Wednesday, April 10, 2013

သရဏဂုံ နှစ်မျိုး။ •••••••••••••••


(၁) လောကီသရဏဂုံ။

မဂ်ဉာဏ် ဖိုလ်ဉာဏ် မရသေး၍ အရိယာ မဖြစ်သေးသော ပုထုဇဉ်တို့၏ သန္တာန်၌ ရှိသော ယုံကြည် ဆည်းကပ်စိတ်။

ဤလောကီသရဏဂုံသည် သရဏဂုံ ပျက်ခြင်း ၂-မျိုးဖြစ်သော – ဗုဒ္ဓဝါဒမှတပါး တခြား ဘာသာအယူဝါဒကို ပြောင်းလဲ ယုံကြည် ဆည်းကပ်ခြင်းကြောင့် ပျက်ခြင်း၊ သေဆုံး ကွယ်လွန်၍ ပျက်ခြင်း တို့ကြောင့် ပျက်စီးနိုင်၏။

(၂) လောကုတ္တရာသရဏဂုံ။

မဂ်ဉာဏ် ဖိုလ်ဉာဏ်ရသော အရိယာတို့၏ သန္တာန်မှာ ရှိသော ယုံကြည် ဆည်းကပ်စိတ်။

အရိယာတို့၏ သန္တာန်မှာ မဂ်ဉာဏ်နှင့် အတူတကွ ဖြစ်ပေါ်လာသော ရတနာသုံးပါးကို ယုံကြည် ဆည်းကပ်စိတ်သည် ခိုင်မြဲပြီး ဘယ်တော့မှ မပျက်တော့ပေ။

0 comments:

Post a Comment