Tuesday, April 23, 2013

မြန်မာနိုင်ငံရှိ စားသောက်ဆိုင် လုပ်ငန်းပိုင်ရှင်များ အနေဖြင့် အိမ်နီးချင်း နိုင်ငံများသို့ သွားရောက်လေ့လာနိုင်... **********************************************



မြန်မာနိုင်ငံရှိ လုပ်ကိုင်သော စားသောက်ဆိုင်လုပ်ငန်းပိုင်ရှင်များ အနေဖြင့်
အိမ်နီးချင်းနိုင်ငံ စားသောက်ဆိုင်သို့ စနစ်တကျ လုပ်ကိုင်လည် ပတ်ပုံ၊
သန့်ရှင်းလတ်ဆတ်သော အစားအစာများ၊ အများပြည်သူ၏ ကျန်းမာရေးနှင့်
ကိုက်ညီမည့် အစားအစာများကို ချက်ပြုတ်လုပ်ဆောင်သည့် နည်းလမ်း
များကို လေ့လာနိုင်ရန် မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း
က စီစဉ်ထားကြောင်း သိရသည်။ အဆိုပါအစီအစဉ်အရ (၂၀၁၃)ခုနှစ်
၊ မေလ (၂၂)တွင် ပထမဦးဆုံး ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်မည့်
World of Food Asia 2013 ပြပွဲနှင့် ဗဟုသုတရရှိမည့် နေရာများသို့
သွားရောက်လေ့လာရန် စီစဉ်ထားကြောင်း၊ စားသောက်ဆိုင်ပိုင်ရှင်များ
အနေဖြင့် အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံစားသောက်ဆိုင်များ အသင်း
ဖုန်းနံပါတ် (၀၉-၄၂၁၀၈၂၆၈၇၊၀၉-၇၃၁၉၂၂၀၀)ကို ဧပြီလ (၂၅)ရက်နေ့
နောက်ဆုံးထားပြီး စားရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

0 comments:

Post a Comment