Tuesday, April 23, 2013

နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် ==========================


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ

နိုင်ငံခြားရေးဝန်ကြီးဌာန

သတင်းထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရသည် မြန်မာနိုင်ငံတော်အပေါ် ဥရောပသမဂ္ဂမှ ချမှတ်ထားသော စီးပွားရေးဆိုင်ရာ ပိတ်ပင်ကန့်သတ်ချက်အားလုံးအား ရုတ်သိမ်းလိုက်သည့် ဥရောပသမဂ္ဂ၏ ၂၀၁၃ ခုနှစ် ဧပြီလ ၂၂ ရက်နေ့ ဆုံးဖြတ်ချက်ကို ဝမ်းမြောက်စွာကြိုဆိုပါသည်။

ဥရောပ သမဂ္ဂသည် မြန်မာအစိုးရ၏ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက် ရှိသောပြုပြင်ရေးဆိုင်ရာ ကြိုးပမ်းအထားထုတ်မှုများကို စိတ်အား ထက်သန်စွာ ထောက်ခံအားပေးလျက် ရှိပြီး ကနဦးအနေဖြင့် ၂၀၁၂ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် ပိတ်ပင် ကန့်သတ်မှုအများစုကို တစ်နှစ် ဆိုင်းငံ့ထားခဲ့ပါသည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရအနေဖြင့် ဥရောပသမဂ္ဂ၏ ဆုံးဖြတ်ချက်သည် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများကို ပြင်းပြစွာ လိုလားလျက် မြန်မာအစိုးရ၏ လွန်ခဲ့သော (၂) နှစ် ကာလ အတွင်းဆောင် ရွက် ခဲ့သော ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို တက်ကြွ စွာ ထောက်ခံလျက်ရှိသည့် ပြည်သူများကို များစွာ အကျိုးရှိစေမည်ဟု ယုံကြည်ပါသည်။

ဥရောပသမဂ္ဂဘက်မှ စီးပွားရေးပိတ်ပင် ကန့်သတ်မှုများ အားလုံးကို ရုတ်သိမ်းလိုက်ခြင်းသည် မြန်မာ-အီးယူ ဆက်ဆံရေးကို အားပေးရာရောက်သည့် အပြင် ပိုမိုနက်ရှိုင်း ကျယ်ပြန့်သော နှစ်ဘက် ပူးပေါင်း ဆောင်ရွက်ခြင်းကိုပါ အကျိုးပြုမည်ဖြစ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

၂၀၁၃ ခုနှစ် ဧပြီလ ၂၃ ရက်

0 comments:

Post a Comment