Monday, April 8, 2013

ရဲတပ်သားသစ် (အမျိုးသမီး) လျှောက်ထားသူ များအား တောင်ငူခရိုင် ရဲတပ်ဖွဲ့ စိစစ်ရွေးချယ်




ပဲခူးတိုင်း ဒေသကြီး တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူးရုံး၌ ရဲတပ်သားသစ် (အမျိုးသမီး) လျှောက်လွှာ တင်သွင်း ထားသူများ စိစစ် ရွေးချယ်ခြင်းကို ဧပြီ ၅ ရက် မွန်းလွဲ ၂ နာရီခွဲက ဆောင်ရွက်ခဲ့သည်။
ထို့နောက် ရဲမှူး ဒေါ်စန်းစန်းဝင်း၊ ဒုတိယ ရဲမှူး မြင့်ဌေးနှင့် တာဝန်ရှိသူ များက လျှောက်လွှာ တင်သွင်းထားသူ ရဲတပ်သားသစ် (အမျိုးသမီး) အင်အား ၄၁ ဦးကို သတ်မှတ် အရည်အချင်း နှင့်ကိုက်ညီမှု ရှိ၊ မရှိ လူတွေ့ခေါ်ယူ စိစစ်ရွေးချယ် ခဲ့ကြပြီး သတ်မှတ် အရည် အချင်းနှင့် ကိုက်ညီသည့် လျှောက်လွှာ တင်သွင်း ထားသူများအား ဧပြီ ၇ ရက်တွင် အမှတ်(၁) ရဲသင်တန်း ကျောင်း၌ သင်တန်း တက်ရောက်ရမည် ဖြစ်ပြီး သင်တန်းအား သုံးလစီ ခြား၍ ဖွင့်လှစ် ပေးသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။





0 comments:

Post a Comment