Friday, August 1, 2014

မကွေးမြို့၌ Miss Golden Land Myanmar ပြိုင်ပွဲဝင် အလှမယ်များ စုပေါင်း သန့်ရှင်းရေး ပရဟိတ ဆောင်ရွက်


မကွေးတိုင်း ဒေသကြီး မကွေးမြို့သို့ လေ့လာရေး ခရီးစဉ်အဖြစ် ရောက်ရှိနေသော Miss Golden Land Myanmar ပြိုင်ပွဲဝင် အလှမယ် ၂၅ ဦး ပါဝင်သည့် အဖွဲ့ဝင် ၄ဝ တို့သည် မကွေးမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ ဝန်ထမ်း ၆ဝ နှင့် ပူးပေါင်း၍ ပတ်ဝန်းကျင် သန့်ရှင်းရေး ပရဟိတ လုပ်ငန်း အဖြစ် ဇူလိုင် ၂၈ ရက် မွန်းလွဲ ၁ နာရီခွဲမှ စ၍ မကွေးမြို့ မြို့မ အိုးဘိုရပ်ကွက်၊ ကမ်းနားလမ်းနှင့် မဲထီးလမ်းထောင့်ရှိ မြဧရာ ပန်းခြံအနီးမှ ကမ်းနားလမ်း တစ်လျှောက် စုပေါင်း အမှိုက်ကောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ သန့်ရှင်းရေး လုပ်ငန်း ဆောင်ရွက်ခြင်းကို မကွေးမြို့နယ် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဦးနေမျိုးနိုင်နှင့် ကော်မတီဝင် ဦးကျော်ဝင်းတို့က ကြီးကြပ် ဆောင်ရွက်ခဲ့သည်။ အဆိုပါ အဖွဲ့သည် Miss Golden Land Organization ၏ အစီအစဉ်ဖြင့် ဗိဿနိုး မြို့ဟောင်းကို အထူး လေ့လာရေး ခရီးစဉ် အဖြစ် ရောက်ရှိလာခြင်း ဖြစ်ပြီး မကွေးမြို့မှ တစ်ဆင့် မင်းဘူး စက္ကိန်းတဲဘုရား၊ ရွှေစက်တော်နှင့် နတ်မောက်မြို့ရှိ ဗိုလ်ချုပ်နေအိမ်သို့ ဆက်လက် သွားရောက်မည် ဖြစ်သည်။
ခရီးစဉ် တစ်လျှောက်ရှိ လိုအပ်သည့် နေရာများ၌ ပရဟိတလုပ်ငန်းများ ဆောင်ရွက် လုပ်ကိုင် သွားမည် ဖြစ်ကြောင်း ခေါင်းဆောင် အလှမယ် တစ်ဦးက ပြောကြားခဲ့သည်။
စောလှနွယ်

တောင်ပြာတန်းယာဉ်မီးလောင်မှုတွင် သေဆုံးသူများအား ကျပ်သိန်း ၃၀ စီပေး


တောင်ပြာတန်းယာဉ် မီးလောင်မှုဖြစ်စဉ်တွင် သေဆုံး သွားသည့် ခရီးသည် ခုနစ်ဦးအား အသက်အာမခံကြေးနှင့် နစ်နာ ကြေးအပါအ၀င် စုစုပေါင်း ကျပ် သိန်း ၃၀ စီပေးအပ်လိုက်ကြောင်း သတင်းရရှိသည်။
တောင်ပြာတန်းယာဉ်လိုင်း ဖြစ်စဉ်တွင် သေဆုံးသွားသူများ အား အသက်အာမခံကြေးပေး ဆောင်ရာတွင် ဖြစ်စဉ်ဖြစ်ပွားပြီး လေးလအကြာ၌ ပေးဆောင်ခဲ့ ခြင်းဖြစ်သည်။ ဇူလိုင် ၃၁ ရက် တွင် တောင်ပြာတန်းယာဉ်လိုင်း နှင့် ခရီးသွားအာမခံလုပ်ငန်းတို့က သေဆုံးသူများ၏ မိသားစုဝင်များ ကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။
သေဆုံးသူခုနစ်ဦးအား ခရီး သွားအာမခံလုပ်ငန်းက တစ်ဦး လျှင် အသက်အာမခံကြေးအ တွက် ကျပ် ၁၀ သိန်း၊ ခရီးသွား နစ်နာကြေးအတွက် ကျပ်ငါးသိန်း နှင့် တောင်ပြာတန်းယာဉ်လိုင်းက နစ်နာကြေးအဖြစ် သေဆုံးသူ တစ်ဦးလျှင် ကျပ် ၁၅ သိန်းအသီး သီးပေးအပ်ခဲ့ခြင်းဖြစ်သည်။
‘‘ဒီနေ့ပဲ တောင်ကြီးမြို့မှာ ပေးအပ်ခဲ့ပါတယ်။ သေဆုံးသွား တဲ့သူတွေ တစ်ဦးကို ကျပ်သိန်း ၃၀ စီပေးခဲ့ပါတယ်။ အသက် အာမခံကြေးက ၁၀ သိန်းပါ။ ကျွန်တော်တို့ယာဉ်လိုင်းက ၁၅ သိန်းပေးခဲ့ပါတယ်’’ဟု တောင်ပြာတန်းခရီးသည်ယာဉ်လိုင်းပိုင်ရှင် တစ်ဦးဖြစ်သူ ဦးကျော်ဦးကပြော သည်။
‘‘တောင်ပြာတန်းယာဉ်လိုင်း ကို အရေးယူမှုတစ်စုံတစ်ရာ ဘာ လို့မလုပ်တာလဲဆိုတာ သိချင်ပါ တယ်။ ရာဇာမင်းယာဉ်လိုင်းကို အရေးယူသလိုတောင်ပြာတန်း ယာဉ်လိုင်းကိုလည်း အရေးယူမှု တစ်စုံတစ်ရာ ပြုလုပ်စေချင်ပါ တယ်။ ကျွန်တော့်သမီးလေးဆို ကိုးနှစ်ပဲရှိသေးလို့ အသက်အာမ ခံကြေးမလုပ်တော့မရဘူး’’ဟု တောင်ပြာတန်းယာဉ်မီးလောင်မှု ဖြစ်စဉ်တွင် ၎င်း၏ သားနှင့် သမီး ဆုံးရှုံးခဲ့သူ ဦးစိန်လှိုင်ကပြော သည်။
ဧပြီ ၁၂ ရက်က တောင်ပြာ တန်းခရီးသည်တင်ယာဉ်သည် ချီဇာ(Chaser) အဖြူရောင် ဆလွန်းကားတစ်စီးကို ၀င်တိုက် ရာ ဆလွန်းကားငယ်မှ ဆီတိုင်ကီ ပေါက်၍ မီးလောင်မှုဖြစ်စဉ်တွင် ဆလွန်းကားငယ်ပေါ်မှ လိုက်ပါ လာသူ ခြောက်ဦးနှင့် တောင်ပြာ တန်းခရီးသည်တင်ယာဉ်ပေါ်တွင် လိုက်ပါလာသူ စုစုပေါင်း ၁၃ ဦး မီးလောင်သေဆုံးခဲ့သည်။
ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် မီးလောင်သွားသော တောင်ပြာတန်းခရီးသည်တင်ယာဉ် (ဓာတ်ပုံ− yeyintnge.com)
7Day Daily

ရင်သားတွဲ ကျခြင်းကို ကာကွယ်နိုင်သော နည်းလမ်းများ


ပြည့်ဖြိုး တင်းရင်းတဲ့ ရင်သားအလှကို ပိုင်ဆိုင်လိုတာ မိန်းကလေးတိုင်းရဲ့ ဆန္ဒဖြစ်ပါ လိမ့်မယ်။ မိန်းကလေး တစ်ယောက်ရဲ့ အလှတရားကို ထင်ရှား ပေါ်လွင်စေပြီး ဆွဲဆောင်မှု ရှိစေတဲ့ အရာတွေထဲမှာ ရင်သားက မရှိမဖြစ်ပါ။
သင့်ကောက်ကြောင်းလေး အထင်သား ပေါ်လွင်စေဖို့ ရင်သားကလည်း ပံ့ပိုးပေးပါတယ်။ ဒါပေမဲ့ တစ်ချိန်မှာ ဒီအလှတရား ဆုံးရှုံးသွားမှာကို သင်စိုးရိမ် နေပါသလား။ အဆီတွေ၊ ဂလင်းတွေ၊ တွယ်ဆက် တစ်သျှူးတွေနဲ့ ဖွဲ့စည်းထားတဲ့ သင့်ရင်သားဟာ တစ်သျှူးတွေ လျော့ရဲ လာတဲ့အခါ၊ တစ်သျှူးရဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ စွမ်းအား လျော့နည်း လာတဲ့အခါ မျိုးတွေမှာ တွဲကျလာ တတ်ပါတယ်။
မိန်းကလေး အများစုက ရင်သား တွဲကျလာတာကို မလိုလား ကြသလို သင်တို့ရဲ့ အမျိုးသား အဖော်ကလည်း နှစ်သက်မှာ မဟုတ်ပါဘူး။ ရင်သား တွဲကျတာကို နို့သီးခေါင်းရဲ့ အနေအထားပေါ် မူတည်ပြီး ခွဲခြား နိုင်ပါတယ်။ နို့သီးခေါင်းက ပုံမှန် အနေအထားထက် အနည်းငယ် နိမ့်ကျနေပါက ရင်သား တွဲကျတာ သိပ်မဆိုးပါဘူး။ တကယ်လို့ နို့သီးခေါင်းတွေက ပုံမှန် အနေ အထားထက် အလွန်အမင်း နိမ့်ကျပြီး အောက်ဘက်ကို စိုက်နေရင်တော့ ရင်သား တွဲကျတာ ဆိုးနေပါပြီ။
ရင်သား တွဲကျစေသော အကြောင်းအရာများ
၁။ ကိုယ်အလေးချိန် ကျဆင်းခြင်း
ကိုယ်အလေးချိန် ကျဆင်းတာက ရင်သား တွဲကျတာကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်းပါ။ ခန္ဓာကိုယ် အလေးချိန် တိုးလာတဲ့အခါ အရေပြားကို ကျယ်ပြန့်အောင် ဆန့်ထားတာကြောင့် တင်းတင်းရင်းရင်း ဖြစ်စေပါတယ်။ ရုတ်တရက် ကိုယ်အလေးချိန် လျော့သွားတဲ့အခါ ခန္ဓာကိုယ် တစ်ခုလုံးက အရေပြားတွေ လျော့တွဲလာသလို သင့်ရင်သားတွေလည်း လျော့တွဲလာ စေပါတယ်။
၂။ ကမ္ဘာမြေကြီး ဆွဲငင်အား
ကမ္ဘာမြေကြီး ဆွဲငင်အားက သင့်ရင်သားကို တွဲကျစေတယ်ဆိုလို့ မအံ့သြ လိုက်ပါနဲ့။ ဒါက အမှန်တကယ်ပါပဲ။ ကမ္ဘာမြေကြီး ဆွဲငင်အားက အရာ အားလုံးကို ဆွဲထားသလို သင့်ရင်သား ကိုလည်း ဆွဲတာကြောင့် တွဲကျ စေတာပါ။ ရင်သား တစ်သျှူးတွေကို လျော့ရဲစေသလို ရင်သားမှာ အရေး ကြောင်းတွေကိုပါ ဖြစ်ပေါ်စေပါတယ်။
၃။ မီးယပ်သွေးဆုံးခြင်း
အမျိုးသမီးတွေ သွေးဆုံးချိန်မှာ အီစထရိုဂျင် လို့ခေါ်တဲ့ မဟော်မုန်းဓာတ် လျော့နည်း သွားပါတယ်။ အဲဒီအချိန်မှာ ရင်သားကို တင်းရင်း ပြည့်ဖြိုးစေတဲ့ ကော်လာဂျင်တွေ လျော့နည်း သွားပြီး သင့်ရင်သားကို လျော့တွဲလာ စေပါ တယ်။
၎။ လျော့ရဲသော ဘရာစီယာ ဝတ်ဆင်ခြင်း
အမျိုးသမီးတွေ အတွက် အရေးကြီးဆုံးက ဘရာစီယာကို ရင်သား အရွယ် အစား အလိုက် သင့်တော်တဲ့ ပုံစံအနေအထား ဝတ်ဆင်ဖို့ပါ။ ဘာကြောင့်လဲ ဆိုတော့ ဘရာစီယာ ပုံစံမှန်မှန် မဝတ်ဆင်တာက သင့်ရင်သားကို တွဲကျ စေတာကြောင့်ပါ။
ဘယ်လို ကာကွယ်ရမလဲ -
၁။ အစားထိုးခြင်း၊ ခွဲစိတ်ခြင်း
ရင်သားပိုမို ပြည့်ဖြိုးစေဖို့နဲ့ တင်းတင်းရင်းရင်း ရှိစေဖို့ ရင်သား အစားထိုး ခြင်းနဲ့ ရင်သား ခွဲစိတ်ပြုပြင်ခြင်းတွေ ပြုလုပ်လို့ ရပါတယ်။ ရင်သား တွဲကျ နေသူ တစ်ယောက်အနေနဲ့ ရင်သား အစားထိုးခြင်းနဲ့ ရင်သား ခွဲစိတ်ပြုပြင် ခြင်းတွေ လုပ်တာက တွဲကျနေတဲ့ ရင်သားကို အပြည့်အဝ မပြုပြင်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပြုပြင်တာဟာ ရင်သား ပြည့်တင်း လာပေမယ့် နို့သီး ခေါင်းကတော့ အောက်ဆိုက်နေ နိုင်ပါတယ်။
၂။ အရွယ်အစားနဲ့ ကိုက်ညီသော ဘရာစီယာ ဝတ်ဆင်ပါ
ရင်သား အရွယ်အစားနဲ့ ကိုက်ညီပြီး သင့်တော်တဲ့ ဘရာစီယာအရွယ်အစားကို ရွေးချယ် ဝယ်ယူကာ ၀တ်ဆင်ပါ။ ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ကျွေးချိန် တွေက ရင်သား တွဲကျနိုင်တာ ကြောင့် သင့်တော်တဲ့ ဘရာစီယာ ဝတ်ဆင် ပေးဖို့ ပိုမို အရေးကြီးပါတယ်။
၃။ သဘာဝကရတဲ့ ဆေး
ဒါတွေကို အသုံးပြုတာဟာ အန္တရာယ် အကင်းဆုံး၊ ငွေကုန်ကြေးကျ အသက် သာဆုံးနဲ့ ခွဲစိတ်စရာ မလိုတဲ့ နည်းလမ်း တစ်ခုပါ။ သဘာဝကရတဲ့ အရာ တွေနဲ့ ဖော်စပ် ထုတ်လုပ်ထားတဲ့ လိမ်းဆေး၊ ဖျန်းဆေးတွေ အသုံးပြုပြီး သင့်ရင်သား အလှကို ပြုပြင်နိုင်ပါတယ်။ အသင့်တော်ဆုံး နည်းလမ်းဖြစ် ပါတယ်။
၎။ နှိပ်နှယ်ပေးခြင်း
သင့်ရင်သားကို နှိပ်နယ်ပေးတာက ဆိုးကျိုး အန္တရာယ် တစ်စုံတစ်ရာ မပေးဘဲ သင့်ရင်သား တွဲကျတာကို ကာကွယ်ပေး နိုင်ပါတယ်။ နှိပ်နယ် ပေးတဲ့ အခါ ရင်သားအတွက် သီးသန့် ထုတ်လုပ်ထားတဲ့ အဆီနဲ့ လိမ်းဆေး တွေကို အသုံးပြုပြီး နှိပ်နယ်ပေးပါ။
Credit - ရိုးရာလေး
 

Photoshop နဲ့ပြုပြင်ထားတဲ့ သူမရဲ့ကိုယ်တုံးလုံးပုံတွေကို ဖျက်ပစ်ဖို့ နှောင့်နှေးခဲ့တဲ့အတွက် Facebook ကိုတရားစွဲတဲ့ အမျိုးသမီး


Meryem Ali ဆိုတဲ့အမျိုးသမီးဟာ သူမရဲ့မိတ်ဆွေဟောင်းကတင်ခဲ့တဲ့ Photoshop နဲ့ပြုပြင်ခံထားရတဲ့ သူမရဲ့ဝတ်လစ်စလစ်ပုံကို ဖျက်ပစ်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် Facebook ဆီကနေ လျော်ကြေး အမေရိကန်ဒေါ်လာ ၁၂၃ သန်းရရှိဖို့ တရားစွဲနေပါပြီ။ အဲဒီ့တရားစွဲဆိုမှုမှာ အဲဒီ့မိတ်ဆွေဖြစ်သူ Adeel Shah Khan က Ali ရဲ့ နာမည်ကိုသုံးကာ account အတူတစ်ခုဖွင့်ခဲ့ပြီး ဝတ်လစ်စလစ်ပုံ အတုဖြစ်အောင် photoshop နဲ့ပြုပြင်ထားတဲ့ သူမရဲ့ ဓာတ်ပုံတွေကို တင်ခဲ့တယ်လို့ဆိုပါတယ်။
Ali က facebook ဟာသူမရဲ့ပုံတွေအတွက် အကြိမ်းပေါင်းများစွာ အကြောင်းကြားခဲ့ပေမယ့်လည်း မြန်သင့်သလောက် မြန်မြန်မဖျက်ခဲ့ဘူးလို့ ခံစားရတာဖြစ်ပါတယ်။ ပြီးတော့သူမ တရားစွဲဆိုရတဲ့ ဒေါ်လာ ၁၂၃ သန်းဆိုတာ ဂဏန်းအစဉ်အတိုင်း ရေးထားလို့ဆိုတဲ့ အကြောင်းပြချက် မဟုတ်ပါဘူး။ ဒါဟာ ဒီပုံတွေကို တွေ့သွားနိုင်ခဲ့တဲ့ Facebook အသုံးပြုသူပေါင်း ၁.၂၃ ဘီလီယံ တစ်ယောက်ချင်းစီရဲ့ ၁၀ ရာခိုင်နှုန်း ဖြစ်တာကြောင့်ပါ။ အထူးသဖြင့် Ali ရဲ့ကိုယ်ရေးကိုယ်တာကို ထိခိုက်ခံနေရချိန်းမှာ Facebook က သူမရဲ့စောဒကတက်မှုတွေကို အရေးတယူမလုပ်ခဲ့တာကြောင့် ဒီကိစ္စက အလွန်အရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်တယ်လို့ Ali ရဲ့ရှေ့နေကယုံကြည်နေပါတယ်။
Trend Myanmar

ပါလက်စတိုင်း လွတ်မြောက်ရေး ထောက်ခံအားပေးတဲ့ Post ကိုတင်ပြီးနောက် အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေ ကြုံတွေ့နေရတဲ့ One Direction အဆိုတော် Zayn Malik


ဒီအရှေ့အလယ်ပိုင်းဒေသကပြိုင်ဆိုင်မှုနဲ့ပါတ်သတ်ပြီး သူ့ရဲ့မှတ်ချက်ပေးမှုတွေအပြီးမှာ One Direction ရဲ့ Zayan Malik တစ်ယောက် အငြင်းပွားမှုများစွာကိုဖြစ်စေပြီး ဒါဟာတစ်ကမ္ဘာလုံးကြားသိခဲ့ရတဲ့ tweet တစ်ခုဖြစ်ခဲ့ပါတယ်။
ပါလက်စတိုင်းအပေါ်သူ့ရဲ့ထောက်ခံမှုကိုပြတဲ့အနေနဲ့ Malik ဟာ ‘‪#‎FreePalestine‬ဆိုတဲ့သတင်းစကားကို သူ့ရဲ့ ၁၃ သန်းကျော်သော Twitter ပရိတ်သတ်တွေထံကို tweet လုပ်ခဲ့ပါတယ်။ Malik ရဲ့ဖခင် Yaser Malic ကဗြိတိသျှ-ပါကစ္စတန်နီ ဖြစ်ပြီး မိခင် Patricia ကဗြိတိသျှလူမျိုးဖြစ်တဲ့အတွက် သူဟာအရှေ့အလယ်ပိုင်းသွေးရောသူတစ်ဦးဖြစ်ပါတယ်။ ပါလက်စတိုင်း ၁၀၀၀ ယောက်နဲ့၊ အစ္စရေးလ် ၅၉ ယောက်ကို သေဆုံးစေခဲ့တဲ့ ဂါဇာဒေသကို အစ္စရေးလ်ရဲ့ အင်ပြည့်အားပြည့် ထိုးစစ်ဆင်မှုကြောင့် Malik ရဲ့ post ကပိုပြီးအခြေအနေဆိုးတဲ့ကာလနဲ့ကြုံတွေ့ခဲ့ရဖွယ်ရှိပါတယ်။
ဒီသတင်းစကားက One Driection ပရိတ်သတ်တွေကြား အထူးသဖြင့် အစ္စရေးလ်မှာအခြေစိုက်သူတွေကြားမှာ ဒေါသထွက်မှုတွေဖြစ်စေခဲ့ပါတယ်။ အချို့သောသူတွေက အဆိုတော်ကို ‘ကိုယ့်ကိုကိုယ်သတ်သေလိုက်’ နဲ့အခြားတစ်ယောက်က ‘မင်းကိုငါသတ်မယ်’ စတဲ့ဒေါသထွက်နေတဲ့ သတင်းစကားတွေနဲ့ ရမ်းရမ်းကားကား သတင်းစကားတွေနဲ့ tweet ပြန်လုပ်ခဲ့ပါတယ်။
Mailk ရဲ့သတင်းစကားကို retweet ပြန်လုပ်ခဲ့မှုပေါင်း ၂၂၀၀၀၀ ကြိမ်ကျော်ခဲ့ပြီး ဆက်လက်လည်းတိုးပွားနေပါတယ်။
Trend Myanmar

ဆံပင်၊ အသားအရေနဲ့ လက်သည်း အလှအပကြိုက်သူတွေ စားသုံးသင့်တဲ့ အစားအစာများ


အလှပြင်ပစ္စည်းတွေ တစ်မျိုးပြီးတစ်မျိုး ပြောင်းသုံးနေတာ ငြီးငွေ့နေပြီလား။ ခန္ဓာကိုယ် အလှအပအတွက် ဆေးတွေ သင့်အတွက် အကျိုးသက်ရောက်မှု မဖြစ်စေတော့ဘူးဆိုရင် စိတ်မပူပါနဲ့။ လတ်ဆတ်တဲ့ သဘာဝအစားအစာတွေက သင့်အရေပြားနှင့် ဆံကေသာတွေကို အကောင်းဆုံးဖြစ်အောင် ဖန်တီးပေးပါလိမ့်မယ်။ အလှအပအတွက် အလွယ်ဆုံး နှင့် အထိရောက်ဆုံး နည်းလမ်းတွေကို အောက်မှာ ဖတ်ရှုလေ့လာကြည့်ပါ။
(၁) စတော်ဘယ်ရီသီး
စတော်ဘယ်ရီသီးက သွားတွေကို အရောင်စွန်းခြင်းကနေ ကာကွယ်ပေးပါတယ်။ အဆီပြန်ခြင်းကို ထိန်းချုပ်ပေးတဲ့အပြင်ချွေးပေါက်တွေကို ကျဉ်းစေပြီး သွားတွေပေါ်ကပ်နေတဲ့ ဂျီးတွေကို ဖယ်ထုတ်ပေးပါတယ်။ အန္တရာယ်ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးမယ့် vitamin- C အသင့်အသင့်လည်း ပါဝင်နေပါတယ်။
(၂) ဂွာနာစေ့
ဂွာနာစေ့တွေမှာ ဘီ-ဗီတာမင် ၊ ဖော့လစ်အက်စစ်နှင့် ဘိုင်အိုတင်းတွေ ပါဝင်တာကြောင့် ဆံပင်နဲ့ အရေပြားကို ချောမွေ့စေပါတယ်။ ၎င်းမှာပါဝင်တဲ့ ဗီတာမင်နဲ့ ပရိုတင်းဓာတ်ကြောင့် ဆံပင်သားကို နက်မှောင် စိုစွတ်စေပြီး မွေးညင်းပေါက်တွေကို အာဟာရဓာတ်ရစေတာကြောင့် ဆံပင်ကြီးထွားမှုနှုန်း မြန်ဆန်စေပါတယ်။ နောက်ပြီး ၎င်းမှာပါဝင်တဲ့ ဗီတာမင် အီးက ခန္ဓာကိုယ် ရဲ့အဆီထွက်နှုန်းကို မျှခြေဖြစ်အောင် ထိန်းပေးပါတယ်။
(၃) ငရုတ်ကောင်း
ငရုတ်ကောင်းမှာ တောက်ပတဲ့ ဆံကေသာနှင့် လန်းဆန်းကျစ်လစ်တဲ့ အရေပြားဖြစ်စေဖို့ ဗီတာမင်စီ အလုံအလောက်ပါဝင်ပါတယ်။ ၎င်းဗီတာမင်စီက ဦးခေါင်းအရေပြားဆီ အောက်ဆီဂျင် သယ်ဖို့ပေးရာမှာ သွေးကြောဆီလ်တွေကို ကူညီပေးပါတယ်။
(၄) မှို
မှိုတွေမှာ အသားအရေ ပိုမိုသန့်ရှင်းတောက်ပြောင်စေတဲ့ ဘီ-ဗီတာမင်၊ သံဓာတ်၊ ပိုတက်စီယမ် နှင့် ဆယ်လီနမ်တွေပါဝင်ပါတယ်။ အရေပြားပျက်စီးခြင်းကို ကာကွယ်ဖို့နဲ့ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အင်တီအောက်ဆီဒင်း ပါဝင်ပါတယ်။
(၅) ကော်ဖီထုပ်( Kale)
ကော်ဖီထုပ်မှာ ဗီတာမင်စီ အလွန်ကြွယ်ဝစွာပါဝင်ပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့ နေ့စဉ်စားသောက်တဲ့ အစားအစာရဲ့ ၈၀.၄မီလီဂရမ်ထောက်ပံ့ပေးပါတယ်။ ဆီလ်ကြီးထွားမှုနှင့် ဆံပင်၊ အသားအရေလှပခြင်းအတွက် အထောက်အကူဖြစ်စေတဲ့ ဗီတာမင်အေလည်း ပါဝင်ပါတယ်။
(၆) သံလွင်ဆီ
ဆံကေသာကို သန်မာထက်တောက်ပြောင်နူးညံ့ပျော့ပျောင်းစေပါတယ်။ ခန္ဓာကိုယ်ကို ပိန်ချုံးစေတဲ့ DTH ဟော်မုန်းထုတ်လုပ်မှုကို ကာကွယ်ပေးသည့် အပြင် အပူဒဏ်ကြောင့် ဖြစ်တဲ့ ပျက်စီးမှုကိုလျော့ချပေးတဲ့ အင်တီအောက်ဆီဒင်းလည်း ပါဝင်ပါသေးတယ်။
(ရ) ဂရိ ဒိန်ချဉ်
ဂရိ ဒိန်ချဉ် (၆-၈) အောင်စမှာ သာမန်ဒိန်ချဉ်ရဲ့ နှစ်ဆနဲ့ညီမျှတဲ့ ပရိုတင်းဓာတ် ၂၀ ဂရမ်ပါဝင်တယ်။
(၈) အယ်လ်မွန်
Almonds မှာ ဆဲလ်ပျက်စီးမှုကို ကာကွယ်ပေးတဲ့ ဗီတာမင်-အီး ပါဝင်တယ်။ ဟော်မုန်းအလွန်အကျွံထုတ်လုပ်မှုကို တားဆီးပေးတာကြောင့် ဆံပင်သားသေးသွယ်စေဖို့ ကောင်းမွန်တဲ့ မက်နီဆီယမ်လည်းပါဝင်ပါတယ်။

Thursday, July 31, 2014

အော်ရီဒူးဖုန်းလိုင်းများ သြဂုတ် ၁၅ ရက်မတိုင်ခင် Error များရှိနိုင်


အော်ရီဒူးဖုန်းလိုင်းများသည် လက်ရှိအချိန်၌ ဈေးကွက်အတွင်း ကြိုတင်ရောင်းချမှုများရှိနေသော်လည်း အမှန်တကယ်ရောင်းချမည့် နေ့ရက်မှာ သြဂုတ်လ ၁၅ ရက်နေ့ ဖြစ်သည့်အတွက် အဆိုပါနေ့ရက်မတိုင်ခင် အသုံးပြုသူများသည် Error များနှင့် ကြုံတွေ့နိုင်ကြောင်း ကြေညာထားရှိသည်။
အော်ရီဒူး၏ Call Center နံပါတ်သည် ၂၃၄ ဖြစ်ပြီး အသုံးမှု အခက်အခဲများနှင့် ကြုံတွေ့ရပါက အဆိုပါနံပါတ်ဆီသို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။ အော်ရီဒူးဖုန်းလိုင်းများသည် ၃ လအတွင်း သုံးစွဲခြင်းမရှိပါက လိုင်းပိတ်သိမ်းခံရမည်ဖြစ်ပြီး ဆင်းမ်ကတ်များကို မှတ်ပုံတင်မိတ္တူပါရှိမှသာ ရောင်းချ သည်ဟုသိရသည်။ လက်ရှိကြိုတင်ရောင်းချပေးနေသည့် အော်ရီဒူး မိုဘိုင်းဆင်းမ်ကတ်များသည် သတ်မှတ်ထားသည့် ၁၅ ရက်နေ့မတိုင်ခင် ဖေ့စ်ဘုတ်အင်တာနက်စာမျက်နှာကို အခမဲ့အသုံးပြုခွင့် ရရှိမည်ဖြစ်သည့်အပြင် အမျိုးအစားတူ ဆင်းမ်ကတ်များအချင်းချင်း မိနစ် ၉၀၀ အခမဲ့ဖုန်းလိုင်းခေါ်ဆိုခြင်းနှင့် စာတိုစနစ် အစောင် ၉၀၀ ပေးပို့ခွင့်တို့ပါရှိသည်။
သြဂုတ်လ ၁၅ ရက်နေ့အထိ အင်တာနက်စနစ်ကို 20MB အခမဲ့ အသုံးပြုခွင့်ရရှိမည်ဖြစ်သော်လည်း ကန့်သတ်ရက် ကျော်လွန်ပါက 1MB လျှင် ၂၅ ကျပ်ကျသင့်မည်ဖြစ်ကြောင်း အော်ရီဒူးအရောင်း ကိုယ်စားလှယ်များက ပြောဆိုထားသည်။ အဆိုပါ အင်တာနက်ဈေးနှုန်းသည် အသုံးပြုသူများအတွက် များပြားသည့်နှုန်းထားဖြစ်သည်ဟုလည်း အင်တာနက်အသုံးပြုသူများ က ဝေဖန်ထားသည်။ မြန်မာ့ဆက်သွယ်ရေးအနေဖြင့် ဒေတာစနစ်ကူးပြောင်း၍ အင်တာနက်အသုံးပြုခကောက်ခံမည်ဟု ကြေညာခဲ့သောဈေးနှုန်းသည် ယခုကဲ့သို့များပြားခြင်းမရှိခဲ့ကြောင်း အင်တာနက်အသုံးပြုသူများက ဝေဖန် ထောက်ပြခဲ့သည်။
အော်ရီဒူးသည် ၎င်းတို့၏ဖုန်းလိုင်းများအချင်းချင်း ခေါ်ဆိုမှုကို ၂၅ ကျပ်အဖြစ် သတ် မှတ်ပေးခဲ့သော်လည်း မြန်မာ့ဆက်သွယ်ရေးဖုန်းလိုင်းများဆီသို့ ခေါ်ဆိုပါက ၃၅ ကျပ် သတ်မှတ်ခဲ့သည်။ စာတိုပို့စနစ်၌လည်း အော်ရီဒူးသည် မြန်မာ့ဆက်သွယ်ရေး ကောက်ခံသည့်နှုန်းထားများအတိုင်း စာတိုတစ်စောင်လျှင် ၂၅ ကျပ်သာ ပြန်လည်သတ်မှတ်ပေးခဲ့သည်။ ထူးခြားမှုအနေဖြင့် အော်ရီဒူးသည် ၎င်းတို့မိုဘိုင်းဖုန်းအသုံးပြုသူများအတွက် ငွေဖြည့်ကတ်များကို ၁ ထောင်ကျပ်မှစတင်၍ ၂ သောင်းကျပ်အထိ ၀ယ်ယူအသုံးပြုနိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။
Internet Journal