အသက် ၇ နှစ်အရွယ် ကောင်မလေးနဲ့ ကောင်လေး တစ်နေရာ မှာ တွေ့ပါတယ်။
ကောင်မလေးမှာ သကြားလုံးများပါလာပြီး ကောင်လေးဆီမှာ ဖန်ဂေါ်လီလုံးများ ပါလာပါတယ်။
ကောင်လေးက သကြားလုံး စားချင်တော့ သကြားလုံး အားလုံးနဲ့ သူ့ဖန်ဂေါ်လီအားလုံး လှဲမယ်လို့ ပြောလိုက်ပါတယ်။ ကောင်မလေး က လည်း သဘောတူတော့ သကြားလုံးနဲ့ ဂေါ်လီလုံးများကို လှဲလိုက် ပါတယ်။
သို့ပေမယ့် ကောင်လေး ကတော့ အလှဆုံး ဖန်ဂေါ်လီတစ်လုံးကို မပေး ပဲ ဝှက်ထားပါတယ်။ ကောင်မလေးကတော့ သူ့သကြားလုံး အားလုံး ကို ပေးလိုက်ပါတယ်။
ညရောက်တဲ့အခါမှာတော့ ကောင်မလေးက အိပ်ပျော်ပေ မယ့် ကောင်လေး တစ်ယောက် အိပ်မပျော်ပါဘူး။ ဖန်ဂေါ်လီ အားလုံး ပေးမယ်လို့ ပြောပြီး အလှဆုံး တစ်လုံး ဖယ်လို့ သူ့အတွက် သိမ်းထားမိတဲ့အတွက် မလုံမလဲနဲ့ ပေးခဲ့ရင် အကောင်းသား လို့တောင် နောင်တရနေမိပါတယ်။
---
သင်ခန်းစာ -
လူတွေဟာ ကိုယ်ပေးစရာ ရှိတာမှန်သမျှ ၁၀၀ ရာခိုင်နှုန်း အပြည့် ပေးတာ အကောင်းဆုံးပါပဲ။ အပြန်အလှန်ပေးဆပ်ရတဲ့ လူမှု ဘဝနေထိုင်မှုမှာ ကိုယ့်အတွက် တစ်ကွက်ချန်လို့ အကျိုးအမြတ် ယူပေမယ့် တစ်ကယ်တန်း ပူလောင်နေရတာက ကိုယ်ကိုယ်တိုင် ပဲ ဖြစ်ပါတယ်။ ရာနှုန်းပြည့် ပေးဆပ်ပြီးသူကတော့ အပူအပင် မရှိအိပ်နိုင်ပါတယ်။
အမှားလုပ်သူကသာ၊ အပြစ်လုပ်သူကသာ မအိပ်နိုင်မစားနိုင် ဖြစ်ရပါတယ်။ အရာဝတ္ထုတင်မကပဲ မထိနိုင်၊မမြင်နိုင်တဲ့ ကိုယ်ချင်းစာတရား၊ ကြင်နာတရား၊ မေတ္တာတရား တို့မှာလည်း ထိုနည်းတူစွာပဲ ဖြစ်ပါတယ်။
--
0 comments:
Post a Comment