Friday, April 26, 2013

အိမ်ထောင်ဖက် ရွေးခြယ်ခြင်းနှင့်

အိမ်ထောင်ဖက် ရွေးခြယ်ခြင်းနှင့် ပတ်သက်၍ `ပါသုံးပါ၊ ချာသုံးချာ၊ ကွာသုံးကွာ၊ အိမ်ထောင်ဘက်၊ မပြုရှောင်ကြဉ်ရာ´ဟူသော ရှေးရိုးစဉ်လာ စကားရပ်လေးမှာ မှတ်သားလိုက်နာဖွယ်ကောင်းလှ၏။
♥ ပါသုံးပါမှာ-
၁။ အကြွေးပါလာသူ၊
၂။ ရောဂါဘယပါလာသူ၊
၃။ အပိုစားမည့်သူပါလာသူ။

♥ ချာသုံးချာမှာ-
၁။ ပညာအရည်အချင်း နုံချာသူ၊
၂။ အကျင့်စာရိတ္တ နုံချာသူ၊
၃။ အလုပ်အကိုင် နုံချာသူ။

♥ ကွာသုံးကွာမှာ-
၁။ တိုင်းနိုင်ငံနှင့် လူမျိုးကွာခြားသူ၊
၂။ ဘာသာအယူဝါဒ ကွာခြားသူ၊
၃။ စိတ်ဓာတ်ခြင်း ကွာခြားသူ။

Myanma Spectrum

လှချင်သူများ အိပ်စက်ချိန် လည်းသိအောင် အလှပြင်နည်းများ .............


သင့် အလှအတွက် အိပ်ချိန်တွေကို ထိထိရောက်ရောက် အကျိုးရှိအောင် အသုံးချ တတ်ပါရဲ့လား။ လူ့ဘဝရဲ့ သုံးပုံတစ်ပုံခန့် အချိန်တွေကို အိပ်စက်ခြင်းနဲ့ ကုန်ဆုံးစေတဲ့ အတွက် အိပ်ချိန်တွေကိုပါ အကျိုးရှိအောင် အသုံးချသင့်ပါတယ်။ ဒါမှသာ မနက်ခင်း သင်နိုးထလာတဲ့အခါ လှလှပပနဲ့ လန်းလန်းဆန်းဆန်း နိုးထလာမှာ ဖြစ်ပါတယ်။
- အိပ်စက်စဉ် ကိုယ်ဟန်အနေအထားက အရေးကြီးပါတယ်။ မှောက်ခုံ မအိပ်ပါနဲ့။ သင့်အရေပြားအတွက်ရော၊ သင့်ခါးအတွက်ပါ မကောင်းပါဘူး။ ပျမ်းမျှအားဖြင့် လူတစ်ယောက်ရဲ့ ဦးခေါင်းဟာ ရှစ်ပေါင်ခန့် လေးပါတယ်။ မှောက်ခုံအိပ်ရင် အဲဒီအလေးချိန်က သင့်မျက်နှာပေါ်ကို ဖိစီးကျရောက်နေပါလိမ့်မယ်။ ဒါကြောင့် မနက်ခင်းနိုးထလာတဲ့အချိန် သင့်မျက်နှာမှာ အရေးကြောင်းတွေ ဖြစ်နေပါလိမ့်မယ်။ ပက်လက်အိပ်တာကသာ သင့်အလှအပ အတွက် အကောင်းဆုံးပါပဲ။
- တစ်နေ့လုံး သင့်မျက်နှာမှာ ကပ်နေမယ့် အညစ်အကြေးတွေကို ညအိပ်ရာမဝင်ခင် ဖယ်ရှားသန့်စင်ပေးပါ။ ပြီးရင် ညအိပ်ရာဝင်ချိန် သင့်အရေပြားကို အစိုဓာတ် ထိန်းပေးထားဖို့အတွက် Night Cream လိမ်းပေးပါ။ မျက်လုံးထောင့်က ကျီးခြေရာ အရေးကြောင်းတွေကို လျော့ပါး သက်သာစေဖို့အတွက် Eye Cream ကို ညင်ညင် သာသာ လိမ်းပေးပါ။
- သင့်ခြေထောက်တွေ ကြမ်းတမ်း အက်ကွဲနေရင် ညအိပ်ရာဝင်ချိန်မှာ Vaseline Pertroleum Jelly ကို သုတ်လိမ်းပြီး ချည်သား ခြေအိတ်စွပ်ပါ။
- အိပ်ရာဝင်ချိန် သင့်လက်သည်းက Cuticle တွေပေါ်မှာ သံလွင်ဆီ သုတ်လိမ်းပေးရင် လက်သည်းတွေကို ကျန်းမာလှပစေပါတယ်။

ငွေကျပ် ၃၁ သိန်းကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ


ဧပြီ ၁၉ ရက်က မြစ်ကြီးနားမှ မန္တလေးသို့ ထွက်ခွာမည့် ရထားပေါ်၌ မူးယစ် သတင်းအရ ရှာဖွေရာ ငွေကျပ်၃၁ သိန်းကျော်တန်ဖိုးရှိ ဘိန်းဖြူများကို ရှာဖွေ ဖမ်းဆီး ရမိခဲ့သည်။

ဖြစ်စဉ်မှာ ဧပြီ ၁၉ ရက် မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမှ မန္တလေးသို့ ထွက်ခွာမည့် အမှတ်(၅၈) အစုန်ရထား ပေါ်တွင် မူးယစ်ဆေးဝါးများ သယ်ဆောင် လာကြောင်း သတင်းအရ မြစ်ကြီးနား (မူးယစ်)တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များက ရထား ရဲတပ်ဖွဲ့ဝင်များ၊ သက်သေများနှင့် အတူ ပူးပေါင်းကာ ရိုးရိုးတန်း တွဲ(၃) ခုံအမှတ်(၂၃)တွင် စီးနင်း လိုက်ပါလာသူ ငယ်ငယ် ဆိုသူအား စစ်ဆေး ရှာဖွေရာ ၎င်းသယ်ဆောင်လာသည့် ခေါက်ဆွဲ ဂျပ်ဖာအတွင်း ခေါက်ဆွဲထုပ် များဖြင့် ရောနှောကာ အစိမ်းရောင် ဆပ်ပြာခွက် နှစ်ခွက်အတွင်း ဘိန်းဖြူအမှုန့် ၁၃ ဂရမ် ပါတစ်ထုပ်နှင့် ၁၃ ဒသမ ၃ ဂရမ်ပါတစ်ထုပ်၊ ကာလ တန်ဖိုးငွေကျပ် ၃၁၂၈ဝဝဝ ရှိဘိန်းဖြူ ၃၉ ဒသမ ၁ ဂရမ်အား ရှာဖွေဖမ်းဆီး ရမိခဲ့သည်။ ၎င်းဘိန်းဖြူများမှာ မိုးကောင်းမြို့နမ္မနကျေး ရွာနေ ရွှေမိုး(ခ)မိုးကြည်ပိုင် ပစ္စည်းများ ဖြစ်ကာ ဘိန်းဖြူများကို သယ်ဆောင်ခ ငွေကျပ် သုံးသိန်းဖြင့် တစ်ဆင့် သယ်ယူ ပေးကြောင်း သိရသည်။

ဖြစ်စဉ်ကြောင့် မူးယစ်ဆေးဝါးများ လက်ဝယ် တွေ့ရှိသူ ငယ်ငယ်၃၉ နှစ်(ဘ) ဦးတင်ဝင်းနှင့် ရွှေမိုး(ခ)မိုးကြည် ၃၆ နှစ်(ဘ)ဦးသန်းလှ မိုးကောင်း မြို့နယ် နေသူနှစ်ဦးအား မြစ်ကြီးနားမြို့ အမှတ်(၂) ရဲတပ်ဖွဲ့စခန်းမှ (ပ)၂၃/၂ဝ၁၃ ၊ မူး/စိတ်ပုဒ်မ၁၅/၁၉(က)/၂၁ အရ အမှုဖွင့် အရေး ယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

http://bit.ly/15MnDkd

ရှမ်းပြည်မြောက်ပိုင်းမှာ နေ့စဉ်ဆိုသလို တိုက်ပွဲဖြစ်ပွားနေ


ပြီးခဲ့တဲ့မတ်လက ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး အဖွဲ့နဲ့ KIO တို့ ရွှေလီမြို့မှာ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြပြီး နောက်ပိုင်း ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ (၄) နယ်မြေအတွင်း အစိုးရတပ်တွေနဲ့ KIA တပ်တွေ နေ့စဉ်ဆိုသလို တိုက်ပွဲတွေဖြစ်နေတယ်လို့ KIA တပ်မဟာ (၄) တပ်မှူး ဗိုလ်မှူးကြီး ဇော်ရော်က ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်၊ တာမိုညဲ၊ နမ္မတူ မြို့နယ်တွေအပြင်၊ နမ္မတူနဲ့ နမ့်ဆန်ကြားဒေသတွေမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး တပ်မဟာ (၄) တပ်မှူး ဗိုလ်မှူးကြီးဇော်ရော်က အခုလိုပြောပါတယ်။

“ဟုတ်ပါတယ်၊ နေ့တိုင်းပစ်နေတာပါ၊ အမြဲလိုက်ပြီးတော့ ထိုးစစ်ဆင်နေတာ၊ ကျွန်တော်တို့တစ်ဖွဲ့တည်းကို ထိုးတာမကပဲနဲ့ ပလောင်ရော၊ ရှမ်းရောအကုန်လုံးကို တစ်ပြိုင်တည်း ထိုးစစ်ဆင်နေတာ၊ ကချင်ကိုနားထားပြီးမှ ရှမ်းပြည်ဘက်ကို ပြန်ဦးလှည့်လာတာလားလို့”

KIA တပ်မဟာ (၄) နယ်မြေတွေအပြင် SSA မြောက်ပိုင်းတပ်တွေနဲ့ ပလောင်တပ်တွေကိုပါ အစိုးရတပ်က ထိုးစစ်ဆင်နေတယ်လို့ ဗိုလ်မှူးကြီးဇော်ရော်က ပြောပါတယ်။

RFA

ရဲတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှုကို လျစ်လျူကာ ၈၈ များ အစိုးရကို အပုပ်ချ



လက်ပံတောင်း ဒေသတွင် ၈၈နှင့် ဗကသ များ၏ ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်မှုကြောင့် ဒေသခံများ နားယောင် ပြီး ရဲတပ်ဖွဲ့ဝင်များကို ထိပ်တိုက်ရင်ဆိုင်မှုများ ပြုလုပ်ခဲ့ကြသည်။ ပထမဦးစွာ အော်ဟစ်ဆဲဆိုခြင်း၊ ခဲများဖြင့် ပစ်ပေါက်ခြင်း၊ လေးဂွများဖြင့် ပစ်ခြင်း၊ ရေသန့်ဗူးများတွင် ဓာတ်ဆီထည့်ကာ မီးစထည့်၍ ပစ်ခတ်ခြင်းများကို ပြုလုပ်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များစွာ ဒဏ်ရာရရှိခဲ့သည်။ ထို မင်းမဲ့စရိုက် အကြမ်းဖက်မှုများကို အားပေးအား မြှောက်သည့် ၈၈ အဖွဲ့များက ကြေငြာချက် တစ်စောင် အချိန်ကိုက် ထုတ်ပြန်ခဲ့သည်။

ထိုကြေငြာချက်တွင် ဒေသခံများကို မြှောက်ပေးလှုံ့ဆော်သဖြင့် ရဲတပ်ဖွဲ့အား တိုက်ခိုက်မှုများကို လျစ်လျူရှုကာ အာဏာပိုင်များကသာ အကြမ်းဖက်နှိမ်နှင်းသဖြင့် ကန့်ကွက်ကြောင်း စသည့် အချက်များဖြင့် အစိုးရကို အပုပ် ချခဲ့သည်။

၈၈ ကျောင်းသား အမည်ခံ မင်းကိုနိုင်သည် မိထ္ထီလာ အရေးအခင်း စတင်သည့်အခါတွင်လည်း စစ်ဖိနပ်အောက် ရောက်သွားချင်သလား အကြောင်းပြကာ ဆူပူသူများအပေါ် လှုံ့ဆော်ခဲ့သည်။ ၈ လေးလုံး အရေးအခင်းကြီး ဖြစ်ပွားသည်အထိ လှုံ့ဆော်ခဲ့သော ၈၈ မျိုးဆက်အမည်ခံ ထောင်ထွက်ကျောင်းသား များအား ပြည်သူလူထုမှ ရွံရှာ မုန်းတီးလျှက် ရှိသည်။

လတ်တလော သတင်းများအရ ၈၈ အမည်ခံ ကျောင်းသားများသည် နယ်စပ်တစ်လျှောက်မှ လက်နက်ကိုင်များ ထကြွနိုင်စေရန် ပြည်တွင်းဆူပူမှုများ ဖန်တီးသွားရန် စီစဉ်လျှက် ရှိပြီး ၈ လေးလုံးကဲ့သို့ ဆူပူမှုမျိုး ဖြစ်လာစေရန် စီစဉ် ဆောင်ရွက်လျှက်ရှိသည်။ ၄င်းတို့နှင့် အတူ အခြေခံဥပဒေကို ပြင်ဆင်ပြီး တိုင်းရင်းသား ဖြစ်လိုသူများက လည်း အချိန်ကိုက် လုပ်ဆောင်ကာ ငွေကြေးများ ထောက်ပံ့ပေးလျှက် ရှိကြောင်း သိရသည်။

ဓာတ်ပုံ- ကေအိုင်အေ တပ်ဖွဲ့များနှင့် တွေ့ဆုံကာ ပြည်တွင်းနှင့် နယ်စပ် တစ်ပြိင်နက် လှုပ်ရှားရန် အကွက်ချခဲ့သည့် မင်းကိုနိုင်နှင့် ၈၈ အမည်ခံများ
ရဲတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှုကို လျစ်လျူကာ ၈၈ များ အစိုးရကို အပုပ်ချ
===============================================
လက်ပံတောင်း ဒေသတွင် ၈၈နှင့် ဗကသ များ၏ ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်မှုကြောင့် ဒေသခံများ နားယောင် ပြီး ရဲတပ်ဖွဲ့ဝင်များကို ထိပ်တိုက်ရင်ဆိုင်မှုများ ပြုလုပ်ခဲ့ကြသည်။ ပထမဦးစွာ အော်ဟစ်ဆဲဆိုခြင်း၊ ခဲများဖြင့် ပစ်ပေါက်ခြင်း၊ လေးဂွများဖြင့် ပစ်ခြင်း၊ ရေသန့်ဗူးများတွင် ဓာတ်ဆီထည့်ကာ မီးစထည့်၍ ပစ်ခတ်ခြင်းများကို ပြုလုပ်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များစွာ ဒဏ်ရာရရှိခဲ့သည်။ ထို မင်းမဲ့စရိုက် အကြမ်းဖက်မှုများကို အားပေးအား မြှောက်သည့် ၈၈ အဖွဲ့များက ကြေငြာချက် တစ်စောင် အချိန်ကိုက် ထုတ်ပြန်ခဲ့သည်။

ထိုကြေငြာချက်တွင် ဒေသခံများကို မြှောက်ပေးလှုံ့ဆော်သဖြင့် ရဲတပ်ဖွဲ့အား တိုက်ခိုက်မှုများကို လျစ်လျူရှုကာ အာဏာပိုင်များကသာ အကြမ်းဖက်နှိမ်နှင်းသဖြင့် ကန့်ကွက်ကြောင်း စသည့် အချက်များဖြင့် အစိုးရကို အပုပ် ချခဲ့သည်။

၈၈ ကျောင်းသား အမည်ခံ မင်းကိုနိုင်သည် မိထ္ထီလာ အရေးအခင်း စတင်သည့်အခါတွင်လည်း စစ်ဖိနပ်အောက် ရောက်သွားချင်သလား အကြောင်းပြကာ ဆူပူသူများအပေါ် လှုံ့ဆော်ခဲ့သည်။ ၈ လေးလုံး အရေးအခင်းကြီး ဖြစ်ပွားသည်အထိ လှုံ့ဆော်ခဲ့သော ၈၈ မျိုးဆက်အမည်ခံ ထောင်ထွက်ကျောင်းသား များအား ပြည်သူလူထုမှ ရွံရှာ မုန်းတီးလျှက် ရှိသည်။

လတ်တလော သတင်းများအရ ၈၈ အမည်ခံ ကျောင်းသားများသည် နယ်စပ်တစ်လျှောက်မှ လက်နက်ကိုင်များ ထကြွနိုင်စေရန် ပြည်တွင်းဆူပူမှုများ ဖန်တီးသွားရန် စီစဉ်လျှက် ရှိပြီး ၈ လေးလုံးကဲ့သို့ ဆူပူမှုမျိုး ဖြစ်လာစေရန် စီစဉ် ဆောင်ရွက်လျှက်ရှိသည်။ ၄င်းတို့နှင့် အတူ အခြေခံဥပဒေကို ပြင်ဆင်ပြီး တိုင်းရင်းသား ဖြစ်လိုသူများက လည်း အချိန်ကိုက် လုပ်ဆောင်ကာ ငွေကြေးများ ထောက်ပံ့ပေးလျှက် ရှိကြောင်း သိရသည်။

ဓာတ်ပုံ- ကေအိုင်အေ တပ်ဖွဲ့များနှင့် တွေ့ဆုံကာ ပြည်တွင်းနှင့် နယ်စပ် တစ်ပြိင်နက် လှုပ်ရှားရန် အကွက်ချခဲ့သည့် မင်းကိုနိုင်နှင့် ၈၈ အမည်ခံများ

မိန်းကလေးများ သတိပြု ဖတ်သင့် မှတ်သင့်သော အချက်များ



၁။ ။ ညအချိန်မှာ ဓါတ်လှေကားနဲ့ အထပ်မြင့် အဆောက်အဦကို လူစိမ်းယောကျာ်း တစ်ဦးနဲ့ နှစ်ေ ယာက်တည်း တူတူ တက်ရဖို့ အခြေ အနေကြုံ လာခဲ့မယ် ဆိုရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ဓါတ်လှေကားထဲကို ဝင်လိုက်ပါ... ပြီးရင် ကိုယ်သွား ရမယ့် အထပ်ထိ အထပ်တိုင်းရဲ့ ခလုတ်ကို အကုန်နှိ ပ်လိုက်ပါ... ဥပမာ ကိုယ်သွား ရမယ့်အထ ပ်က ၉ လွှာဆိုရင် ၁ကနေ ၉ အထိ အကုန်နှိပ် ထားလိုက် ပါ... အထပ်တိုင်းမှာ ရပ်မယ့်

Read more == >>>> http://www.todaymyanmar.net/2013/04/blog-post_2406.html

Tuesday, April 23, 2013

နိုင်ငံတော်သမ္မတ၏ အမိန့်ဖြင့် နိုင်ငံခြားသား ၃ ဦးအပါအ၀င် အကျဉ်းသား၊အကျဉ်းသူ ၉၃ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ရာ
နိုင်ငံရေးအကျဉ်းသားအချို့ပါဝင်

Read More ===>http://news-eleven.com/politics/19071

၂ဝ၁၅ မတိုင်ခင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မည်



လာမယ့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမတိုင်ခင် မြန်မာနိုင်ငံရဲ့ လက်ရှိအခြေခံဥပဒေကို ပြင်ဆင်ဖို့ဆောင်ရွက်နေကြောင်း သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းက မနေ့က ပြောကြားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ဟာ တနင်္လာနေ့ညနေပိုင်းက နယူးယောက်မြို့ ကိုလံဘီယာ တက္ကသိုလ်မှာ မြန်မာကျောင်းသူ ကျောင်းသားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲအတွင်း ကျောင်းသူကျောင်းသားတွေရဲ့ မေးခွန်းတွေကို ဖြေကြားရာမှာ ၀န်ကြီး ဦးအောင်မင်းက အခြေခံဥပဒေ ပြင်ဆင်ရေးဆောင်ရွက်နေကြောင်း ဖြေကြားခဲ့တယ်လို့ တွေ့ဆုံပွဲတက်ရောက်ခဲ့သူ ပြင်ပလေ့လာသူ ဦးခင်ဇော်က RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ရမယ်၊ ဒေါ်အောင်ဆန်းစုကြည် ဝင်အရွေးခံနိုင်ဖို့ ပြင်ဖို့လည်း သူတို့လုပ်ဆောင်နေပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ မဖြစ်ဖို့က ပြည်သူရဲ့ အဆုံးအဖြတ်ပါ၊ ဒေါ်အောင်ဆန်းစုကြည်လို သမ္မတမျိုးတွေကိုလည်း သူတို့လိုလားပါတယ်လို့ ပြောသွားပါတယ်"

ဒါ့ပြင် မြန်မာနိုင်ငံမှာ စစ်တပ်ဟာ သမ္မတရဲ့လက်အောက်မှာသာရှိနေကြောင်း၊ လက်ရှိ ပြည်တွင်းပဋိပက္ခအားလုံး မကြာခင်ချုပ်ငြိမ်းသွားတော့မှာဖြစ်ကြောင်း ၀န်ကြီး ဦးအောင်မင်းက ပြောကြားခဲ့တယ်လို့သိရပါတယ်။

အဲဒီတွေ့ဆုံပွဲကို ကိုလံဘီယာတက္ကသိုလ်က မြန်မာကျောင်းသူ ကျောင်းသားတွေ၊ ဆရာ ဆရာမတွေ၊ လေ့လာသူတွေ အပါအ၀င် စုစုပေါင်းတစ်ရာကျော် တက်ရောက်ခဲ့ကြပါတယ်။

တွေ့ဆုံပွဲမှာ ၀န်ကြီးဦးအောင်မင်းရဲ့ ဖြေကြားချက်တွေနဲ့ ပတ်သက်ပြီး တွေ့ဆုံပွဲတက်ရောက်ခဲ့သူ ပြင်ပလေ့လာသူ ဦးခင်ဇော်ကို ဦးသစ်ဆင်းက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် ==========================


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ

နိုင်ငံခြားရေးဝန်ကြီးဌာန

သတင်းထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရသည် မြန်မာနိုင်ငံတော်အပေါ် ဥရောပသမဂ္ဂမှ ချမှတ်ထားသော စီးပွားရေးဆိုင်ရာ ပိတ်ပင်ကန့်သတ်ချက်အားလုံးအား ရုတ်သိမ်းလိုက်သည့် ဥရောပသမဂ္ဂ၏ ၂၀၁၃ ခုနှစ် ဧပြီလ ၂၂ ရက်နေ့ ဆုံးဖြတ်ချက်ကို ဝမ်းမြောက်စွာကြိုဆိုပါသည်။

ဥရောပ သမဂ္ဂသည် မြန်မာအစိုးရ၏ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက် ရှိသောပြုပြင်ရေးဆိုင်ရာ ကြိုးပမ်းအထားထုတ်မှုများကို စိတ်အား ထက်သန်စွာ ထောက်ခံအားပေးလျက် ရှိပြီး ကနဦးအနေဖြင့် ၂၀၁၂ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် ပိတ်ပင် ကန့်သတ်မှုအများစုကို တစ်နှစ် ဆိုင်းငံ့ထားခဲ့ပါသည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရအနေဖြင့် ဥရောပသမဂ္ဂ၏ ဆုံးဖြတ်ချက်သည် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများကို ပြင်းပြစွာ လိုလားလျက် မြန်မာအစိုးရ၏ လွန်ခဲ့သော (၂) နှစ် ကာလ အတွင်းဆောင် ရွက် ခဲ့သော ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို တက်ကြွ စွာ ထောက်ခံလျက်ရှိသည့် ပြည်သူများကို များစွာ အကျိုးရှိစေမည်ဟု ယုံကြည်ပါသည်။

ဥရောပသမဂ္ဂဘက်မှ စီးပွားရေးပိတ်ပင် ကန့်သတ်မှုများ အားလုံးကို ရုတ်သိမ်းလိုက်ခြင်းသည် မြန်မာ-အီးယူ ဆက်ဆံရေးကို အားပေးရာရောက်သည့် အပြင် ပိုမိုနက်ရှိုင်း ကျယ်ပြန့်သော နှစ်ဘက် ပူးပေါင်း ဆောင်ရွက်ခြင်းကိုပါ အကျိုးပြုမည်ဖြစ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

၂၀၁၃ ခုနှစ် ဧပြီလ ၂၃ ရက်

မြန်မာနိုင်ငံရှိ စားသောက်ဆိုင် လုပ်ငန်းပိုင်ရှင်များ အနေဖြင့် အိမ်နီးချင်း နိုင်ငံများသို့ သွားရောက်လေ့လာနိုင်... **********************************************



မြန်မာနိုင်ငံရှိ လုပ်ကိုင်သော စားသောက်ဆိုင်လုပ်ငန်းပိုင်ရှင်များ အနေဖြင့်
အိမ်နီးချင်းနိုင်ငံ စားသောက်ဆိုင်သို့ စနစ်တကျ လုပ်ကိုင်လည် ပတ်ပုံ၊
သန့်ရှင်းလတ်ဆတ်သော အစားအစာများ၊ အများပြည်သူ၏ ကျန်းမာရေးနှင့်
ကိုက်ညီမည့် အစားအစာများကို ချက်ပြုတ်လုပ်ဆောင်သည့် နည်းလမ်း
များကို လေ့လာနိုင်ရန် မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း
က စီစဉ်ထားကြောင်း သိရသည်။ အဆိုပါအစီအစဉ်အရ (၂၀၁၃)ခုနှစ်
၊ မေလ (၂၂)တွင် ပထမဦးဆုံး ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်မည့်
World of Food Asia 2013 ပြပွဲနှင့် ဗဟုသုတရရှိမည့် နေရာများသို့
သွားရောက်လေ့လာရန် စီစဉ်ထားကြောင်း၊ စားသောက်ဆိုင်ပိုင်ရှင်များ
အနေဖြင့် အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံစားသောက်ဆိုင်များ အသင်း
ဖုန်းနံပါတ် (၀၉-၄၂၁၀၈၂၆၈၇၊၀၉-၇၃၁၉၂၂၀၀)ကို ဧပြီလ (၂၅)ရက်နေ့
နောက်ဆုံးထားပြီး စားရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

စော်ဘွားကြီးကုန်း ၀န်းအတွင်းရှိ ငွေလမင်း သံပစ္စည်း ရောင်းဝယ်ရေးဆိုင်တွင် ဧပြီလ ၂၃ ရက် မွန်းလွဲ ၂ နာရီခွဲ အချိန်တွင် ဂတ်စ်အိုး ပေါက်ကွဲမှုကြောင့် သုံးဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက Eleven Media Group သို့ ပြောကြားခဲ့သည်။

(အသေးစိတ်ကို ဆက်လက်ဖော်ပြသွားပါမည်)

လေပြင်းများတိုက်ခတ်၍ မန္တလေး၊နေပြည်တော်၊ ဧရာဝတီနှင့် ရှမ်းပြည်နယ် တို့တွင် နေအိမ်အဆောက်အဦများ ပြိုကျပျက်စီး




မန္တလေးတိုင်းဒေသကြီး၊ ၀မ်းတွင်းမြို့နယ်တွင်ဧပြီ၂၂ရက် ညနေ၃နာရီ၅၀
အချိန်က လေပြင်း တိုက်ခတ်မှုကြောင့် ၀မ်းတွင်းမြို့နယ်၊ ရိုးစုံကျေးရွာရှိလာ
ဘသိဒ်္ဓိဘုရားနှင့်ရန်ပြေဘုရား၂ဆူ၏ထီးတော်မြေခပြီး ကျေးရွာ(အမက)
ကျောင်း၏သွပ်မိုးများ လွင့်ကျပျက်စီးကာ လူနေအိမ် ၂၀ လုံး အမိုးလန်ပျက်
စီးခဲ့ကြောင်း၊ သပြေသာကျေးရွာနှင့် ကျန်ကျေးရွာအချို့တွင်လည်း ပျက်စီး
ဆုံးရှုံးမှုများ ရှိကြောင်း မြန်မာနိင်ငံရဲတပ်ဖွဲမှ သိရှိရသည်။
ထို့ပြင်ည့ ၉နာရီက မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ငယ်တိုးရပ်
ကွက် ဈေးကုန်းရပ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါ်သို့ လက်ပံ
ပင်လဲကျပြီး လူ(၂)ဦး ပိတ်မိနေကြောင်း၊ ကိုဌေးဝင်း၏နေအိမ်ရှေ့မှ ပင်စည်
လုံးပတ်(၁၂)ပေခန့်ရှိ လက်ပံပင်မှာ ကိုတင့်၊ မစမ်းရီတို့၏နေအိမ် (ကုန်စုံဆိုင်)
နှင့် ကိုထက်နိုင်၊ မနွယ်နွယ်ဦးတို့၏ လက်ဖက်ဆိုင်ပေါ်သို့လဲကျကာ ဈေးလာ
ဝယ်သည့် တစ်ရပ်ကွက်တည်းနေ မစမ်းရီ(၃၈)နှစ်နှင့် မောင်ပြည့်(၁၂)နှစ်တို့ ၂ ဦးအား သစ်ပင်အောက်တွင်ပိမိနေသည်ကိုတွေ့ရှိရသဖြင့်ရပ်ကွက်နေပြည်
သူများနှင့် ပူးပေါင်းကယ်ဆယ်ခဲ့သည်။ ၎င်းတို့ ၂ ဦးမှာ ထိခိုက်ဒဏ်ရာများ
ရရှိခဲ့သဖြင့် မန္တလေးဆေးရုံကြီးသို့ တင်ပို့ကုသလျက်ရှိကြောင်းသိရှိရသည်။
ဧပြီ၂၂ ရက်နေလယ်၁နာရီ၃၀ အချိန် ဧရာဝတီတိုင်းဒေသကြီး၊အိမ်မဲမြို့နယ်
၊အဖိုက် ကျေးရွာတွင်၁၀စက္ကန့်ကြာမျှ လေဆင်နှာမောင်း တိုက်ခတ်ခဲ့ရာ လူ
/တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့်ကျေးရွာမူလတန်းကျောင်းရှိ
ပေ(၆၀x၃၀) ကျောင်းဆောင်၏အနောက်ဘက်ခြမ်းမှ အမိုးသွပ်(၂၀)ချပ်
ခန့်ပြုတ်ထွက်ပျက်စီးပြီး စာသင်ကျောင်းအရှေ့ မျက်နှာစာမှ စင်္ကြန်တိုင်(၃)လုံးတိမ်းစောင်းကာ ဒိုင်း/မျှားအချို့ ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ယင်းနေ့ ညနေက နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်း လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ပိတောက်ချောင်းကျေးရွာအုပ်စု၊ ကွမ်းခြံကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ သိမ်အမိုးအုတ်ကြွပ်(၁)ဘက်လန်ပြီး အမက(မူလွန်)ကျောင်းအတွင်းရှိ စိန်ပန်းမြိုင်စာသင်ဆောင် ထရံ(၁)ချပ်လန်ကာ အဆိုပါကျေးရွာနေ သက်နိုင်ဝင်း(ခ)စော်ဘွား ပါ ၃ ဦးတွင် ဒဏ်ရာများရရှိခဲ့ ကြောင်း၊ လေးကသိန်းကျေးရွာတွင် အမကကျောင်း ခေါင်မိုးတစ်ခြမ်းလန်ပြီး နေအိမ်(၆၅)လုံး၊ နွားတင်းကုပ်(၂)လုံး၊ နွားစာခြံ(၄)လုံးနှင့် စပါးကျီ(၃)လုံး ပျက်စီးခဲ့ကြောင်း၊ သော်မှော်ကုန်းကျေးရွာတွင် ထရံကာ/၀ါးကြမ်းခင်း/သက္ကယ်မိုးနေအိမ်(၆)လုံးပြိုကျပြီး (၃)လုံး အမိုးလန်ခဲ့ကြောင်း၊ ကံသာအေး ကျေးရွာတွင် ထရံကာ/၀ါးကြမ်းခင်း/သက္ကယ်မိုးနေအိမ်(၂)လုံးပြိုကျပြီး (၁)လုံး အမိုးလန်ခဲ့ကြောင်းနှင့် ကျွန်းကုန်းကျေးရွာတွင်လည်း ထရံကာ/၀ါးကြမ်းခင်း/သက္ကယ်မိုးနေအိမ်(၂)လုံး အမိုးလန်ခဲ့ပြီး လူ/တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရသည်။
၎င်းအပြင် ယင်းနေ့ ၁၇၀၀ အချိန် ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်တွင် လေပြင်း တိုက်ခတ်မှုကြောင့် တန့်ယန်းမြို့၊ ရပ်ကွက်(၄)၊ မြို့နယ်စိုက်ပျိုးရေးရုံးဝင်းအတွင်းရှိ အလျား(၄၅)ပေ၊ အနံ(၁၈)ပေ၊ အမြင့်(၁၂)ပေရှိ ယာယီဂိုဒေါင် သွပ်မိုး/ထရံကာ/ဗြုန်းခင်းအဆောက်အဦ ပြိုကျ ပျက်စီးခဲ့ကြောင်းနှင့် လူ/တိရစ္ဆာန် ထိခိုက်ဒဏ်ရာရှိမှုမရှိကြောင်း မြန်မာနိင်ငံရဲတပ်ဖွဲမှ သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကျပ် ၁၅၀၀ တန် မိုဘိုင်းဖုန်းကတ် ၁၁၉၀၀၀ ကို ပထမဆုံး အသုတ်အဖြစ် စတင်ရောင်းချမည်



4.21.2
ဒဂုံမြို့သစ်တောင်ပိုင်း အမှတ်(၅၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပြည်သူများ ဖုန်းလျှောက်နေမှုကို တွေ့ရစဉ်
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပထမဦးဆုံးလအတွက် ကျပ် ၁၅၀၀ တန် မိုဘိုင်းဖုန်းကတ် ၁၁၉၀၀၀ ကို ဧပြီလ ၂၄ ရက်တွင် စတင်ရောင်းချ ပေးမည်ဖြစ်ပြီး လူဦးရေ လေးသိန်းနီးပါး ရှိသော လှိုင်သာယာမြို့နယ်သို့ ဖုန်းကတ်အရေအတွက် ၆၆၀၀ ဖြင့် အများဆုံး ခွဲတမ်းချရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွက် ခွဲတမ်းဖုန်းကတ် အရေအတွက် ၁၁၉၀၀၀ အနက် အစိုးရ၀န်ထမ်းများ အတွက် ဖုန်းကတ် ၃၀၀၀၀ ရောင်းချပေးမည်ဖြစ်ပြီး အစိုးရ၀န်ထမ်း မဟုတ်သော ပြည်သူများအတွက် ကတ်အရေအတွက် ၈၉၀၀၀ ကို မဲနှိုက်ရောင်းချ ပေးသွားမည်ဖြစ်သည်။
“ခွဲတမ်းကတ် ၁၁၉၀၀၀ ထဲကမှ ဌာန ၇၇ ခုက အစိုးရ၀န်ထမ်း ဦးရေ ၁၂၀၀၀၀ ကျော်အတွက် ခွဲတမ်းကို စုစုပေါင်းရတဲ့ ကတ်အရေအတွက်ရဲ့ လေးပုံတစ်ပုံ သတ်မှတ်ပေးခဲ့တဲ့အတွက် အစိုးရ၀န်ထမ်းတွေက ကတ် ၃၀၀၀၀ ၀ယ်ယူခွင့် ရရှိမှာ ဖြစ်ပါတယ်။ အဓိက ပွင့်လင်းမြင်သာမှုရှိအောင် ရောင်းပြီး ရပ်ကွက်အုပ်ချုပ် ရေးမှူးတွေကို ဖုန်းကတ်တွေ လျှောက်ထားဝယ်ယူခြင်း မပြုစေဘဲ အများပြည်သူကို ဦးစားပေး ရောင်းချပေးဖို့ စီစဉ်ညွှန်ကြားထားတယ်” ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မိုဘိုင်းဖုန်းကတ်များကို မဲနှိုက်ရာတွင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများ၏ စီစဉ်မှုဖြင့် ရောင်းချပေးမည်ဖြစ်ပြီး မြို့နယ်များအား ဖုန်းကတ်ခွဲတမ်းများ ချပေးရာတွင် မြို့နယ်ရှိ လူဦးရေ၊ မြို့နယ်အတွင်း ယခင်ရောင်းချခဲ့ပြီးဖြစ်သော မိုဘိုင်းဖုန်း အရေအတွက်ကို အခြေခံ၍ ခွဲတမ်းသတ်မှတ်ပေးခြင်းဖြစ်သည်။
“မြို့နယ်တွေကို ဖုန်းကတ်တွေ ပြန်ခွဲတဲ့အခါမှာ နံပါတ်တစ်- မြို့နယ်ရဲ့လူဦးရေ၊ နံပါတ်နှစ်-ဆက်သွယ်ရေးက အရင်ရောင်းချ ပေးထားတဲ့ ဖုန်းကတ်စာရင်းတွေနဲ့ ညှိနှိုင်းပြီး ခွဲတမ်းချပေးတာ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းကတ်တွေ ရောင်းချပေးတဲ့ နေရာမှာ လာဘ်ပေး လာဘ်ယူမှုတွေ၊ ပြဿနာတွေ မဖြစ်အောင် ရောင်းချပေးဖို့အတွက် ညွှန်ကြားခဲ့ပြီး ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
တစ်နိုင်ငံလုံး ရောင်းချပေးမည့် မိုဘိုင်းဖုန်းကတ် အရေအတွက် ၃၅၀၀၀၀ ၏ သုံးပုံတစ်ပုံကျော်ခန့် ဖြစ်သည့် ဖုန်းကတ်အရေအတွက် ၁၁၉၀၀၀ ကို ရန်ကုန်တိုင်း ဒေသကြီးမှ ခွဲတမ်းရရှိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အနက် လှိုင်သာယာမြို့နယ်အား ဖုန်းကတ်အရေအတွက် ၆၆၀၀ ဖြင့် အများဆုံး ရောင်းချပေးမည်ဖြစ်ကာ လှိုင်သာယာမြို့နယ်တွင် လက်ရှိ ဖုန်းအလုံးရေ ၇၀၀၀၀ ကျော် ရောင်းချပြီးဖြစ်ကြောင်း သိရသည်။
ဖုန်းကတ်အနည်းဆုံး ခွဲတမ်းရရှိသည့် မြို့နယ်မှာ ဆိပ်ကမ်းမြို့နယ်ဖြစ်ပြီး ယင်းမြို့နယ်တွင် လူဦးရေ ၁၅၅၀ ကျော်သာ ရှိသည့်အနက် ဖုန်းကိုင်ဆောင် အသုံးပြုသူဦးရေ များပြားသောကြောင့် ယင်းမြို့နယ်အတွက် ခွဲတမ်းဖုန်းကတ် ၅၀ သာ ရရှိကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကိုကိုးကျွန်းမြို့နယ် အပါအ၀င် မြို့နယ် ၄၅ ခုရှိပြီး ယခုရောင်းချပေးမည့် စီဒီအမ်အေ ၈၀၀ ဖုန်းကတ်များမှာ ကိုကိုးကျွန်းမြို့နယ်တွင် အသုံးပြုနိုင်ခြင်း မရှိသောကြောင့် ယင်းမြို့နယ်တွင် ရောင်းချပေးမည် မဟုတ်ဟု သိရသည်။

ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်း ပြုပြင်မှု သတ်မှတ်ရက်ထက် ကြိုတင်ပြီးစီးနေ၍ ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့ ပုံမှန်ပမာဏနီးပါး စတင်ရောင်းချ(http://news-eleven.com/business/19047)




4.21.2
တွင်းတူးစင်နှင့် ပလက်ဖောင်းများ ပြုပြင်ခဲ့ရသည့် ရတနာစီမံကိန်းကို တွေ့ရစဉ်
မြန်မာနိုင်ငံ၏ အဓိကရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်း တစ်ခုဖြစ်သော ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်း ပြုပြင်မှုမှာ သတ်မှတ်ရက်ထက် တစ်ရက်ကြိုတင်ပြီးစီး၍ သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ ဧပြီလ ၁၂ ရက်မှ ပုံမှန်ပမာဏနီးပါး စတင်ရောင်းချနေကြောင်း ထိုင်းအခြေစိုက် www. pattaya mail.com ၏ ဖော်ပြချက်အရ သိရသည်။
ထိုင်း PTT ၏ အမှုဆောင် အရာရှိချုပ်နှင့် ဥက္ကဋ္ဌ Pailin Chuchottaworn က “မြန်မာရဲ့ သဘာဝဓာတ်ငွေ့ တင်ပို့မှုက သတ်မှတ်ရက်ထက် တစ်ရက်စောပြီး ဧပြီလ ၁၂ ရက်နေ့ ကတည်းက ပြန်လည်တင်ပို့ ပေးနေပါပြီ။ အခုလက်ရှိမှာ ထိုင်းနိုင်ငံ အနောက်ပိုင်းမှာရှိတဲ့ စက်ရုံများနဲ့ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အား စက်ရုံတွေက မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့တွေကို အရင်လိုပဲ ပြန်လည်ရယူနေပါပြီ။ PTT အနေနဲ့က မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးမှု အခြေအနေ ပုံမှန်အတိုင်း ရောက်ရှိတဲ့အထိ ဆက်လက်စောင့်ကြည့် သွားမှာပါ” ဟု ပြောသည်။
အဆိုပါ ရတနာ သဘာဝဓာတ်ငွေ့သိုက်၏ ထုတ်လုပ်မှု သက်တမ်းမှာ ၁၅ နှစ်ခန့် ရှိနေပြီဖြစ်ပြီး ၅၁ ရာခိုင်နှုန်း ထုတ်ယူပြီးလည်း ဖြစ်သည်။ အဆိုပါ သဘာဝဓာတ်ငွေ့သိုက် ခိုအောင်းရာ ထုံးကျောက်လွှာများနှင့် ဆက်စပ်နေသည့် အပေါ်မြေလွှာများ နိမ့်ကျလာကြောင်းနှင့် ထိုသို့ နိမ့်ကျမှုကြောင့် တွင်းတူးစင်နှင့် ပလက်ဖောင်းများ နိမ့်ဆင်းမှုကြောင့် ယခုလို ပြန်လည်ပြုပြင်ရခြင်း ဖြစ်ကြောင်း သိရသည်။
ရတနာ စီမံကိန်း ပြုပြင်မှုကာလအတွင်း မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံများသို့ ပေးပို့နေသည့် သဘာဝဓာတ်ငွေ့ ကုဗပေ ၁၆၅ သန်းခန့် လျော့နည်းခဲ့ပြီး နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် စက်ရုံများ၊ စက်မှုဇုန်များ၊ အကြီးစား စက်မှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများကိုလည်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု ရပ်တန့်ခဲ့ရသည်။
ရတနာစီမံကိန်းမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ ၁၉၉၈ ခုနှစ် ကတည်းက ၃၆ လက်မ ပိုက်လိုင်းဖြင့် တင်ပို့ရောင်းချခဲ့ပြီး လာမည့် ၂၀၂၈ ခုနှစ်အထိ ရောင်းချနိုင်ရန် စာချုပ်ချုပ်ဆို ထားခဲ့သည်။

မိတ္ထီလာ ပဋိပက္ခကြောင့် ခေတ္တပိတ်ခဲ့သည့် တက္ကသိုလ်များ မေလဆန်း၌ ပြန်ဖွင့်မည်ဖြစ်ပြီး ရပ်နားထားသော တက္ကသိုလ် စာမေးပွဲများကို ပြန်လည်စစ်ဆေးမည်




4.21.2
နည်းပညာ တက္ကသိုလ် (မိတ္ထီလာ) အား ဧပြီလ ၁၉ ရက်က တွေ့ရစဉ်
မိတ္ထီလာမြို့တွင် ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်များကြောင့် မိတ္ထီလာမြို့ရှိ တက္ကသိုလ်များကို မတ်လ ၂၂ ရက်တွင် စတင်ပိတ်ထားခဲ့ရာမှ မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်၊ မိတ္ထီလာ နည်းပညာတက္ကသိုလ်၊ မိတ္ထီလာ ကွန်ပျူတာ တက္ကသိုလ်တို့ကို ယခု မေလဆန်းပိုင်း၌ ပြန်လည်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ သိရသည်။
ထို့ပြင် အဆိုပါ တက္ကသိုလ်များ၌ ဖွင့်လှစ်သင်ကြားလျက်ရှိသော သင်တန်း အသီးသီးကိုလည်း ၂၀၁၃ ခုနှစ် မေလ ၂ ရက်တွင် ပြန်လည်ဖွင့်လှစ် သွားမည်ဖြစ်ပြီး အဆိုပါ သင်တန်းများ၏ ၂၀၁၂-၁၃ ပညာသင်နှစ်အတွက် စစ်ဆေးမည့် ပထမနှစ်ဝက် စာမေးပွဲများကိုလည်း ၂၀၁၃ ခုနှစ် မေလ ၆ ရက်နေ့မှ မေလ ၁၇ ရက်အထိ ပြန်လည်စစ်ဆေးမည် ဖြစ်သည်။
မိတ္ထီလာ နည်းပညာတက္ကသိုလ် စာမေးပွဲကို မတ်လ ၂၁ ရက်မှ ဧပြီလ ၅ ရက်အထိ၊ မိတ္ထီလာ ကွန်ပျူတာ တက္ကသိုလ် စာမေးပွဲကို မတ်လ ၂၅ ရက်မှ ဧပြီလ ၃ ရက်အထိ၊ မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသတက္ကသိုလ်ရှိ စာမေးပွဲကို မတ်လ ၂၈ ရက်မှ ဧပြီလ ၈ ရက်အထိ စစ်ဆေးရန် စာမေးပွဲ အချိန်စာရင်းများ ထွက်ရှိခဲ့သည်။
သို့သော် အဆိုပါ ရက်ပိုင်းအတွင်းမှာပင် မိတ္ထီလာမြို့၌ ပဋိပက္ခအသွင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် စာမေးပွဲ စစ်ဆေးမှုများကို ရပ်ဆိုင်းထားခဲ့ခြင်း ဖြစ်သည်။
သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက "မိတ္ထီလာမြို့နယ်မှာ ရှိတဲ့ တက္ကသိုလ်တွေမှာ ဖွင့်လှစ်နေတဲ့ သင်တန်း အသီးသီးကို မေလ ၂ ရက်မှာ ပြန်ဖွင့်လှစ်ပေးသွားမှာပါ။ စာမေးပွဲ စစ်ဆေးဖို့အတွက် နောက်ဆုတ်ခဲ့ရတဲ့ ပထမနှစ်ဝက် စာမေးပွဲတွေကိုလည်း မေလ ၆ ရက်ကနေ ၁၇ ရက်အထိ အစားထိုး ပြန်လည်စစ်ဆေးမှာပါ" ဟု ပြောသည်။
၂၀၁၃-၂၀၁၄ ပညာသင်နှစ်၌ မိတ္ထီလာရှိ နည်းပညာ တက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူ ၂၄၉၆ ဦး၊ ကွန်ပျူတာ တက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူ ၃၇၈ ဦး၊ မြန်မာ့နိုင်ငံ လေကြောင်းနှင့် အာကာသ တက္ကသိုလ်၌ ကျောင်းသား၊ ကျောင်းသူ ၆၁၄ ဦး၊ နည်းပညာ အစိုးရ အထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူ ၁၃၆ ဦး ပညာသင်ကြားနေသည်။

လူရည်ချွန်များအနက် ထူးချွန်သူများအား ပြန်ရွေး၍ ပြည်ပသို့ စေလွှတ်ရန် စီစဉ်



4.21.2
ထူးချွန်ကျောင်းသားများ တောင်ကြီးမြို့မဈေးသို့ ဧပြီလ ၃ ရက်က လေ့လာရေးခရီး ထွက်စဉ်
၂၀၁၂-၁၃ ပညာသင်နှစ်၌ တစ်နိုင်ငံလုံး အတိုင်းအတာအရ ရွေးချယ်ထားသော လူရည်ချွန် ကျောင်းသား၊ ကျောင်းသူ ၅၀၀ ကျော် ရှိသည့်အနက် ထူးချွန်သော လူရည်ချွန် အချို့အား ပြန်လည်ရွေးချယ်၍ ပြည်ပနိုင်ငံများသို့ လေ့လာရေးခရီးစဉ် စေလွှတ်ရန် စီစဉ်ထားကြောင်း ပညာရေး ၀န်ကြီးဌာနမှ သိရသည်။
လက်ရှိ ရွေးချယ်ထားသော လူရည်ချွန်များအား ပြည်တွင်းလေ့လာရေး ခရီးစဉ်များအဖြစ် အဋ္ဌမတန်း လူရည်ချွန်များကို ပုဂံဒေသသို့လည်းကောင်း၊ န၀မတန်း လူရည်ချွန်များကို အင်းလေးကန် ဒေသသို့ လည်းကောင်း၊ တက္ကသိုလ်ဝင်တန်း လူရည်ချွန်များကို ငွေဆောင်ကမ်းခြေ ဒေသသို့ လည်းကောင်း ဧပြီလ ပထမပတ်အတွင်းက နွေရာသီ လေ့လာရေး ခရီးစဉ်အဖြစ် အသီးသီး စေလွှတ်ခဲ့ပြီး ဖြစ်သည်။
ယင်းသို့ ပြည်တွင်းခရီးစဉ်များအပြီး ၎င်းတို့အနက်မှ ထူးချွန်ထက်မြက်သော လူရည်ချွန် ၂၅ ဦးမှ ၃၀ ဦးခန့် ထပ်မံရွေးချယ်ကာ ပြည်ပခရီးစဉ်များသို့ ထပ်မံစေလွှတ်သွားမည်ဖြစ်ကြောင်း ပညာရေး ၀န်ကြီးဌာန ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။
သို့ရာတွင် အဆိုပါ လူရည်ချွန်များကို ပြည်ပလေ့လာရေး ခရီးစဉ်သို့ စေလွှတ်မည့်နိုင်ငံနှင့် စေလွှတ်မည့် အချိန်များကိုမူ ဆွေးနွေးညှိနှိုင်းနေဆဲ ဖြစ်သည်။
"စေလွှတ်မယ့် အချိန်နဲ့ နိုင်ငံတွေကို လက်ရှိမှာ အသေးစိတ် မသိရသေးပါဘူး" ဟု အမှတ် (၃) အခြေခံ ပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းစန်းရီက ပြောသည်။
အခြေခံ ပညာကဏ္ဍ၌ ဘက်စုံထူးချွန် လူရည်ချွန်ရွေးချယ်မှု အစီအစဉ်များကို ၁၉၈၈ ခုနှစ်နောက်ပိုင်း ရပ်နားခဲ့ရာမှ ၂၀၁၂-၁၃ ပညာသင်နှစ်တွင် ပြန်လည်ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ပေါင်းတည်မြို့တွင် လူနေအိမ်ရပ်ကွက်များအပေါ် ဖြတ်သန်း၍ မဟာဓာတ်အားလိုင်း သွယ်တန်းနေမှုအပေါ် ဒေသခံများမှ ဆန္ဒဖေါ်ထုတ်ပွဲပြုလုပ်



4.22.6

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပေါင်းတည်မြို့တွင် လူနေအိမ်ရပ်ကွက်များ အပေါ်မှ ဖြတ်သန်း၍ မဟာဓာတ်အားလိုင်း သွယ်တန်းနေမှုအပေါ် ဒေသခံများမှ ဆန္ဒဖေါ်ထုတ်ပွဲကို ဧပြီလ ၂၂ ရက်နေ့ နံနက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန္ဒဖေါ်ထုတ်ပွဲတွင် ပေါင်းတည်မြို့မှ ဒေသခံအင်အား ၂၀၀ ခန့်မှ နံနက် ၈ ရီ ၁၅ မိနစ်ခန့်မှ စတင်ကာ ၁၀ နာရီ ၃၀ မိနစ် ခန့်အထိ မြို့ပေါ်ရပ်ကွက်များသို့ စီတန်းလှည့်လည်၍ ဆန္ဒ္ဒဖေါ်ထုတ်ပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ လှည့်လည်ရာ၌ ''၄၄ လမ်းမှ လျှပ်စစ်တာဝါတိုင် ပြောင်းရွှေ့ပေးရေး၊ မူလလမ်းကြောင်းအတိုင်း ထားရှိရေး၊ တည်ဆောက်ရေးမမှန် ဒို့လက်မခံ'' ကြွေးကြော်သံများဖြင့် လည်းကောင်း ''မူလသတ်မှတ်ထားသည့် နေရာမှာ တည်ဆောက်ပါ၊ ၄၄ လမ်းသည် စီမံကိန်းနယ်မြေ မဟုတ်ပါ၊ ပွင့်လင်းမြင်သာစွာ တည်ဆောက်ပါ၊ ပြည်သူ့ဆန္ဒ လိုက်နာကြ၊ မူလလမ်းကြောင်း အခုရွှေ့ပြောင်း'' စာသားများကို ကိုင်ဆောင်၍ ဆန္ဒဖေါ်ထုတ်ခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ ဆန္ဒဖေါ်ထုတ်ခဲ့သည့် အကြောင်းရင်းမှာ ရွှေတောင်မြို့မှ မှော်ဘီ၊ မြောင်းတကာသို့ သွယ်တန်းမည့် ဗို့အား ၂၃၀၀၀၀ မဟာဓာတ်အားလိုင်း အတွက် တာဝါတိုင်များ ဆောက်လုပ်ရာတွင် တည်ဆောက်ရေးအဖွဲ့ အနေဖြင့် ပေါင်းတည်မြို့၊ ဘွဲ့ပင်ကန်ရပ်ကွက်၊ ၄၄ လမ်းရှိ လူနေအိမ်များ အပေါ်သို့ ဖြတ်သန်း၍ သွယ်တန်း ဆောက်လုပ်နေခြင်းအတွက် ဖြစ်ကြောင်း သိရသည်။
"ဗို့အား ၂၃၀၀၀၀ ရှိတဲ့ မဟာဓာတ်အားလိုင်း သွယ်တန်းရာမှာ မူလလမ်းကြောင်းဖြစ်တဲ့ အုန်းသုံးပင် ကျေးရွာအနီး လယ်ကွင်းထဲကဖြတ်ဖို့ ပထမတိုင်းထွာတဲ့ အဖွဲ့က စီစဉ်ခဲ့တာပါ။ ဒါပေမယ့် အခုသွယ်တန်းဖို့ တာဝါတိုင်တွေ လုပ်တဲ့အခါကြတော့ ၄၄ လမ်းက လူနေအိမ်အလုံး ၆၀ အပေါ်က ဖြတ်ပြီး သွယ်တန်းဖို့ လုပ်တယ်။ ဒီလိုလမ်းကြောင်း ပြောင်းလိုက်တဲ့အတွက် တည်ဆောက်ရေး အဖွဲ့အနေနဲ့ တာဝါတိုင် ၃ တိုင်ကနေ ၆ တိုင်အထိ သက်သာသွားတယ်လို့ သိရတယ်။ ဒီလို လုပ်လိုက်လို့ သူတို့အနေနဲ့ ကုန်ကျစရိတ် သက်သာသွားပေမယ့် ပြည်သူတွေကို ထည့်မတွက်ဘူး။ နောက်တချက်က ဓာတ်အားလိုင်းအတွက် သစ်ပင်တွေကိုလည်း ခုတ်ပြစ်တာတွေ ရှိလာမယ်။ အကယ်လို့ သဘာဝဘေးအန္တရာယ် ကျရောက်လာလို့ ရှိရင်လည်း လူနေအိမ်တွေပေါ်မှာက ဗို့အား ၂၃၀၀၀၀ ရှိတဲ့ ဓာတ်ကြိုးကြီး ရှိနေတယ်။ ပြတ်ကျလာလို့ရှိရင် မတွေးရဲစရာပါ။ ပြည်သူတွေက အခုကိုပဲ ရင်ထိတ်နေကြပြီ။ ဒါ့ကြောင့် အခုလို ဆန္ဒဖေါ်ထုတ်ပွဲ လုပ်တာပါ '' ဟု ပေါင်းတည်မြို့ခံ ကိုချစ်ကိုမှ ပြောပြခဲ့သည်။
ယခုကဲ့သို့ ဆန္ဒဖေါ်ထုတ်ရန်အတွက် သက်ဆိုင်ရာသို့ တရားဝင် စာတင်ပြီးမှသာ ခွင့်ပြုချက်ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရကာ ယခုမဟာဓာတ်အားလိုင်း သွယ်တန်းမှုအတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနသို့ တရားဝင် စာတင်ခဲ့သော်လည်း ထူးခြားမှု မရှိခဲ့ကြောင်း၊ စီမံကိန်းအား ဆက်လက် လုပ်ဆောင်နေမည် ဆိုပါက ဆန္ဒဖေါ်ထုတ်ပွဲများ ထပ်မံပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့် လိုအပ်ပါက သပိတ်စခန်းများ ဖွင့်လှစ်သွားရန် အစီအစဉ်ရှိသည်ဟု ဆန္ဒဖေါ်ထုတ်သူများက ဆိုပါသည်။

လက်နက်တင်ပို့မှုမှလွဲ၍ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူ ထားမှုများကို ဥရောပသမဂ္ဂ EU ရုပ်သိမ်း



လက်နက်တင်ပို့မှုမှလွဲ ၍ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို ဥရောပသမဂ္ဂ EU က ရုပ်သိမ်းကြောင်း ဧပြီ လ ၂၂ ရက်နေ့တွင် ကျင်းပသော အစည်းအဝေးတွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဥရောပသမဂ္ဂ EU က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေး၊ ကုန်သွယ်ခွင့်နှင့် လူပုဂ္ဂိုလ် တစ်ဦးချင်းဆိုင်ရာ ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းပေးခဲ့ပြီး မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများအား အသိအမှတ်ပြု ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
သို့ရာတွင် ရုပ်သိမ်းချက်များတွင် မြန်မာနိုင်ငံအပေါ် ထားရှိသည့် လက်နက်ရောင်းချခွင့် ပိတ်ပင်မှုကိုမူ ဆက်လက်ထား ရှိသွားမည် ဖြစ်ကြောင်း သိရသည်။
EU ၏ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူခြင်းများအား ရုပ်သိမ်းခဲ့ခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ''ဥရောပသမဂ္ဂ ၀န်ကြီးများ အစည်းအဝေးက မြန်မာနိုင်ငံမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ပြီး အဲဒါတွေ ဆက်တိုက်ဖြစ်မယ်လို့ မျှော်လင့်တဲ့အတွက် ဒီလိုဆုံးဖြတ်ရတာ ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ကန့်ကွက်သူမရှိ တစ်ညီတစ်ညွှတ်တည်း ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း'' ၎င်း၏ ဖေ့ဘွတ်စာမျက်နှာတွင် ရေးသားခဲ့သည်။
''ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိဂ်က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်စရာတွေ ရှိနေပေမယ့် အခုဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများဟာ သိသာထင်ရှားပြီး လေးနက်တဲ့ အဓိပ္ပါယ်ဆောင်တဲ့အတွက် ပိတ်ဆို့မှုများကို အပြီးတိုင် ဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။ သူကပဲမြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေ တိုးတက် ကောင်းမွန်စေဖို့နဲ့ ပဋိပက္ခများ ဖြေရှင်းနိုင်ရေးအတွက် ဆက်လက်ကူညီ သွားမယ်လို့လည်း ပြောပါတယ်'' ဟု ရေးသားထားသည်။
ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံအပေါ် ထားရှိသည့် အရေးယူပိတ်ဆို့မှုများအား ဇန်န၀ါရီလအတွင်းက ပထမအဆင့် ဖြေလျော့သည့် အနေဖြင့် သမ္မတအပါအ၀င် အစိုးရထိပ်ပိုင်း အရာရှိများအား ဗီဇာပိတ်ပင်တားမြစ်ခြင်းကို ဖြေလျော့ပေးခဲ့သည်။

Thursday, April 11, 2013

မြေနီကုန်းနှင့် ရှစ်မိုင်တွင် ခုံးကျော်တံတား ဆောက်မည် ...........................................................

ရန်ကုန်မြို့တော်၏ လူဦးရေထူထပ်ရာ မြို့ပတ်မြို့နယ်များမှ ရန်ကုန်မြို့တွင်းသို့ ဝင်ရောက်ရာ ပြည်လမ်းမပေါ်ရှိ အချက်အချာ ကျသည့် မြေနီကုန်းနှင့် ရှစ်မိုင်လမ်းဆုံနေရာ တို့တွင် ယခု ဘဏ္ဍာရေးနှစ် (၂၀၁၃- ၂၀၁၄) အတွင်း ခုံးကျော်တံတားသစ် နှစ်စင်းကို တည်ဆောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား)မှ ဒုတိယဌာနမှူး ဦးမျိုးလွင်က ပြောကြားသည်။

ယင်းခုံးကျော်တံတားနှစ်စင်း တည်ဆောက်ရန် လေ့လာစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီး တည်ဆောက်မည့် ရက်နှင့် တည်ဆောက်မည့်ပုံသဏ္ဌာန် အတိအကျကို ပြောကြားနိုင်ခြင်းမရှိသေး ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
"ခုံးကျော်တံတားတွေဆောက်တဲ့ အချိန်မှာတော့ ဒုက္ခခံရမှာပေါ့"ဟု ၁၅ နှစ် ခန့် အဌားယာဉ်မောင်း လုပ်ကိုင်သူ ဦးမင်းနိုင်ကဆိုသည်။

အသစ်ထပ်မံတည်ဆောက်မည့် ခုံးကျော်တံတားနှစ်ခုကို တည်ဆောက်ဆဲ ရွှေဂုံတိုင် ခုံးကျော်တံတားနှင့် ဘုရင့်နောင် ခုံးကျော်တံတားများ ပြီးစီးမှသာ တည်ဆောက်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) ထံမှသိရသည်။

ယခုရန်ကုန်မြို့တော်၌ တည်ဆောက်ဆဲ ခုံးကျော်တံတား သုံးစင်းအနက် လှည်းတန်း ခုံးကျော်တံတားကို ဧပြီလ ၁၀ ရက်နေ့ နံနက်က မော်တော်ယာဉ်များ စတင်ဖြတ် သန်းမောင်းနှင်ခွင့် ပြုခဲ့ရာ လှည်းတန်း လမ်းဆုံ၌ ယာဉ်ကြောပိတ်ဆို့မှု လျော့ပါးသွားသော်လည်း ဟံသာဝတီအဝိုင်းနှင့် မြေနီကုန်း လမ်းဆုံတို့တွင် ပိုမို ပိတ်ဆို့သွား ခဲ့သည်ကို တွေ့ရသည်။

ကရင်နီ ဒုက္ခသည်စခန်းအတွက် စစ်ဆေးရေးဂိတ်တွေ တိုးချဲ့ချထား



ကရင်နီဒုက္ခသည် အမှတ် ၂ စခန်း မီးလောင်မှု ဖြစ်ပွားပြီးနောက် စခန်းအတွင်းကို လူသား
ချင်းစာနာ သူတွေက နေ့စဉ် အ၀င်အထွက် ပြုလုပ်လာခြင်းကြောင့် မယ်ဟောင်ဆောင်ခရိုင်၊
ခွန်ယွန်းမြို့နယ် တာဝန်ရှိသူတွေက သွားလာခွင့် ပိတ်ထား လိုက်တယ်လို့ စခန်းကော်မီတီ
ဥက္ကဌ ဆရာမ ရှယ်လီသန်းက အခုလိုပြောသွားပါတယ်။http://www.myanmardailynews.org/2013/04/blog-post_9363.html

ထောင်ဝတ်စုံပြန်ပေးဖို့ ဦးဝင်းတင်ငြင်းဆို ======================


မြန်မာနိုင်ငံက ၀ါရင့်နိုင်ငံရေးသမား ဦးဝင်းတင်ကို အစိုးရထောင်အာဏာပိုင်တွေက သူထောင် ထဲကနေ လွတ်လာတဲ့အချိန်တုန်းက၀တ်သွားခဲ့တဲ့ ထောင် ၀တ်စုံ ကိုပြန်ပေးဖို့ တောင်း ဆိုနေတယ် လို့ သိရပါတယ်။

အသက် ၈၃နှစ်ရှိပြီး ၀ါရင့်သတင်းစာဆရာကြီးလည်းဖြစ်တဲ့ ဦးဝင်းတင်ဟာ နိုင်ငံရေးနဲ့ဒီမိုကရေစီ ရရှိရေးအတွက် လှုပ်ရှား မှုတွေကြောင့် ဖမ်းဆီးခံခဲ့ရပြီး ထောင်ထဲ မှာ နှစ်ပေါင်းနှစ် ဆယ်
လောက် နေခဲ့ရသူဖြစ်ပါတယ်။

ဦးဝင်းတင်ကတော့ သူ့မှာအဲဒီထောင်ဝတ်စုံ မရှိတော့တဲ့အကြောင်း နဲ့ အဲဒီအတွက် ပေးရ မယ့် လျော်ကြေးငွေ ကျပ်နှစ်ထောင်ကိုလည်း မပေးနိုင်ဘူးလို့ အေအက်ပီ သတင်းဌာန ကို ပြောခဲ့ပါတယ်။

နောက်ပြီးတော့ ထောင်ဝတ်စုံကို သူခိုးလာတာမဟုတ်တဲ့အတွက် သူပြန်မပေးနိုင်ဘူးလို့လည်း ဦးဝင်းတင်ကပြောပါတယ်။ အဲဒါအပြင် တရားရုံးကတာဝန်ရှိသူတွေက သူ့ကိုယ်စား အာဏာပိုင်တွေ ကို လျော်ကြေးငွေပေး ပေးဖို့ပြောတာကိုလည်း လက်မခံခဲ့ဘူး လို့ဆိုပါတယ်။

ငါးနှစ်ကြာပြီးမှာ အခုလိုမျိုး ထောင်ဝတ်စုံကိုပြန်တောင်းတဲ
အပေါ် နားမလည်နိုင်ကြောင်းနဲ့ အခု လိုမျိုးလုပ်တာ ဟာ ပြည်သူ ပိုင် ပစ္စည်း ခိုးယူမှုနဲ့များ သူ့ကိုတရာစွဲဖမ်းစီးပြီး နောက်ထပ် ထောင် ဒဏ် ၁၀နှစ်လောက်ထပ်ချဦးမလားဆိုပြီး သူ့အနေနဲ့ ယူဆရ တဲ့ အကြောင်းဦးဝင်းတင်ကပြောပါတယ်။

ဦးဝင်းတင်ဟာ ထောင်ထဲကလွတ်မြောက်လာခဲ့တုန်းက ထောင်ဝတ်စုံကိုအပြင်ဝတ်စုံနဲ့လဲပြီး မှ ထောင် ထဲကထွက် ဖို့ အာဏာ ပိုင်တွေ ကပြောသော်လည်း အဲဒီတုန်းကသူ့အနေနဲ့ လဲဖို့ ငြင်း ဆိုခဲ့ပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် အဲဒီနေ့မှာ သူတကယ်လွတ်မြောက် လာ မယ် ဆိုတာ မယုံကြည်လို့ ထောင် ၀တ်စုံကို လဲဖို့ငြင်းဆိုခဲ့တာဖြစ် တယ်လို့ပြောပါတယ်။

အရင်စစ်အစိုးရလက်ထက်တုန်းက သတင်းထောက်တွေ
နိုင်ငံရေးနဲ့ဒီမိုကရေစီရေးလုပ်ရှား သူတွေ၊ နှစ်ထောင်လောက်ကို ဖမ်းဆီးထောင်ချခဲ့ပြီး ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ အဆိုအရ အခုဆို ရင် နိုင်ငံရေး အကျဉ်းသား နှစ်ရာနှစ် ဆယ် ကျော်လောက်
ထောင်ထဲမှာကျန်ရှိနေသေးတယ်လို့ဆိုပါတယ်။

ပုဂံအွန်လိုင်းမီဒီယာ

လိပ်ပြာသန့်သန့် အိပ်စက်ခြင်း


အသက် ၇ နှစ်အရွယ် ကောင်မလေးနဲ့ ကောင်လေး တစ်နေရာ မှာ တွေ့ပါတယ်။

ကောင်မလေးမှာ သကြားလုံးများပါလာပြီး ကောင်လေးဆီမှာ ဖန်ဂေါ်လီလုံးများ ပါလာပါတယ်။

ကောင်လေးက သကြားလုံး စားချင်တော့ သကြားလုံး အားလုံးနဲ့ သူ့ဖန်ဂေါ်လီအားလုံး လှဲမယ်လို့ ပြောလိုက်ပါတယ်။ ကောင်မလေး က လည်း သဘောတူတော့ သကြားလုံးနဲ့ ဂေါ်လီလုံးများကို လှဲလိုက် ပါတယ်။

သို့ပေမယ့် ကောင်လေး ကတော့ အလှဆုံး ဖန်ဂေါ်လီတစ်လုံးကို မပေး ပဲ ဝှက်ထားပါတယ်။ ကောင်မလေးကတော့ သူ့သကြားလုံး အားလုံး ကို ပေးလိုက်ပါတယ်။

ညရောက်တဲ့အခါမှာတော့ ကောင်မလေးက အိပ်ပျော်ပေ မယ့် ကောင်လေး တစ်ယောက် အိပ်မပျော်ပါဘူး။ ဖန်ဂေါ်လီ အားလုံး ပေးမယ်လို့ ပြောပြီး အလှဆုံး တစ်လုံး ဖယ်လို့ သူ့အတွက် သိမ်းထားမိတဲ့အတွက် မလုံမလဲနဲ့ ပေးခဲ့ရင် အကောင်းသား လို့တောင် နောင်တရနေမိပါတယ်။

---
သင်ခန်းစာ -

လူတွေဟာ ကိုယ်ပေးစရာ ရှိတာမှန်သမျှ ၁၀၀ ရာခိုင်နှုန်း အပြည့် ပေးတာ အကောင်းဆုံးပါပဲ။ အပြန်အလှန်ပေးဆပ်ရတဲ့ လူမှု ဘဝနေထိုင်မှုမှာ ကိုယ့်အတွက် တစ်ကွက်ချန်လို့ အကျိုးအမြတ် ယူပေမယ့် တစ်ကယ်တန်း ပူလောင်နေရတာက ကိုယ်ကိုယ်တိုင် ပဲ ဖြစ်ပါတယ်။ ရာနှုန်းပြည့် ပေးဆပ်ပြီးသူကတော့ အပူအပင် မရှိအိပ်နိုင်ပါတယ်။

အမှားလုပ်သူကသာ၊ အပြစ်လုပ်သူကသာ မအိပ်နိုင်မစားနိုင် ဖြစ်ရပါတယ်။ အရာဝတ္ထုတင်မကပဲ မထိနိုင်၊မမြင်နိုင်တဲ့ ကိုယ်ချင်းစာတရား၊ ကြင်နာတရား၊ မေတ္တာတရား တို့မှာလည်း ထိုနည်းတူစွာပဲ ဖြစ်ပါတယ်။
--

ရေချိုးဆင်းသည့်မိန်းမပျိုအား BGF ခေါင်းဆောင်၏သား ကိုယ်ထိလက်ရောက်စော်ကား


သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် အမှတ် ၁၀၀၇ နယ်ခြားစောင့်တပ် ခေါင်းဆောင်၏မွေးစားသားက ရေဆိပ်ဆင်းသည့် ဒေသခံအမျိုးသမီးငယ်
အား ကိုယ်ထိလက်ရောက် စော်ကားခဲ့ကြောင်း ဒေသတွင်းသတင်းရပ်ကွက်
ကဆိုပါသည်။

“အရင်က လားဟူပြည်သူ့စစ်တပ်ဖွဲ့ပေါ့။ အခုတော့ အမှတ် ၁၀၀၇ နယ်ခြားစောင့်တပ် ခေါင်းဆောင် ဂျပီးကွယ်။ သူ့ရဲ့ မွေးစား သားပေါ့။ ထိုင်းကပြန်လာတာမကြာသေးဘူး။ ဗမာစကားလဲကောင်းကောင်းမပြော တတ်၊ သျှမ်းစကားကောဘဲ။ ထိုင်းစကား တော့မွှတ်နေတာဘဲ။ နမ့်ဟူးရေဆိပ်မှာ ရေဆင်းချိုးတဲ့ ရပ်ကွက် ၄ က အသက် ၁၉ နှစ်အရွယ် ကောင်မလေးကို လိုက်ဆွဲတယ်။ ဖက်တယ်။ ဘော်ဒီဂတ် ၂ ယောက်လဲ ပါလာတယ်လေ။ ကောင်မလေးက အော်တော့ နောက်တဆိပ်မှာ ရေချိုးနေတဲ့ အမျိုးသားတွေက ရောက်လာတော့မှ ထွက်ပြေးကုန်တာ။ သူ့နောက်လိုက်
တယောက်ဘဲဖမ်းမိတယ်” - ဟု ပုံပါကျင်မြို့ခံ တဦးက သျှမ်းသံတော် ဆင့်အားပြောပြသည်။

ယခုလ ၈ ရက်နေ့ ညနေပိုင်းက နမ့်ဟူးရေဆိပ်၌ ရေဆင်းချိုးသည့် ပုံပါကျင်ဒေသခံ အသက် ၁၉ နှစ်အရွယ် အပျိုမလေး အား အမှတ် ၁၀၀၇ နယ်ခြားစောင့်တပ်ဖွဲ့ခေါင်းဆောင် ဂျပီးကွယ်၏ မွေးစားသား ဂျန ဆိုသူက လိုက်ဖက် ကြောင်း၊ အနီး၌ ရေချိုးနေသည့် အမျိုးသားများ ရောက်လာမှ ဂျနနှင့် ၎င်း၏ ဘော်ဒီဂတ် တို့ထွက်ပြေးကြောင်း၊ ဘော်ဒီဂတ် တဦးအား ဖမ်းမိသဖြင့် ဂျနအား ၉ ရက်နေ့ ညနေပိုင်း၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေ
ရုံးသို့ ရုံးချိန်းခေါ်ယူ သော်လည်း ပျက်ကွက်ခဲ့ကြောင်း လူလတ်ပိုင်း အရွယ်ရှိ ဒေသခံအမျိုးသားက ဆက်လက်ပြောပြသည်။

မောင်ဂျန အား ရပ်ကွက်အုပ်ချုပ်ရေးမှူးမေးမြန်းစဉ်က - “ မိန်းခလေးက ချောတယ်။ သူ့ကိုကြိုက်တယ်။ ဒါကြောင့် လိုက်ဖက်တာ။ သူကျနော့် ကိုယူမယ်ဆိုရင် ကျနော်သူ့ကိုယူမယ်”ဟုထိုင်းဘာသာစကားဖြင့်ပြောကြောင်း
သွားရောက် နားထောင်သည့် ပုံပါကျင်ဒေသခံက ပြောပြသည်။

“ သူ့တပည့်ဖြစ်တဲ့ ဂျတဲကို ရွာသားတွေကဖမ်းမေးတယ်။ ဂျတဲကတော့ တာလေရွာကဘဲဆိုတော့ ရွာသားတွေနဲ့ သိတော့ သူက အကြောင်းစုံပြောပြ
တာ။ ဒါပေမယ့် ဂျပီးကွယ်ရဲ့ သားမှန်းမပြောဘူး။ နောက်တနေ့ ၉ ရက်နေ့ မနက်ပိုင်း လူကြီးအိမ်ကို သူ့ကိုမရမကခေါ်လာတယ်။ လူကြီးတွေနဲ့
စကားပြောတာတောင် မျက်မှန်နက်ကြီးကို မချွတ်ဘူး။ ကျနော့်ကို မသိကြဘူးထင်တယ်တဲ့။ နယ်ခြားစောင့် တပ်မှူးကြီးရဲ့သားပါတဲ့ ။ သူတို့တပ်ဖွဲ့က အရာရှိတချို့လဲသူနဲ့ လိုက်ပါလာတယ် လေ။ နဲနဲခြိမ်းခြောက်
လိုက် တဲ့ပုံစံပေါ့။ ညနေပိုင်း ထွေအုပ်ရုံးမှာ ရုံးထပ်ချိန်းတော့ သူမလာတော့
ဘူး။ ဆိုတော့ ပုံပါကျင် သားတွေ၊ အမျိုးသမီးရေးရာအဖွဲ့တွေ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေကမကျေနပ်ဘူး။ စုပေါင်းလက်မှတ်ထိုးထားတဲ့ စာကို သျှမ်းပြည်အစိုးရအထိ တင်ဖို့ စီစဉ်နေကြပြီ ” ဟုလည်း ဒေသခံအမျိုးသမီးငယ်တဦး ကပြောသည်။

အဆိုပါလက်မှတ်ထိုးထားသည့်တိုင်စာအား သျှမ်းပြည်နယ်ဝန်ကြီးချုပ်အထိ တင်ရန် အမျိုးသမီးရေးရာအဖွဲ့က ဦးဆောင် စီစဉ်ထားကြောင်းဒေသခံများ
ကပြောပါသည်။

ဂျနဆိုသူသည် နယ်ခြားစောင့်တပ်ရင်းမှူးကြီး ဂျပီးကွယ်၏ ထိုင်းလူမျိုး ဇနီးမှ ပါလာသော သားဖြစ်သည်ဟုလည်း ဒေသခံများကပြောဆိုနေကြသည်။

၂၀၁၀ မတ်လကုန်က နယ်ခြားစောင့်တပ်အမှတ် ၁၀၀၇ အသွင်ပြောင်း
လိုက်သော လားဟူပြည်သူ့စစ်တပ်ဖွဲ့တွင် ယခုအခါ ထိုင်းစကားပြောသော တပ်ဖွဲ့ဝင်အများအပြားတွေ့ရကြောင်း၊ ထိုင်းနိုင်ငံ တောင်ပေါ်သား
လက်မှတ်ရထားသူများဖြစ်ဟန် တူကြောင်း ပုံပါကျင်ဒေသခံများ
ကပြောသည်။

သျှမ်းသံတော်ဆင့်

ပင်စင်လစာခံစားနေသည့် အငြိမ်းစားများကို ဧပြီလ၊လစာမှစပြီး တိုးမြှင့်ခံစားခွင့်ပြုမည်…




ပင်စင်ဦးစီးဌာနကလက်ရှိပင်စင်လစာခံစားနေသော အငြိမ်းစားများကိုလက်ရှိပင်စင်လစာအပြင် ဝန်ထမ်းများကိုလစာတိုးမြှင့်ခွင့်ပြုလိုက်သော ကျပ် နှစ်သောင်းအပေါ်ပင်စင်နည်းဥပဒေနှင့် အညီတွက်ချက်ပြီး (၂၀၁၃)ခုနှစ်ဧပြီလစာမှစပြီး တိုးမြှင့်ခံစားခွင့်ပြုခဲ့ကြောင်း သိရသည်။ ပင်စင်စားများ တိုးမြှင့်ပင်စင်လစာကို လွယ်ကူမြန်ဆန်စွာ ခံစားခွင့်ရရှိရေးအတွက် ပင်စင် စားများကလျှောက် ထားစရာမလိုဘဲ ပင်စင်ဦးစီး ဌာနက တိုးမြှင့်ပင်စင် လစာသစ် ကို တာဝန်ယူတွက်ချက်ပြီး လက်ရှိပင်စင်ထုတ်ယူ လျှက်ရှိသောမြန်မာ့ စီးပွားရေးဘဏ် ၊လုပ်ငန်းအဖွဲ့အစည်းများသို့အကြောင်းကြားဆောင်ရွက်ေ ပးသွား မည် ဖြစ်ကြောင်း သတင်းရရှိသည်။

"တရုတ်နှင့် ပျူခေတ် ဆက်စပ်မှု သမိုင်းနောက်ခံ ဇာတ်ကား ယူနန် ရုပ်သံအဖွဲ့ ပုဂံတွင် လာရောက် ရိုက်ကူး"



တရုတ်နိုင်ငံ သမိုင်းနှင့် ဆက်စပ်နေ သော ပျူခေတ် သမိုင်း နောက်ခံ ဇာတ်ကား တစ်ကားကို ယူနန် ရုပ်မြင်သံကြား အဖွဲ့မှ ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ အတွင်း ဧပြီ လ ဆန်းပိုင်းက လာရောက် ရိုက်ကူးလျက်ရှိ ကြောင်း ပြည်တွင်း ခရီးသွား ဧည့်သည်များ ထံမှ သတင်း ရရှိသည်။

”မြန်မာ သရုပ်ဆောင် ရန်ကျော်နဲ့ မေသဉ္ဇာဦး တို့ပါတယ်။ တရုတ်ပြည်က နာမည်ကြီး သရုပ်ဆောင် တွေလည်း ပါတယ်။ ပထမ နေ့က ပုဂံမြို့ဟောင်းထဲမှာ၊ ဒုတိယ နေ့လယ် တော့ နန်းတော်ထဲ မှာ ရိုက်နေတာ တွေ့ခဲ့ရ တယ်”ဟု ပုဂံသို့ ဘုရားဖူး လာရောက် လည် ပတ်သူ တစ်ဦးက ပြောသည်။

သရေခေတ္တရာ ခေတ်တွင် ပျူဂီတ အဖွဲ့နှင့် အနုပညာသည် အဖွဲ့သည် တရုတ်ပြည်ထန် မင်း ဆက် နေပြည်တော် ချန်အန်းသို့ ချစ် ကြည်ရေး သံတမန်ခရီး သွားရောက်ခဲ့ဖူး ကြောင်း၊ ထိုအကြောင်း သမိုင်း မှတ်တမ်း၊ အထောက်အထားများ တရုတ်ပြည် သမိုင်း တွင်ရှိကြောင်း၊ ယခု ဇာတ်လမ်းမှာ အဆိုပါ သမိုင်း အချက် အလက် များအပေါ် အခြေခံ တည်ဆောက်ထားကြောင်း သိရသည်။

”သမိုင်း နောက်ခံကားပေါ့။ ဒါပေမဲ့ အိပ်မက်ဆန်ဆန် ဒဏ္ဍာရီဆန် ဆန်ရောမွှေပြီး ရိုက်သွားမယ်လို့ သိရတယ်” ဟု ရိုက်ကူးရေးတွင် အကူအညီ ပေးနေသော ဒေ သခံ တစ်ဦးက ပြောသည်။ ဇာတ်ကား အမည်မှာ ‘ဒဏ္ဍာရီထဲက တေးကဗျာ’ ဖြစ်ကြောင်း၊ အဆိုပါ ဇာတ်ကားကို တရုတ်ပြည် မှ နာမည် ကြီး သရုပ်ဆောင်၊ ဒါရိုက်တာ Yu Rong Guang မှ ဦးဆောင် ရိုက်ကူးလျက် ရှိကြောင်း၊ ၄င်းသည် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့မှ ပရဟိတ လုပ်ငန်း သံတမန် တစ်ဦး လည်းဖြစ်ကြောင်း သိရသည်။ တရုတ်ပြည် ရွှေလီတွင်လည်း ရုပ်ရှင် စတူဒီယိုများ တည် ဆောက်ကာ ရိုက်ကူးလျက် ရှိကြောင်း သိရသည်။ အဆိုပါရုပ်သံ ဇာတ်လမ်းကို စီစီတီဗွီ ရုပ်သံလိုင်း မှ ထုတ်လွှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

ပုဂံသစ္စာ

Wednesday, April 10, 2013


သရဏဂုံ နှစ်မျိုး။ •••••••••••••••


(၁) လောကီသရဏဂုံ။

မဂ်ဉာဏ် ဖိုလ်ဉာဏ် မရသေး၍ အရိယာ မဖြစ်သေးသော ပုထုဇဉ်တို့၏ သန္တာန်၌ ရှိသော ယုံကြည် ဆည်းကပ်စိတ်။

ဤလောကီသရဏဂုံသည် သရဏဂုံ ပျက်ခြင်း ၂-မျိုးဖြစ်သော – ဗုဒ္ဓဝါဒမှတပါး တခြား ဘာသာအယူဝါဒကို ပြောင်းလဲ ယုံကြည် ဆည်းကပ်ခြင်းကြောင့် ပျက်ခြင်း၊ သေဆုံး ကွယ်လွန်၍ ပျက်ခြင်း တို့ကြောင့် ပျက်စီးနိုင်၏။

(၂) လောကုတ္တရာသရဏဂုံ။

မဂ်ဉာဏ် ဖိုလ်ဉာဏ်ရသော အရိယာတို့၏ သန္တာန်မှာ ရှိသော ယုံကြည် ဆည်းကပ်စိတ်။

အရိယာတို့၏ သန္တာန်မှာ မဂ်ဉာဏ်နှင့် အတူတကွ ဖြစ်ပေါ်လာသော ရတနာသုံးပါးကို ယုံကြည် ဆည်းကပ်စိတ်သည် ခိုင်မြဲပြီး ဘယ်တော့မှ မပျက်တော့ပေ။

ခေတ်မီမြို့ပတ် ကမ်းနားလမ်းနှင့် ဗဟိုစီးပွားရေး အချက်အချာနေရာ (မူဆယ်) စီမံကိန်းကို New Star Light Construction ကုမ္ပဏီ လုပ် ကိုင်ခွင့် ရရှိ


ခေတ်မီမြို့ပတ် ကမ်းနားလမ်းနှင့် ဗဟိုစီးပွားရေး အချက်အချာကျ
(မူဆယ်) စီမံကိန်းအား New Star Light Construction ကုမ္ပဏီအား လုပ်ကိုင်ခွင့် ချထားပေးခဲ့ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။

၂၀၁၃ ခုနှစ် ဧပြီလ ၅ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC ၏ ၁၂/၂၀၁၃ ကြိမ်မြောက် အစည်းအဝေးတွင် New Star Light Construction ကုမ္ပဏီအား ခေတ်မီမြို့ပတ် ကမ်းနား
လမ်းနှင့် ဗဟိုစီးပွားရေး အချက်အချာနေရာ(မူဆယ်)စီမံကိန်း တည်ဆောက်
ခြင်းလုပ်ငန်းအား ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

New Star Light Construction ကုမ္ပဏီအနေဖြင့် အဆိုပါ စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁၆ သန်း အပါအ၀င် ကျပ်သန်းပေါင်း ၅၁,၅၀၀ အထိ ရင်းနှီးမြှုပ်နှံသွားမည်ဟု MIC သို့ တင်ပြထားချက်တွင် ဖော်ပြထားကြောင်း သတင်းရရှိပါသည်။

အဆိုပါ စီမံကိန်းအား မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး မူဆယ်မြို့အား အဆင့်မြင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး
ဆိုင်ရာ စီမံကိန်းများ အကောင်အထည်ဖော် လုပ်ကိုင်ရန်အတွက်
New Star Light Construction ကုမ္ပဏီအပြင် IGE ကုမ္ပဏီမှလည်း တင်ပြလျှောက်ထားခဲ့ကြောင်း သိရသည်။

IGE ကုမ္ပဏီမှလည်း မူဆယ်ဒေသတွင် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အထူးစီမံကိန်း အမည်ဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်ကတည်းက လျှောက်ထားခဲ့ကြောင်း၊
ကုမ္ပဏီ တစ်ခုတည်းအား မြို့ပြစီမံကိန်း တစ်ခုလုံးပေးရန် မသင့်၍ ခွင့်ပြုမပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC အနေဖြင့် ၂၀၁၃ ခုနှစ်အတွင်း အစည်းအဝေး (၁၂) ကြိမ် ပြုလုပ်ထားပြီး မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုပေးခဲ့သည့် လုပ်ငန်းပေါင်း ၃၀ ကျော်အထိ ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုပေးခဲ့သည့် လုပ်ငန်း
များထဲတွင် BOT စနစ်ဖြင့် လမ်းတံတားများအား ပြုပြင်ထိန်းသိမ်းပြီး လမ်းတံတားကြေး ကောက်ခံသည့် လုပ်ငန်းအပါအ၀င် အရက်ဘီယာ လုပ်ငန်းများလည်း ပါဝင်သည်။