Monday, April 8, 2013

မြောက်ကိုရီးယား နိုင်ငံရှိ ယူရေနီယံ သန့်စင်ရေး အဆောက်အအုံ တစ်ခုနှင့် အမ်ဒဗလျူ ယုံဗြွန်း (MW Yongbyon) ဓာတ်ပေါင်းဖို ၅ လုံးတို့အား ပြန်လည်စတင် လည်ပတ်


ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်တက်လျက် ရှိသောကြောင့် မြောက်ကိုရီးယား နိုင်ငံအား ချုပ်တည်း နေထိုင်စေရန် အတွက်

၎င်းတို့၏ သြဇာ အရှိန်အဝါအား အသုံးချသွားရန် ရုရှားနှင့် တရုတ်နိုင်ငံတို့ အပေါ် အမေရိကန် နိုင်ငံက မေတ္တာရပ်ခံ တိုက်တွန်းပြောကြား ခဲ့ပါ သည်။ နိုင်ငံတကာ နျူကလီးယား လက်နက် ဖျက်သိမ်းရေး သဘောတူ စာချုပ် တစ်ရပ်၏ အစိတ်အပိုင်း အဖြစ် ၂ဝဝ၇ ခုနှစ်တွင် ရပ်နားထားခဲ့သော ယုံဗြွန်း (Yongbyon) နျူကလီးယား အဆောက်အအုံရှိ ယူရေနီယံ သန့်စင်ရေး အဆောက်အအုံ တစ်ခုနှင့် အမ်ဒဗလျူ ယုံဗြွန်း (MW Yongbyon) ဓာတ်ပေါင်းဖို ၅ လုံးတို့အား ပြန်လည်စတင် လည်ပတ်ခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံက ဧပြီလ ၂ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့ပြီးနောက် အထက်ပါ မေတ္တာ ရပ်ခံချက် ထွက်ပေါ်လာပါသည်။၎င်း၏စစ်ဘက်သည် အမေရိကန် ပြည်မကြီး၊ ဟာဝိုင်အီ၊ ဂူအန်နှင့် တောင်ကိုရီးယား နိုင်ငံတို့ အပါအဝင် အာရှ- ပစိဖိတ် ဒေသရှိ အမေရိကန် စစ်အခြေစိုက် စခန်းများ အားလုံးကို တိုက်ခိုက်သွားရန် ကြိုတင် ပြင်ဆင်ထားကြောင်း မြောက်ကိုရီးယား နိုင်ငံက ပြီးခဲ့သော သီတင်းပတ်တွင် ပြောကြား ခဲ့ပါသည်။




0 comments:

Post a Comment