိုက်တယ်။

10။မိသားစုနဲ့ သားသမီးတွေရဲ့  အနာဂတ်လာပရေးအတွက် အိမ်ထောင်ရှင်ကောင်းပီသတဲ့  ယောကျာ်းမျိုးကိုကြိုက်တယ်။

11။ပွစိ ပွစိ တစ်ချိန်လုံးမပြောတတ်ပဲ..၁၀ခွန်းတစ်ခွန်းပြောဆိုတတ်တဲ့  ယောကျာ်းမျိုးကိုကြိုက်တယ်။

12။အလိုလိုက်သင့်တဲ့ နေရာမှာ..အလိုက်တသိ အလိုလိုက်တတ်တဲ့  ယောကျာ်းမျိုးကိုကြိုက်တယ်။

13။မွေးနေ့ ..လက်ထပ်သောနေ့ ..ချစ်သူများနေ့ ..မမေ့ တတ်တဲ့ ယောကျာ်းမျိုးကိုကြိုက်တယ်။

14။ဦးစားပေးတတ်တဲ့ ယောကျာ်းမျိုးကိုကြိုက်တယ်။
15။တကိုယ်ကောင်းမဆန်ပဲ..အနစ်နာခံသင့်တဲ့ နေရာမှာ အနစ်နာခံတတ်တဲ့ ယောကျာ်းမျိုးကို ကြိုက်တယ်။

16။စည်းကမ်းရှိတဲ့  ယောကျာ်းမျိုးကိုကြိုက်တယ်။

17။ ကုန်သင့်တဲ့ နေရာမှာ အကုန်ခံတတ်တဲ့ ယောကျာ်းမျိုးကိုကြိုက်တယ်။

18။မတွန့် တိုပဲ ပေးကမ်းစွန့်ကြဲတဲ့  စိတ်ဓာတ်မျိုးရှိတဲ့  ယောကျာ်းမျိုးကို ကြိုက်တယ်။

19။ယဉ်ကျေးသိမ်မွေ့ တဲ့  ယောကျာ်းမျိုးကို ကြိုက်တယ်။

20။ပညာတတ်ပြီး မမောက်မာတဲ့ ယောကျာ်းမျိုးကိုကြိုက်တယ်။

21။ပညာမတတ်ရင်တောင် အသိဥာဏ်ရှိတဲ့ ယောကျာ်းမျိုးကိုကြိုက်တယ်။
22။ဒေါသကို ရှေ့ တန်းမတင်တဲ့ ယောကျာ်မျိုးကိုကြိုက်တယ်။

23။ကိုယ့်ကိုယ်ကို နှိမ်ချသင့်တဲ့ နေရာမှာ နှိမ်ချတတ်တဲ့  ယောကျာ်းမျိုးကိုကြိုက်တယ်။

24။ဇနီးနဲ့ သားသမီးတွေအတွက် ဖခင်ကောင်းဖြစ် ဖို့  ကြိုးစားပြီး နေထိုင်တတ်တဲ့  ယောကျာ်းမျိုးကိုကြိုက်တယ်။

25။သူတို့ အရင်သေရင်တောင် နောက်အိမ်ထောင်မပြုပဲ သားသမီးတွေနဲ့ အတူ နေထိုင်ပြီး သေမယ့် ယောကျာ်းမျိုးကို ကြိုက်တယ်။

မှတ်ချက်။ ။အဓိကပြောချင်တာကတော့ မိန်းမတွေအိမ်ထောင်ဘက်ရွေးချယ်တဲ့ အခါမှာငွေကြေးဥစ္စာချမ်းသာတာကို ကြည့်ပြီးရွေးချယ်တာမဟုတ်ဘူးဆိုတာပါပဲ။း)

ပိုးပိုး ယု

KISS ME QUICK ပန်းအကြောင်းပါ ....

KISS ME QUICK ပန်းအကြောင်းပါ ....

"အနမ်းကိုဖိတ်ခေါ်သော ဆူးပန်း"

ရုတ်တရက်ကြည့်လိုက်လျှင် အရောင်အဆင်းကင်းမဲ့ကာ သစ်ကိုင်းခြောက်နေရာအနှံ့ဆူးအပြည့်၊ ပင်စည်၏နေရာမလပ်၊
ချွန်ထက်သောဆူးများနှင့်အပေါ်ပိုင်းအဖျားလေးတွင်ရှိနေသော အရွက်စိမ်းများသာမရှိပါက အပင်ရှင်သန်နေသည်ဟု
မှတ်ထင်စရာမရှိ။ အသည်းနှလုံးပုံ ပွင့်ဖက် (၂) ခုတွင်ချဉ်းကပ်လျက်အလယ်မှဝတ်ဆံပိုင်းလျက် ထူးခြားသောဂမ္ဘီရပန်းများ
ဖုံးလွှမ်းလျက် လူသားကိုဆွဲဆောင်နိုင်ပေသည်။ KISS ME QUICK လာနမ်းလှည့်ပါ။ ပိုင်ဆိုင်ထားသောအမည်ကလဲ
ထူးဆန်းပါပေ့။ ထိုပန်းသည်အချစ်နှင့်ပတ်သက်သောပန်းဟု ဆိုရိုးရှိပေသည်။

လွန်ခဲ့သောအနှစ် ၁၇၀၀ ကျော်အတိတ် ခရစ်ခုနှစ် အေဒီ(၃) ရာစုခန့်ရောမနိုင်ငံတွင် ကလောဒီယပ်စ်(Caludius)ဟူဟော
ဘုရင်ရှိခဲ့သည်။ စစ်ဘုရင်တစ်ပါးဖြစ်သည်။ အရွယ်ရောက်သော ကိုယ်လက်အင်္ဂါစုံလင်သည့် အမျိုးသားမှန်သမျှ စစ်ထွက်
သောအခါလိုက်ပါရမည်ဟုဆိုသောအမိန့်ကိုထုတ်ပြန်ခဲ့သည်။ ထိုသို့သောအခါ ချစ်သူရှိသောလူပျိုများ၊ အိမ်ထောင်သည်များ
ချစ်သူ၊ အိမ်ထောင်ဖက်ကိုမခွဲမခွာချင်ပဲ ခွဲခွာရသောကြောင့် စစ်ထွက်သောအခါရှောင်တိမ်းပုန်းရှောင်ကြသည်။ မတတ်သာ
စစ်ထွက်တိုက်ပွဲဝင်ချိန်များတွင်လည်း တလွမ်းလွမ်း တသသနှင့်တတ်ကြွနေရမည့်အစား ပူဆွေးလွမ်းမောရ် နေကြရ
သောကြောင့် တိုက်ရည် ခိုက်ရည်ကျဆင်းလာပြီး .. အရှုံးနှင့်တွေ့လေတော့သည်။ ထိုအခါ စစ်ဘုရင် ကလောဒီယပ်က
စစ်မြေပြင်မှာ ရောမသားတို့ အချစ်အကြောင်းမပြောရ၊ အချစ်သီချင်း၊ အလွမ်းသီချင်းမစပ်ရ၊ မဆိုရ၊ လက်ထပ်ခြင်းပင်လျှင်
လုံးဝမရှိရဟုအမိန့်ထုတ်ပြန်သည်။ အချစ်အကြောင်းပြောမိသူကို ကွပ်မျက်ခြင်းဖြင့်ပင် ပြင်းထန်စွာအရေးယူခဲ့သည်။

ထိုအခါ အချစ် သူသောစိတ်ခံစားမှုကိုတန်ဖိုးထားသူလူသားများအတွက် ကြင်နာစွာကိုယ်ချင်းစာထောက်ထားစာနာသော
ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးပေါ်ထွက်လာခဲ့သည်။ ဗာလင်တိုင်း(valentine) ပင်ဖြစ်ပေသည်။ ဘုန်းတော်ကြီးသည်
စစ်ဘုရင်၏အမိန့်ကိုမနာခံပဲ ချစ်သူတို့အားလျှို့ဝှက်စွာ လပ်ထပ်မင်္ဂလာပြုလုပ်ပေးခဲ့သည်။ ချစ်သူများ၏ သူရဲကောင်းကြီး
အကြောင်းကို စစ်ဘုရင်ကသိသောအခါမှာတော့ ဘုန်းတော်ကြီး ဗာလင်တိုင်းကိုဖမ်းဆီးချုပ်နှောင်ထားခဲ့သည်။ ထို့နောက်
ခုရစ်နှစ် ၂၆၉ ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင်တော့ ဘုန်းတော်ကြီး၏ခေါင်းမာမှုကြောင့် ကွက်မျက်ခဲ့သည်။ ကွပ်မျက်ရာတွင်
လည်း ကန္တာရအလယ် ဆူးတောကြီးထဲမှာ တစ်စဆီကိုဖြတ်တောက်ခုတ်ထစ်ပြီး သတ်ဖြတ်ခဲ့လိုက်သည်။ နောက်တစ်နေ့တွင်
ကား ထူးခြားစွာပင် ဘုန်းတော်ကြီး၏သွေးများစွန်းထင်းခဲ့သော ဆူးခက်များမှ အရွက်များထွက်လာကြပြီး အနီရောင်အသည်း
နှလုံးပုံပွင့်ဖက်နှစ်ခု ရင်ချင်းကပ်လျှက် အလယ်တွင် ချစ်သူနှစ်ဦးအားလပ်ထပ်မင်္ဂလာဆောင်ကျဉ်းပေးနေသော ဘုန်းတော်ကြီး
သဖွယ် ၀တ်ဆံပုံ ပန်းပွင့်လေးများပွင့်လန်းနေခဲ့ပေသည်။

ထိုသို့သောအခါတွင်မှ စစ်ဘုရင် ကလောဒီယပ်စ် သည်နောင်တစိတ်များရကာ၊ အသိစိတ်ဝင်ကာသူတော်စင်အား
သတ်ဖြတ်မိလေခြင်းဟု တွေးတောမိကာ နိုင်ငံတ၀န်းလုံးတွင် ချစ်သူများအားလွတ်လပ်စွာလပ်ထပ်ခွင့်ကိုပြန်လည်ခွင့်ပြုခဲ့
သည်။

ချစ်သူများအတွက် လွတ်လပ်စွာ လပ်ထပ်ပျော်ရွှင်စွာနေထိုင်နိုင်ရေးအတွက် အသက်စွန့်ပေးဆပ်ကာတိုက်ပွဲဝင်
အောင်နိုင်ခဲ့သော ဘုန်းတော်ကြီး စိန့်ဗလင်တိုင်း အားဂုဏ်ပြုသောအားဖြင့် ဖေဖော်ဝါရီလ (၁၄) ရက်နေ့ကိုဗယ်လင်တိုင်းနေ့
ဟုအသိအမှတ်ပြုခဲ့သလို၊ ဘုန်းတော်ကြီး၏သွေးများဖြင့်ပွင့်လန်းခဲ့သော ပန်းများကိုလည်း KISS ME QUICK ဟုခေါ်တွင်
စေခဲ့သည် ............

နေအိမ်များတွင် ၀ရန်တာတွင်ဖြစ်စေ၊ ပန်းခြံတွင်ဖြစ်စေ မြေအိုးတစ်လုံးအတွင်း KISS ME QUICK အပင်စိုက်ပျိုးပြီး ........
မြေအိုးကို ထုံးနှင့်ဖြစ်စေ၊ ဆေးအဖြေူရောင်နှင့်ဖြစ်စေသုတ်လိမ်းထားရှိပါက အိမ်တွင်ရှိကြသူမိသားစုတစ်စုလုံး ..............
တစ်ဦးနှင့်တစ်ဦးအလွန်ချစ်ခင်ကြပြီး သံယောဇဉ်ကြီးမားကြပေလိမ့်မည်။

ပျိုရွယ်သူများအဖို့ အချစ်ပန်းပွင့်အား ရေမွှေးဖြန်း လူနှင့်အတူယူဆောင်ကာ ချစ်ရေးဆို၊ အဖြေတောင်းခြင်းများ၊ ..............
လက်ထပ်ခွင့်တောင်းခြင်းများပြုလုပ်ပါက၊ ဖူးစာမှန်နှင့်တွေ့ဆုံရကာ ၀မ်းမြောက်ရပေလိမ့်မည်။

ချစ်သူများအဖို့မူ တစ်ဦးနှင့်တစ်ဦး တစ်ပင်စီစိုက်ပျိုးလျှက် အပင်လဲခြင်းပြုလုပ်ခြင်းဖြင့် တယုတယဖြင့်စိုက်ပျိုးထားရှိခြင်းဖြင့်..
အချစ်မြဲမြံခြင်း၊ အဆင်ပြေခြင်းများကိုဖြစ်စေသည်။

ငွေကြေးနှင့်ချစ်ခင်မြဲမြံ ငွေဝင်လိုသူများအတွက်မူ ပန်းပင်ကိုရေလောင်းသောအခါ ရေတွင်နွားနို့နှင့်ပျားရည်စက်အနည်းငယ်
ထည့်လောင်းပေးပါက ငွေကြေးဝင်၊ ငွေမြဲမည်ဟုအဆိုရှိသည်။

ချစ်သူရည်စားနှင့်ကွဲနေသူများ၊ ချစ်သူ၏စွန့်ပစ်ခြင်းကိုခံရသူများအတွက်မူ ရင့်ရော်ညှိုးနွမ်းသွားသော ပန်းပွင့်၏ အလယ်မှ
ဝတ်ဆံကိုရယူ ဦးခေါင်းအောင်တွင်ထား အိပ်စက်ပါက ချစ်သူနှင့်မိမိကြားထားခြားသောပြန်လည်ဆက်သွယ်အဆင်ပြေခြင်း
များဖြစ်ပေါ်လာပေလိမ့်မည် ဟုအဆိုရှိပြန်သည်။

"အနမ်းကိုဖိတ်ခေါ်သော ဆူးပန်း"

ရုတ်တရက်ကြည့်လိုက်လျှင် အရောင်အဆင်းကင်းမဲ့ကာ သစ်ကိုင်းခြောက်နေရာအနှံ့ဆူးအပြည့်၊ ပင်စည်၏နေရာမလပ်

မြန်မာမှာရင်းနှီးမြုပ်နှံဖို့ စောသေးလို့ဆို

Friday, 17 May 2013

မြန်မာနိုင်ငံဟာ သဘာဝရင်းမြစ်ကြွယ်ဝသောနိုင်ငံပေါင်း ၅၈ နိုင်ငံထဲက အရင်းအမြစ် စီမံခန့်ခွဲမှုအဆင့်အနှိမ့်ဆုံးထဲမှာရှိတဲ့အတွက် မြန်မာနိုင်ငံ
ထဲကို ရင်းနှီးမြုပ်နှံမှုလုပ်ဖို့ စောသေးတယ်လို့ ရွှေဂက်စ် လှုပ်ရှားမှုအဖွဲ့က
ပြောပါတယ်။

မနေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ “အရင်းအမြစ် စီမံခန့်ခွဲမှု အနှိမ့်ဆုံး အဆင့်ရှိနေတဲ့ မြန်မာနိုင်ငံ သယံဇာတ အခွန်ဘဏ္ဍာစောင့်ကြည့်ရေးအဖွဲ့” ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာနိုင်ငံရဲ့ သဘာဝသယံဇာတ တွေကို စောင့်ကြည့်
လေ့လာနေတဲ့ ရွှေဂက်စ်လှုပ်ရှားမှုအဖွဲ့က ကျင်းပပြုလုပ်တဲ့ သတင်းစာ
ရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။

အခုလို ရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်ဖို့ စောနေသေးတယ်လို့ ပြောရခြင်း
ဟာ မြန်မာနိုင်ငံမှာ ကြီးမားများပြားတဲ့ ငွေကြေးတွေကို ပွင့်လင်းမြင်
သာစွာနဲ့ ရေရှည်တည်တံ့ခိုင်မြဲမှုကို ဦးတည်တဲ့ စီမံခန့်ခွဲနိုင်မှု မရှိသေးတဲ့ကာလ အတွက်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးတော့ အခုအချိန် ရင်းနှီးမြုပ်နှံမှုတွေဟာ ဒေသခံရွာသူ ရွာသားတွေနဲ့ နိုင်ငံသား
တွေအပေါ် အကျိုးအမြတ် မရှိသေးတာဖြစ်တဲ့အကြောင်း ရွှေဂတ်စ်
လှုပ်ရှားမှုအဖွဲ့က ဒါရိုက်တာ ဦးဝင်းအောင် က ပြောဆိုပါတယ်။

“ရင်းနှီးမြုပ်နှံမှုတွေ သယံဇာတက ရရှိတဲ့အကျိုးအမြတ်တွေက ကျနော်
တို့ ဒီဒေသခံတွေအပေါ်မှာ ထိထိရောက်ရောက် အကျိုးအမြတ် ဖြစ်ထွန်း
တာမျိုးတွေ မရှိခဲ့ရဘူး။ ဒေသခံတွေ နိုင်ငံသားတွေ အကျိုးခံစားပိုင်ခွင့်တွေ ရရှိဖို့အတွက်လည်း ကျနော်တို့အနေနဲ့ အကောင်အထည် ဖော်ဖို့ လိုအပ်
ပါတယ်။ လက်ရှိ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ စီမံကိန်းတွေမှာဖြစ်နေတဲ့
ပြသနာတွေဖြစ်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ သဘာဝ ပတ်ဝန်းကျင်
ပျက်စီးမှုတွေ သတင်းအချက်အလက်တွေ ထုတ်ပြန်မှုမရှိတဲ့ အပိုင်းတွေ၊ အစိုးရ ဌာနတွေမှာ သတ်သတ်မှတ်မှတ် ပေါ်လစီတွေက မူဝါဒတွေက အလုပ်မလုပ်တဲ့ဟာတွေ အကောင်အထည်ဖော်မှု အားနည်းနေတဲ့ အပိုင်းတွေက ကြည့်ခြင်းအားဖြင့် ရင်းနှီးမြုပ်နှံမှုတွေက နိုင်ငံသားတွေ
အပေါ်မှာ တစ်စုံတစ်ခုထိ အကျိုးအမြတ် ရှိမှာမဟုတ်သေးဘူး”

ရင်းနှီးမြုပ်နှံမှုနဲ့ သဘာဝသယံဇာတ ရှာဖွေတူးဖော်ရေး လုပ်ငန်းတွေ
အတွက် လက်ရှိ တရားဥပဒေ မူဘောင်တွေနဲ့ ပတ်သက်လို့လည်း အားနည်းမှုတွေ အများကြီး ရှိနေသေးဘူးလို့လည်း တိုင်းရင်းသားလူမှု အသိုင်းအ၀ိုင်း ဖွံ့ဖြိုးရေး ဖော်ရမ် အဖွဲ့မှ စိုင်းခေးဆိုင် က သတင်းထောက်တွေကို အခုလို ပြောပါတယ်။

“ပစ္စည်းဥစ္စာပိုင်ဆိုင်တဲ့ ဥပဒေရယ်၊ နောက်ပြီးတော့ လယ်ယာမြေပိုင်
ဆိုင်တဲ့ ဥပဒေက မရှိဘူး။ ပရောဂျက်တွေက ဘယ်လောက်အတိုင်း
အတာထိ နိုင်ငံတော်ကို အကျိုးပြုလဲ ဆိုတဲ့ဟာကို ပြန်ကြည့်လို့ရှိရင် ထုတ်ထားတဲ့ ဥပဒေတွေက အားနည်းချက်တွေက အများကြီးရှိနေတယ်။”

မြန်မာနိုင်ငံတွင်း ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးနဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေအတွက် ၀င်ငွေတွေ လိုအပ်နေပေမယ့်လည်း ထွက်ပေါ်လာတဲ့ ညွန်းကိန်းတွေအရ မြန်မာနိုင်ငံမှာ ဖွဲ့စည်းတည်ဆောက်
မှုတွေ အားနည်းနေတာတွေ၊ အကျင့်ပျက်ခြစားမှုတွေနဲ့ ပွင့်လင်းမြင်သာမှု တာဝန်ခံမှုတွေ မရှိတာကြောင့် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးမှုနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကိုအဟန့်အတားဖြစ်စေနိုင်တယ်
လို့လည်း ဆိုပါတယ်။

အဲဒါတွေကြောင့် နိုင်ငံတကာနဲ့ဒေသတွင်းမှာရှိတဲ့အဖွဲ့အစည်းတွေ
ကနေပြီး မြန်မာနိုင်ငံတွင်း သဘာဝသယံဇာတတူးဖော်ရေးလုပ်ငန်းတွေ ပွင့်လင်းမြင်သာမှုရှိရေးအတွက် ညီညွတ်စွာတောင်းဆိုကြဖို့တိုက်တွန်း
ထားကြောင်း ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုးက သတင်းပေးပို့ထားပါတယ်။

“အသပြာ” ဆရာဝန်

ဟင်္သာတ၊ မေ ၁၆။

အသပြာဆရာဝန်အကြောင်း နိုင်ငံတော်သမ္မတကြီးနဲ့ ကျန်းမာရေး ပြည်ထောင်စုဝန်ကြီးတို့ကြားအောင် အောက်ခြေဝန်ထမ်းဘဝနဲ့ ကျေးလက်ပြည်သူတွေရဲ့ ခံစားနေရတဲ့ ကျန်းမာရေး ဝန်ဆောင်မှုကို သိအောင်
ပြောပေးပါ။

အောက်ခြေဝန်ထမ်းဘဝတွေဟာ ဌာနတူ၊ တစ်မိုးအောက်မှာ နှိပ်ကွပ်မှု မျိုးစုံနဲ့
အဖိအနှိပ်ခံနေရတာ အထက်လူကြီးတွေ သိစေချင်ပါတယ်။ နိုင်ငံတော်သမ္မတကြီး ရဲ့
သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် အောင်မြင်ဖို့မှာ
အခုလို ဗုံမဟုတ် ပတ်မဟုတ်တဲ့ ဂုဏ်တွေမောက်မာ၊ ငွေမျက်နှာသာ
ကြည့်တတ်တဲ့သူတွေကြောင့် အများပြည်သူရဲ့ ယုံကြည်အားကိုးမှု
လျှော့ကြစေနိုင်တာလည်း ဖြစ်ပါတယ်။

ကျွန်တော်က ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ဒူးယားကျေးရွာ
တိုက်နယ်ဆေးရုံက ဝန်ထမ်းတစ်ဦးပါ။ လုပ်သက်(၁ဝ)နှစ်အတွင်းမှာ ဒီလို
ကောက်ကျစ်တဲ့ စိတ်မမှန်သော ဆရာဝန်မျိုး မတွေ့ခဲ့ရပါဘူး။ ဆရာသမား
အရာထားပြီး အပြန်အလှန် နားလည်မှုပေးသော်လည်း အောက်ခြေဝန်ထမ်းများကို သူ၏
ခိုင်းဖက်သဖွယ် ဆက်ဆံနေတာကြောင့် အရဲစွန့်ပြီး ရင်ဖွင့်ရတာပါ။
တစ်မိုးအောက်က ကျန်းမာရေးဝန်ထမ်း အချင်းချင်းမှာတောင် ဒီလိုမျိုးတွေကို
ကျွန်တော့်ဇနီးမီးဖွားစဉ်က ကိုယ်တိုင်ကြုံခဲ့ရတာပါ။ မီးဖွားပြီး ခွဲခန်းက
အထွက်မှာ ကုန်ကျစရိတ်မေးတော့ ဆရာမကြီးက အချင်းချင်းပေးရန်မလိုဘူး ဆိုလို့
ဆရာဝန်အား “Red LebaL (၂)လုံး၊ ခေါက်ဆွဲကြော် (၁ဝ)ပွဲနဲ့
ကျွဲရိုင်း(၁ဝ)ဗူး” ဂါရဝပြုခဲ့ပါတယ်။ နောက်နေ့ကျ ဆရာမကြီးကို
ငွေငါးသောင်းကျပ် တောင်းခိုင်းလို့ ကျွန်တော် သွားပေးခဲ့ရတယ်။

ဒီလိုမျိုး ဆိုးတာလည်းသိ၊ ကောင်းတာလည်း သိတဲ့သူ အချင်းချင်းကိုတောင် သက်ညှာမပေးရင်
ကျေးလက် ဆင်းရဲသူတွေဆိုတာ ပြောစရာ မလိုပါ။
ကျွန်တော်ရတဲ့ လစာက အောက်ခြေဝန်ထမ်းလစာကို နှစ်တိုး ပေါင်းပြီးမှ
တစ်သိန်းတစ်ထောင်ကျပ်ပဲ ရတာဖြစ်တော့ တစ်လစာလောက် ကုန်ခဲ့ရပါတယ်။ အဲဒီ
ပြဿနာက မွေးလာတဲ့ကလေး (၃)ရက်မြောက်နေ့အထိ ပါလာပါတယ်။ ကလေးက အသားဝါ
ဝင်ပြီး (၄)ရက်သားနေ့မှာ အသားတွေ ဝါထိန်နေတာကြောင့် ဆရာဝန်ကို
ကြည့်ဖို့ပြောတော့ မလာခဲ့ပါ။ ဆရာမကြီးကို မေးတော့ ဟင်္သာတကို သွားပြရင်
ကောင်းမယ်၊ တော်တော် ဝါနေပြီ ဆရာဝန်ကို ပြောပြီး
မြန်မြန်သွား အဲလိုဖြစ်နေချိန်ထိ ဆရာဝန်ရောက်မလာခဲ့ပါ။ အတော်ကြာမှ ရောက်လာပြီး
သွေးစစ်ဖို့ ခိုင်းသဖြင့် ဟင်္သာတသွားပြမယ်ဟု ကျွန်တော်ကပြောတော့ စိတ်ဆိုးပြီး သွားကွာ
ဟု ပြောထုတ်ခဲ့ပါတယ်။

ဟင်္သာတခရိုင်ဆေးရုံမှာ ကလေးအထူးကုကြီး လာရောက်ကြည့်ပြီး စိုးရိမ်ရသော
အခြေအနေရှိကြောင်း၊ သွေးလှယ်ရန် သွေးရှာခိုင်း၍ ဒူးယားတိုက်နယ်ဆေးရုံမှ
သူနာပြု၏ခင်ပွန်းမှ အချိန်မီ ကူညီနိုင်သဖြင့် သက်သာခဲ့သည်။ ဆေးရုံဝန်ထမ်း
အချင်းချင်း ဝိုင်းဝန်းကူညီမှုများရှိသော်လည်း ဆရာဝန်မှာ သတင်း
မေးဖော်ပင်မရ၊ ကျွန်တော့်အလုပ်ပျက်ကွက်မှုကိုပင် အရေးယူမည့် သဘော ဆက်ဆံခဲ့ပါတယ်။
ဟင်္သာတဆေးရုံမှာ ကျန်းမာရေးဝန်ထမ်း ဟုပင် မပြောဝံ့ဘဲ ဒူးယားဒေသခံအဖြစ်
ကုသခံခဲ့ရတဲ့ ကျွန်တော်တို့ ဘဝဟာ သိမ်ငယ်လွန်းလှပါတယ်။

ကျွန်တော်တို့ အောက်ခြေဝန်ထမ်းတွေရဲ့ဘဝဟာ နွားတော့ နွားပါဘဲ။
နာဖားကြိုးထိုးခံတဲ့ နွားရှိသလိုပဲ အထိုးမခံတဲ့ နွားအမျိုးအစားမှာ
ကျွန်တော်တို့ ပါဝင်ပါတယ်။ ဒီအတွက် သမ္မတကြီးရော၊ ကျန်းမာရေးဝန်ကြီး
တို့ပါ သိရှိအရေးယူနိုင်ရန် တရားဝင်လည်း တိုင်ကြားသွားမှာပါ။ ဒါမှသာ
မသမာတဲ့ စိတ်ဓါတ်နိမ့်ပါးသူတွေ ကင်းစင်ပြီး နိုင်ငံနှင့် ဌာနအတွက်
အကျိုးရှိ ပြည်သူအားကိုးရတဲ့ အခြေအနေဖြစ်စေမှာမို့ အောက်ခြေဝန်ထမ်း ဘဝနဲ့
ရင်းပြီး ထုတ်ဖော်ရင်ဖွင့် လိုက်ရပါတယ်။

စကားနည်းသောပုဂ္ဂိုလ်၏အကျိုး(၅)ပါး…………….

၁။မဟုတ်မမှန် မပြောမိခြင်း။
၂။ကုန်းတိုက်စကားကို မပြောမိခြင်း။
၃။ကြမ်တမ်းသောစကားကို မပြောမိခြင်း။
၎။ပြိန်ဖျင်းသောစကားကို မပြောမိခြင်း။
၅။နတ်ပြည်သို့ရောက်ရခြင်း။
စကားနည်းသောပုဂ္ဂိုလ်၏အကျိုး(၅)ပါး…………….
၁။မဟုတ်မမှန် မပြောမိခြင်း။
၂။ကုန်းတိုက်စကားကို မပြောမိခြင်း။
၃။ကြမ်တမ်းသောစကားကို မပြောမိခြင်း။
၎။ပြိန်ဖျင်းသောစကားကို မပြောမိခြင်း။
၅။နတ်ပြည်သို့ရောက်ရခြင်း။

Viber : Free Messages & Calls v 3.0.1.3 for android(latest version)
-----------------------------------------------------------------------------

Android ဖုန်း/Tablet တွေအတွက် မေလ 16 ရက်နေ့ ၂၀၁၃ မှာ Viber version အသစ်ထွက်လာပါပြီ။ Viber ဗားရှင်းအသစ်မှာတော့ ရေရေလည်လည် ကိုလန်းပါတယ်။ ယခု version မှာ viber ဆော့ဝဲရဲ့အသွင်အပြင် ဒီဇိုင်းလည်းတော်တော်လေးပြောင်းလဲသွားပါတယ်။ ဖုန်း free call ကို HD sound နှင့် ပြောနိုင်တာ ၊ Message Free ပို့နိုင်တာ ၊ Group chat ပြောနိုင်ရုံတင်မက အခြား Featuresတွေလည်းတော်တော်လေးကိုမိုက်လာပါတယ်။ အထူးခြားဆုံးကအခု version အသစ်မှာ Video File တွေကိုပါ Share လိုရပါပြီ။ Viber v3.0.1.3 for Android အောက်ကလင့်ခ်မှာ download ရယူနိုင်ပါပြီ။

http://www.myanmarmobileapp.com/2013/05/17/viber-free-messages-calls-v-3-0-1-3-for-androidlatest-version/

ဝင်းပစိုပြေအသားအရေ

FRIDAY, MARCH 23, 2012 ...ESTHER KYING 
လူတိုင်းဟာ တောက်ပစိုပြေချောမွေ့တဲ့ အသားအရေကို ပိုင်ဆိုင်လိုကြမယ် ထင်ပါတယ်နော်။ အောက်မှာတော့ ဖတ်ခဲ့ဖူးတဲ့ အရေပြားစိုပြေလှပစေမဲ့ နည်းလမ်းတစ်ချို့ကို မျှဝေပေးပါရစေရှင်။

၁. နေ့စဉ် ရေ ဖန်ခွက် ၈ခွက်ခန့် သောက်ပါ။

၂.သကြားမုန်လာကို အပိုင်းပိုင်း ခုတ်ဖြတ်၍ အရည်ညှစ်ပြီး သင်၏မျက်နှာပေါ် ၅မိနစ်ခန့် လိမ်းကျံထားပါ… ထို့နောက် ဆပ်ပြာအပျော့စားဖြင့် မျက်နှာကို သန့်စင်ပေးပါ။

။၃.နံ့သာကို နှင်းဆီရေဖြင့်ဖျော်၍ နွားနို့ အနည်းငယ်ရောကာ သင့်မျက်နှာနှင့် ကိုယ်ခန္ဓာကို လိမ်းကျံပြီး ၁၅မိနစ်ခန့်ကြာလျှင် ရေခပ်နွေးနွေးဖြင့် ဆေးကြောပေး

၎.ရေခွက်ထဲ ပျားရည်အနည်းငယ်ထည့်ကာ မနက်ခင်းတိုင်း သောက်သုံးပေးပါက သင့်အသားအရေကို စိုပြေ ချောမွေ့ တောက်ပ စေနိုင်ပါသည်။

၅.ပျားရည်ကို အနည်းငယ် အပူပေးပြီး ရှောက်ရည်၊ သံပုရာရည်ဖြင့် ရောကာ မျက်နှာကို ၁၀မိနစ်ခန့် ပေါင်းတင်ပေးပါ။

၆.နနွင်း၊ နံ့သာ၊ သံလွင်ဆီ တို့ကို ရောစပ်၍ ခန္ဓာကိုယ်ကို လိမ်းပေးပြီး ၁၀မိနစ်ခန့်ကြာလျင် ရေဆေးပစ်ပါ။

၇.နွားနို့ဖြင့် ခန္ဓာကိုယ်ကို နှိပ်နယ်ပေးပါ။ နွားနို့သည် အရေပြားကို ချောမွေ့သန့်စင်စေသော အကောင်းဆုံး အားဖြည့်အလှဆီ ဖြစ်ပါသည်။

၈.အခန်းတွင်း အပူချိန်ကို ပုံမှန်အနေအထားတွင်သာ ထားရှိပါ။ အလွန်အေးခြင်း အလွန်ပူပြင်းခြင်း စသော အစွန်းရောက် အနေအထားကို ရှောင်ကျဉ်ပါ။

၉.ရေကို အချိန်ကြာကြာချိုးပါက သင်၏ခန္ဓာကိုယ်ရှိ ဆဲလ်အသေများ အလိုလို ဖယ်ရှားပြီးသား ဖြစ်သွားပါလိမ့်မည်။ တဘက်ဖြင့် ကြမ်းတမ်းစွာ ပွတ်တိုက်ခြင်းကို ရှောင်ကြဉ်ပါ။

၁၀. ဗီတာမင် အေနှင့်စီ များများပါဝင်သော အစားအစားကို စားပါ။

၁၁.နေပူထဲထွက်ဖန်များ၍ အရေပြားများ နေပူလောင်သော် ပုံမှန်အသားအရေ ပြန်ရရှိရန်အတွက် သခွားရည်နှင့် ခရမ်းချဉ်သီးရည် ဆတူရောကာ ၄င်း အပူလောင်သောနေရာကို လိမ်းပြီး ၁၀မိနစ်ခန့်ကြာလျှင် ရေဆေးချလိုက်ပါ။

၁၂.မုန်ညင်းဆီဖြင့် အရေပြားကို ၅မိနစ်ခန့် နှိပ်နယ်ပြီး ဂျုံမှုန့် အနုစား သို့မဟုတ် ဆပ်ပြာအပျော့စားဖြင့် ရေချိုးပေးပါ။

၁၃. ဒိန်ချဉ်နှင့် ဂျုံမှုန့်တို့ကို ရောနယ်ကာ မျက်နှာပေါ်တွင် ၅မိနစ်ခန့်ထားပြီး ဆေးကြောပေးပါ။

၁၄.အသားအရေ ကြမ်းတမ်း ညစ်နွမ်းနေသောသူများ အရေပြား ပြန်လည်စိုပြေ လှပလာစေရန်အတွက် အသီးအနှံ များများစားပါ။ မချက်ပြုတ်ထားသော ဟင်းသီးဟင်းရွက် (အသုပ်) များများစားပါ။ဆိတ်နို့၊ ချိစ်၊ ထောပတ်သီး၊ မုံလာထုပ်၊ ပင်လယ်ကျောက်ပွင့် တို့ကို များများစားပေးပါ။

၁၅. အရေးအကြောင်း၊ အတွန့်များသော မျက်နှာနှင့် အသားအရေ ပိုင်ရှင်များအတွက် သခွားသီးသည် အကောင်းဆုံး ကုသပေးနိုင်သော သဘာဝဆေးတစ်လက်ဖြစ်ပါသည်။ သခွားသီးကို ပါးပါးလှီးကာ မျက်နှာပြင်ပေါ်တွင် ၁၅မိနစ်ခန့်ထားပြီး ရေစင်အောင်ဆေးလိုက်ပါ။

၁၆.အဖုအပိန့်များသောအရေပြားပိုင်ရှင်များသည် ပဲပင်ပေါက်၊ ဘာလီ၊ ဂျုံ၊ ခရမ်းချဉ်သီး၊ စတော်ဘယ်ရီသီး ၊ သဖန်းသီး၊ သတွတ်သီး၊ ဟင်းနုနွယ်ရွက် စသည်တို့ကို များများစားသုံးသင့်ပါသည်။

၁၇.ခြောက်သွေ့ကွဲအက်နေသော အသားအရေများအတွက် ဂျုံမြက်နုနှင့် အစိမ်းရောင် များများပါသော အသီးအရွက်များကို စားသုံးသင့်ပါသည်။

စိုပြေလန်းဆန်း နုပျိုကျန်းမာ စိတ်ချမ်းသာကြပါစေရှင်။

ချော(အစိမ်းရောင်လွင်ပြင်)

စကားပြောစဉ် မိမိသန္တာန်၌ ဖြစ်ရစေမည့် တရား(၅)ပါး................
၁။ပြောဆိုသင့်သောအချိန်အခါရောက်မှသာ ပြောဆို၍ အချိန်အခါမဟုတ်သည်၌ မပြောဆိုခြင်း။
၂။ဟုတ်မှန်သောစကားကိုသာ ပြောဆို၍ မဟုတ်မမှန်သောစကားကို မပြောဆိုခြင်း။
၃။သိမ်မွေ့နူးညံ့သော စကားဖြင့်သာ ပြောဆို၍ ရိုင်းစိုင်းကြမ်းတမ်းသော စကားဖြင့်မပြောဆိုခြင်း။
၎။အကျိုးစီးပွားနှင့်စပ်သော စကားကိုသာ ပြောဆို၍ အကျိုးမဲ့စကားကို မပြောဆိုခြင်း။
၅။မေတ္တာစိတ်ဖြင့်သာ ပြောဆို၍ ဒေါသစိတ်ဖြင့် မပြောဆိုခြင်း။

Friday, May 10, 2013

ရခိုင် ပြည်နယ်ရှိ ဒုက္ခ သည်များ မိုးမကျမီ အမိုး အကာအောက် ရောက်ရှိရေးနှင့် အသက် မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည် ဆောင်ရွက် ပေးသွားမည်

ယမန်နေ့ မွန်းလွဲပိုင်းက ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်း အစည်းအဝေးကို စစ်တွေ မြို့ရှိ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ ရုံးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေး နှင့် ဖွံ့ဖြိုး တိုးတက်မှု အကောင်အထည် ဖော်ရေး ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီးက ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင် အထည် ဖော်ရေး ဗဟိုကော်မတီကို ၂ဝ၁၃ ခုနှစ် မတ် ၁၃ရက်တွင် ဖွဲ့စည်း ပေးခဲ့ပါကြောင်း၊ လုပ်ငန်း တာဝန်များကို အကောင်အထည် ဖော်နိုင်ရန် လုပ်ငန်း ကော်မတီ (၇)ခုကို ထပ်မံ ဖွဲ့စည်း၍ လုပ်ငန်းတာဝန်များ ချမှတ်ပေးခဲ့ပါကြောင်း၊ နိုင်ငံတော် သမ္မတကြီး ကိုယ်တိုင် အစည်းအဝေးများ ပြုလုပ်၍ လုပ်ငန်း လမ်းညွှန်မှုများ ပြုခဲ့ပါကြောင်း၊ ဗဟို ကော်မတီဝင်များ ရခိုင်ပြည်နယ်သို့ သွားရောက်၍ လုပ်ငန်း ကော်မတီများ၏ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ကွင်းဆင်း ကြည့်ရှု ပေါင်းစပ်ညှိနှိုင်းပြီး အစီအမံများ ရေးဆွဲတင်ပြနိုင်ရန် ဆောင်ရွက်ခဲ့ပါကြောင်း၊ ဒေသတွင်း ပြန်လည်နေရာ ချထားရေးနှင့် အသက်မွေး ဝမ်း ကျောင်းလုပ် ငန်းများ ပြန်လည် လုပ်ဆောင်နိုင်ရေးနှင့် နိုင်ငံသား စိစစ်ရေး လုပ်ငန်း များကို ဦးစားပေး ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊

အရေးကြီးသည်မှာ မိုးမကျမီ ဒုက္ခသည်များ အားလုံး လုံခြုံသည့် အမိုးအကာအောက် ရောက်ရှိရေးနှင့် အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်ဆောင်ရွက် နိုင်ရေးကို ဆောင်ရွက်ပေးသွား ရမည်ဖြစ်ပါကြောင်း၊ ယခုကိစ္စမှာ နိုင်ငံတော်အပိုင်း၊ ပြည်နယ်အစိုးရ အပိုင်းသာမက သက်ဆိုင်ရာ ဝန်ကြီးဌာန အားလုံးနှင့် ဒေသခံ ပြည်သူလူထုကပါ ဝိုင်းဝန်းဆောင်ရွက်မှသာ လုပ်ငန်း များ အောင်မြင်နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်၊ ဗဟိုကော်မတီ အတွင်း ရေးမှူး ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်း၊ ဗဟို ကော်မတီဝင် ဒုတိယဝန်ကြီး ဦးသိန်းအောင်၊ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း၊ ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဦးလှဟန်နှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ်တို့က လုပ်ငန်း ဆောင်ရွက်နေမှုများကို ဆွေးနွေး တင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက စစ်တွေ၊ ပေါက်တော၊ မြေပုံမြို့နယ်များ အပြင် မောင်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ ရသေ့တောင်မြို့နယ်များရှိ ဒုက္ခသည်များ မိုးမကျမီ အမိုးအကာအောက် ရောက်ရှိရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေး၊ ရေနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး၊ ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှု လုပ်ငန်းများ တွင်လည်း အချိန်နှင့် တစ်ပြေးညီ စီမံဆောင်ရွက် ပေးသွားရန် မှာကြား ခဲ့သည်။

ညနေပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်တို့သည် စစ်တွေမြို့ရှိ မှန်စီ၊ ဘောဒူဖ၊ အုန်းတောကြီး ကျေးရွာများ၌ ဆောက်လုပ်လျက်ရှိသော ရှစ်ခန်းတွဲ တဲတန်းလျားများ ဆောက် လုပ် ပြီးစီးမှုနှင့် ထပ်မံဆောက် လုပ်နေသော တဲတန်းလျား များကိုလည်းကောင်း၊ စစ်တွေမြို့ စက်မှုနှင့် ရေလုပ်ငန်း ရပ်ကွက်ရှိ လုံးချင်းအိမ်ရာများ ဆောက်လုပ်နေမှုတို့ကို လည်းကောင်း ကြည့်ရှု စစ်ဆေး ခဲ့ကြကြောင်း သတင်းရရှိသည်။

အများပြည်သူ စိတ်အနှောက်ယှက်ဖြစ်နေ

ယခုအခါ ရန်ကုန်မြို့၌ ၉၆၉ လှုပ်ရှာမှုကို ဖိနှိပ်ရန်အတွက် ရည်ရွယ်ပြီး
နိုင်ငံရေးပါတီများနှင့် လူမျိုးခြား ဘာသာခြားများ နောက်ကွယ်မှ 
ကြိုးကိုင်နေသည့် မူဆလင်များပါဝင်သည် စတေကာအပြာများကို လိုက်လံကပ်နေသည့် အုပ်စုများကြောင့် ခရီးသွားပြည်သူများနှင့် ဒေသခံများမှာလည် အမတန်စိတ်အနှောက်ယှက်ဖြစ်နေသည်ဟု
သိရပါသည်။

ထို့ပြင် ဗုဒ္ဓဘာသာဝင်များ မောင်နှင်သည့် ကားများတွင် ထိုအပြာရောင် စတေကာ များကို လိုက်လံအတင်အဓမ္မ တံဆိပ်လိုက်ကပ်နေ သဖြင့် ပုံပါအတိုင်း ယာဉ်မောင်နှင်သူများနှင့် ကတောက်ကဆဖြစ်နေသည် ကိုလည် တွေ့ရှိရပါသည်။

ထို့ပြင် လူမျိုးဘာသာ မခွဲခြားနဲ့လို့ လူကြားကောင်းအောင် ပြောနေသော လည် အမှန်တကယ်တွင် လည်ကောင်တို့ ကိုယ်တိုင်က ခွဲခြားရေး များပြုလုပ်နေသည့်ကို တွေ့ရှိရသဖြင့် စိတ်မချမ်းမသားဖြစ်နေရသည့်ဟ
ပြောပြပါသည်။

April 5ရက်နေ့ မင်္ဂလာဈေး အနီးမှ စတိုး ဆိုင်ပိုင်ရှင် တစ်ဦး၏ ပြောပြချက်မှာ
“အဲဒီစတေကာအပြာရောင်တွေလာဝေတဲ့ အထဲမှာ ပါတာ ကုလားအများစုပါ
ပါလာတဲ့ မြန်မာတွေ ကလည်း ပိုက်ဆံပေးပြီး ခေါ်လာတာဖြစ်မယ်
တစ်ချို့ကလည်း ပါလာတဲ့ ကုလားတစ်ယောက်ရဲ့ ဝန်ထမ်းတွေ
ဖြစ်မယ် ထင်တယ်။ ကုလားတစ်ယောက်က ဟိုမှာ ကပ် ဒီမှာ ကပ် ဆိုပြီး ညွန်ကြားနေတာ ကျမဆိုင်ဘေးမှာ မြန်မာထမင်းဆိုင်တွေ ရှိတာတောင် လမ်းထဲက ၇၈၆ ထမင်းဆိုင်မှာ ထမင်းစားပြီး ပြန်သွားကြပါလေရော သူတို့ လဲ ပြန်သွားရော ကျမ ဆိုင်ထဲက စတစ်ကာတွေကို
ပြန်ခွါလိုက်ပြီ ကုလားတွေ ရဲ့ မကောင်းတဲ့ အစီအရင် အင်း
တွေပါလာ မှာ ဆိုးလို့လေ....အော် ကျမ သူတို့ကို မေးချင်တာလေးတောင်
မမေးလိုက်ရဘူး လူမျိုးဘာသာ မခွဲခြားနဲ့ဆိုပြီး ကုလားတွေ ကျတော့
ဘာကြောင့် ၇၈၆ ဆိုင်မှာဘဲ စားတာလဲ လို့” ပြောပြခဲ့ပါသည်။

တခြားသော ဗုဒ္ဓဘာသာဝင်များမှာလည် ထို့ကဲ့သို့ စတေကာများ မိမိတို့ခြံမှာ လာကပ်ပါက ချက်ချင်ဆွဲခွာပြစ်မညဟု ပြောကြားနေသည်ကို သိရှိရပါသည်။