Wednesday, April 10, 2013

“ပြည်သူ့ဆေးရုံသစ် သူနာပြု တက္ကသိုလ်ရှေ့တွင် ဗြိတိန်အကူအညီဖြင့် တည်ဆောက်မည်”



ရန်ကုန်ပြည်သူ့ဆေးရုံ (ခွဲ) သစ်ကို သူနာပြုတက္ကသိုလ်ရှေ့(ပြည်လမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်)တွင် တည်ဆောက် မည်ဖြစ်ပြီး ဗြိတိန်အစိုးရက ကူညီမည် ဖြစ်ကြောင်း သိရသည်။

''ဆေးရုံအဆင့်မြှင့် ပြင်ဆင်ဖို့အတွက် ဆေးရုံကြီးထဲမှာရှိနေတဲ့လူနာတွေကို
ဆေးရုံသစ်ဆီကို ရွှေ့ပြောင်းထားရမှာပါ။ အဲဒါကြောင့် သူနာပြုတက္ကသိုလ်
ရှေ့ ပြည်လမ်းလမ်းထောင့်နေရာမှာ ဆေးရုံ သစ်တစ်လုံးဆောက်ဖို့ Master Plan ဆွဲဖို့ စနေပါပြီ။ ခုတင်တစ်ထောင် ဆောက်မယ်လို့တော့ တိတိကျကျ မပြော နိုင်သေးပါဘူး။ ဒီဇိုင်းပုံစံကအစ ဗြိတိန်ကကူညီပေးသွားမယ်လို့ လော့
ဒါဇီ(Lord Darzii) က ပြောပါတယ်။ နည်းပညာပိုင်းမှာရော၊ ဆေးပညာ
ပိုင်းတွေကိုပါ ပံ့ပိုးမှာလို့ ပြောပါတယ်။ ဆေးရုံ အသစ်ကတိုးချဲ့ဆေးရုံလို့ ပြော
လို့ရပါ တယ်။ နောင်ကျရင်လည်း ဆေးရုံအခွဲ တစ်ခုအဖြစ် အသုံးပြုသွားဖို့ ရည်ရွယ် ထားပါတယ်'' ဟု အစည်းအဝေးသို့ တက်ရောက်ခဲ့သော ပြည်သူ့
လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာနေလင်း(ကျန်းမာရေး မြှင့်တင်မှုကော်
မတီ အတွင်းရေးမှူး)က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

အသစ်ဆောက်လုပ်မည့်ဆေးရုံသစ် ၏ Master Plan ကို သုံးလအတွင်း အပြီးအစီးဖြစ်ရန် ရေးဆွဲသွားမည်ဖြစ်ပြီး ဆေးရုံဟောင်း ပြုပြင်မွမ်းမံမည့်အချိန်ကို အတိအကျ ပြောကြားမရသေးကြောင်း ¤င်းက ထပ်လောင်းပြောသည်။

လက်ရှိအချိန်တွင် ရန်ကုန် ပြည်သူ့ ဆေးရုံကြီး ပြုပြင်ရန်အတွက် ငွေကြေး လိုအပ်နေသောကြောင့် ပြည်တွင်းပြည်ပ အကူအညီများ ရယူသွားရ
မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်
က ပြောသည်။

ရန်ကုန် ဆေးရုံကြီးကို အဆင့်မြင့် မွမ်းမံပြင်ဆင်ရန်နှင့် ဆေးရုံ(ခွဲ)သစ် တစ်လုံးကို တည်ဆောက်ရန် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၊ ဗြိတိန်နိုင်ငံမှ ကျန်းမာရေးဝန်ကြီးဟောင်း Lord Darzii၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒ ကျော်စွာ၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးကျော်မြင့် (ကျန်းမာရေးမြှင့်တင် မှုကော်မတီ၊ ဥက္ကဋ္ဌ)၊ ဒေါက်တာနေလင်း (ကျန်းမာရေးမြှင့်တင်မှုကော်မတီအတွင်း ရေးမှူး) ရန်ကုန် ဆေးရုံကြီးမှ
ဆေးရုံကြီးပြုပြင်မွမ်းမံ မည့် ကော်မတီဝင်များနှင့် တာဝန်ရှိ သူများသည် ယင်းကိစ္စနှင့်စပ်လျဉ်း ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်ဆေး ရုံကြီး၌ အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့သည်။

''ဆေးရုံကြီးကို ပြုပြင်ဖို့ လွှတ် တော်က ဖွဲ့စည်းထားတဲ့ ကော်မတီ ဖြစ်တဲ့
အတွက်ကြောင့် လွှတ်တော်က စီစဉ်မှုတွေနဲ့ပဲ သွားရမှာပါ။ခုက ပြုပြင်ဖို့
ငွေလိုနေပါတယ်။ ဒါ ကြောင့်လည်း အခုအစည်းအဝေး တွေလုပ်ပြီး ညှိနှိုင်းနေတာပါ''ဟု ဒေါ်အောင်ဆန်းစုကြည်က အစည်းအဝေးအပြီးတွင်
ပြောကြားခဲ့သည်။

ထို့ပြင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မြင့် (ကျန်းမာရေး
ဝန်ကြီးဟောင်း) ကလည်း ''လော့ဒါဇီက တော်တော်များများကို ကူညီ
မယ်လို့ ပြောတယ်ဆိုပေမယ့် ငွေကြေးဘယ်လောက်အထိ အတိအကျတော့ မပြောသေးပါဘူး။ ခုမှစပြီး အစီအစဉ် ဆွဲနေတာဆိုတော့ ပြည်သူ့လွှတ်တော်
ဥက္ကဋ္ဌကြီးကလည်း ဒီကိစ္စထဲမှာ ဝင်ရောက်ဆွေး နွေးပြောကြားပါတယ်'' ဟု ဆိုသည်။

Lord Darzii သည် ၂ဝဝ၇ ခုနှစ်တွင် ဗြိတိန်အစိုးရ၏ ကျန်းမာ ရေး ဝန်ကြီးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့ပြီး ဆေးပညာပိုင်းဆိုင်ရာ ဘက်တွင် ပိုမိုအာရုံစိုက်နိုင်ရန် အတွက် ၂ဝ၁ဝ ခုနှစ်တွင် ရာထူးမှ နုတ်ထွက်ခဲ့သည်။ ၄င်းသည် ကင် ဆာကဲ့သို့သော ပြန့်ပွားတတ်သည့် ရောဂါများ ခွဲစိတ် ကုသရာတွင် စက်ရုပ်ဖြင့် ခွဲစိတ်သော (Robot Assisted Surgery) နည်းပညာ သုံးစွဲနိုင်ရေးအတွက် ဦးဆောင်ခဲ့ သော ခွဲစိတ်အထူးကု ဆရာဝန်ဖြစ်သည်။ ၁၉၆ဝ ခုနှစ် မေ ၇ ရက်တွင် အမေရိကန်နိုင်ငံသား မိဘနှစ်ပါးမှ အီရတ်နိုင်ငံတွင် မွေးဖွားခဲ့သည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ရန်ကုန်တက္ကသိုလ်တို့အား အဆင့်မင့် မွမ်းမံပြင်ဆင်ရန်အရေးကြီး အဆိုကို ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့ လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးတွင် တင်သွင်းခဲ့ရာ အတည်ဖြစ် ခဲ့ပြီးနောက်ယခုကဲ့သို့ အစီအစဉ်များ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းမှာ ရန်ကုန်ဆေးရုံကြီးသို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်းဖြစ်ကြောင်း ၄င်းနှင့် လိုက်ပါသူတစ်ဦး
၏ ပြောကြားချက်အရ သိရသည်။

0 comments:

Post a Comment