Thursday, April 11, 2013

ပင်စင်လစာခံစားနေသည့် အငြိမ်းစားများကို ဧပြီလ၊လစာမှစပြီး တိုးမြှင့်ခံစားခွင့်ပြုမည်…




ပင်စင်ဦးစီးဌာနကလက်ရှိပင်စင်လစာခံစားနေသော အငြိမ်းစားများကိုလက်ရှိပင်စင်လစာအပြင် ဝန်ထမ်းများကိုလစာတိုးမြှင့်ခွင့်ပြုလိုက်သော ကျပ် နှစ်သောင်းအပေါ်ပင်စင်နည်းဥပဒေနှင့် အညီတွက်ချက်ပြီး (၂၀၁၃)ခုနှစ်ဧပြီလစာမှစပြီး တိုးမြှင့်ခံစားခွင့်ပြုခဲ့ကြောင်း သိရသည်။ ပင်စင်စားများ တိုးမြှင့်ပင်စင်လစာကို လွယ်ကူမြန်ဆန်စွာ ခံစားခွင့်ရရှိရေးအတွက် ပင်စင် စားများကလျှောက် ထားစရာမလိုဘဲ ပင်စင်ဦးစီး ဌာနက တိုးမြှင့်ပင်စင် လစာသစ် ကို တာဝန်ယူတွက်ချက်ပြီး လက်ရှိပင်စင်ထုတ်ယူ လျှက်ရှိသောမြန်မာ့ စီးပွားရေးဘဏ် ၊လုပ်ငန်းအဖွဲ့အစည်းများသို့အကြောင်းကြားဆောင်ရွက်ေ ပးသွား မည် ဖြစ်ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment