Monday, April 8, 2013

ကုန်ကူးခံရသူများအား စောင့်ရှောက်ပေးရေးဆိုင်ရာ ဆင့်ပွား သင်တန်းဆင်းပွဲ ကျင်းပ တာချီလိတ် ၊ ၈-၄-၂၀၁၃

http://myawady-myawady.blogspot.com/2013/04/blog-post_7871.html
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ရှမ်းပြည်နယ် အမျိုးသမီး ရေးရာအဖွဲ့မှ ကြီးမှူး ဖွင့်လှစ်သည့် လူကုန်ကူး ခံရသူ များအား ကာကွယ် စောင့်ရှောက်ရေး ဆိုင်ရာ ဆင့်ပွား သင်တန်း ဆင်းပွဲ အခမ်းအနား ကို ဧပြီလ ၄ ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် တာချီလိတ် ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနား သို့ ခရိုင် / မြို့နယ် အမျိုးသမီး ရေးရာ အဖွဲ့ ဥက္ကဋ္ဌ များ ၊ ဖိတ်ကြား ထားသော ဌာနဆိုင်ရာ တာဝန်ရှိ သူများ ၊ ခရိုင် ရဲတပ်ဖွဲ့မှူးရုံး လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့ ခေါင်းဆောင် ဒုရဲမှူး ယဉ်ယဉ်အေး နှင့် တာဝန် ရှိသူများ ၊ ခရိုင် ၄ ခရိုင်နှင့် မြို့နယ် ၉ မြို့နယ် မှ အမျိုးသမီး ရေးရာ အဖွဲ့ဝင် သင်တန်းသူ ၂၅ ဦး တို့ တက်ရောက် ကြသည်။
အစီအစဉ်အရ ရှမ်းပြည်နယ် အမျိုးသမီး ရေးရာ အဖွဲ့ ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်ဝေ မှ သင်တန်းဆင်း အမှာစကား ပြောကြား ခဲ့ပြီးနောက် သင်တန်း နည်းပြများအား တာဝန်ရှိသူ တို့မှ အမှတ်တရ ဂုဏ်ပြု လက်ဆောင်များ ပေးအပ် ခဲ့ပြီး သင်တန်းဆင်း လက်မှတ် များအား ရှမ်းပြည်နယ် အမျိုးသမီး ရေးရာအဖွဲ့ ဥက္ကဋ္ဌ မှ ပေးအပ်ရာ သင်တန်းသူ များ ကိုယ်စား တာချီလိတ် ခရိုင် အမျိုးသမီး ရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နွေးနွေးလင်း မှ လက်ခံ ရယူ ခဲ့ကြောင်း သိရှိရသည်။



0 comments:

Post a Comment