Wednesday, April 10, 2013

မာလီတွင် အီးယူက စစ်သင်တန်းများပို့ချ



မာလီတွင် အီးယူက စစ်သင်တန်းများပို့ချအစ္စလာမ်မစ် သပုန်များ ကြီးစိုးရာ မာလီနိုင်ငံတွင် မာလီစစ်သား ၂၆၀၀ ခန့်ကို စစ်သင်တန်းများ ပို့ချသွားရန် ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံများက စတင်စီစဉ်နေပြီ ဖြစ်သည်။

မာလီနိုင်ငံတွင် အစ္စလာမ်မစ် အကြမ်းဖက် အဖွဲ့များကို ပြင်သစ်စစ်တပ်က မာလီစစ်တပ်နှင့် ပှုးပေါင်းပြီး လိုက်လံနှိမ်နှင်း နေချိန်တွင် အီးယူကလည်း စစ်သင်တန်းများ ပို့ချသွားရန် စစ်သင်တန်းနည်းပြ အယောက် ၂၀၀
ကျော်ကို မာလီနိုင်ငံသို့ စေလွှတ်ခဲ့သည်။

အဆိုပါ စစ်သင်တန်း ပို့ချမှုသည် ၁၅ လမျှ ကြာမြင့်မည်ဖြစ်ပြီး ကန်ဒေါ်လာ ၁၆ သန်း ကုန်ကျမည်ဟု တွက်ချက် ထားသည်။ လက်ရှိတွင် မာလီတွင် တပ်စွဲထားသော နိုင်ငံတကာ စစ်သားပေါင်း တစ်သောင်းကျော်နှင့် ရဲထောင်ပေါင်း များစွာတို့ကို နေရပ်သို့ ပြန်ပို့ရန် ကုလသမဂ္ဂ အတွင်းရေး မှူးချုပ် ဘန်ကီမွန်းက နှိုးဆော်ထား သော်လည်း အစ္စလာမ်မစ် စစ်သွေးကြွ များကို တန်ပြန်တွန်းလှန် နိုင်ရန် မာလီတွင် ပြင်သစ်စစ်သား ၁၀၀၀ ခန့်ကို အမြဲတန်း တပ်ဖွဲ့အဖြစ် တပ်ဆွဲထားရန် အဆိုပြုထားသည်။

မာလီနိုင်ငံတွင် အစ္စလာမ်မစ် သောင်းကျန်သူများရန်မှ ကင်းဝေးသွားပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် လုပ်ဆောင်နိုင်မည် ဆိုလျှင် အာဖရိကန် တပ်သား ၆၃၀၀ ကျော်၊ ပြင်သစ်တပ်သား ၄၀၀၀ ကျော်တို့ အပါအဝင် ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂမှ တပ်ဖွဲ့များသည် ပြန်လည် ရုပ်သိမ်းသွားရမည် ဖြစ်သည်။

0 comments:

Post a Comment