Thursday, April 11, 2013

ထောင်ဝတ်စုံပြန်ပေးဖို့ ဦးဝင်းတင်ငြင်းဆို ======================


မြန်မာနိုင်ငံက ၀ါရင့်နိုင်ငံရေးသမား ဦးဝင်းတင်ကို အစိုးရထောင်အာဏာပိုင်တွေက သူထောင် ထဲကနေ လွတ်လာတဲ့အချိန်တုန်းက၀တ်သွားခဲ့တဲ့ ထောင် ၀တ်စုံ ကိုပြန်ပေးဖို့ တောင်း ဆိုနေတယ် လို့ သိရပါတယ်။

အသက် ၈၃နှစ်ရှိပြီး ၀ါရင့်သတင်းစာဆရာကြီးလည်းဖြစ်တဲ့ ဦးဝင်းတင်ဟာ နိုင်ငံရေးနဲ့ဒီမိုကရေစီ ရရှိရေးအတွက် လှုပ်ရှား မှုတွေကြောင့် ဖမ်းဆီးခံခဲ့ရပြီး ထောင်ထဲ မှာ နှစ်ပေါင်းနှစ် ဆယ်
လောက် နေခဲ့ရသူဖြစ်ပါတယ်။

ဦးဝင်းတင်ကတော့ သူ့မှာအဲဒီထောင်ဝတ်စုံ မရှိတော့တဲ့အကြောင်း နဲ့ အဲဒီအတွက် ပေးရ မယ့် လျော်ကြေးငွေ ကျပ်နှစ်ထောင်ကိုလည်း မပေးနိုင်ဘူးလို့ အေအက်ပီ သတင်းဌာန ကို ပြောခဲ့ပါတယ်။

နောက်ပြီးတော့ ထောင်ဝတ်စုံကို သူခိုးလာတာမဟုတ်တဲ့အတွက် သူပြန်မပေးနိုင်ဘူးလို့လည်း ဦးဝင်းတင်ကပြောပါတယ်။ အဲဒါအပြင် တရားရုံးကတာဝန်ရှိသူတွေက သူ့ကိုယ်စား အာဏာပိုင်တွေ ကို လျော်ကြေးငွေပေး ပေးဖို့ပြောတာကိုလည်း လက်မခံခဲ့ဘူး လို့ဆိုပါတယ်။

ငါးနှစ်ကြာပြီးမှာ အခုလိုမျိုး ထောင်ဝတ်စုံကိုပြန်တောင်းတဲ
အပေါ် နားမလည်နိုင်ကြောင်းနဲ့ အခု လိုမျိုးလုပ်တာ ဟာ ပြည်သူ ပိုင် ပစ္စည်း ခိုးယူမှုနဲ့များ သူ့ကိုတရာစွဲဖမ်းစီးပြီး နောက်ထပ် ထောင် ဒဏ် ၁၀နှစ်လောက်ထပ်ချဦးမလားဆိုပြီး သူ့အနေနဲ့ ယူဆရ တဲ့ အကြောင်းဦးဝင်းတင်ကပြောပါတယ်။

ဦးဝင်းတင်ဟာ ထောင်ထဲကလွတ်မြောက်လာခဲ့တုန်းက ထောင်ဝတ်စုံကိုအပြင်ဝတ်စုံနဲ့လဲပြီး မှ ထောင် ထဲကထွက် ဖို့ အာဏာ ပိုင်တွေ ကပြောသော်လည်း အဲဒီတုန်းကသူ့အနေနဲ့ လဲဖို့ ငြင်း ဆိုခဲ့ပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် အဲဒီနေ့မှာ သူတကယ်လွတ်မြောက် လာ မယ် ဆိုတာ မယုံကြည်လို့ ထောင် ၀တ်စုံကို လဲဖို့ငြင်းဆိုခဲ့တာဖြစ် တယ်လို့ပြောပါတယ်။

အရင်စစ်အစိုးရလက်ထက်တုန်းက သတင်းထောက်တွေ
နိုင်ငံရေးနဲ့ဒီမိုကရေစီရေးလုပ်ရှား သူတွေ၊ နှစ်ထောင်လောက်ကို ဖမ်းဆီးထောင်ချခဲ့ပြီး ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ အဆိုအရ အခုဆို ရင် နိုင်ငံရေး အကျဉ်းသား နှစ်ရာနှစ် ဆယ် ကျော်လောက်
ထောင်ထဲမှာကျန်ရှိနေသေးတယ်လို့ဆိုပါတယ်။

ပုဂံအွန်လိုင်းမီဒီယာ

0 comments:

Post a Comment