Wednesday, April 3, 2013

အစ္စရေးက ဂါဇာတွင် ဗုံးကြဲတိုက်ခိုက်များ ပြုလုပ်”


အစ္စရေး လေတပ်သည် ဂါဇာတွင် အင်္ဂါနေ့ ညပိုင်းက တိုက်စစ်ဆင် ဗုံးကြဲမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အင်္ဂါနေ့ နံနက် အစောပိုင်းက ပါလက်စတိုင်း စစ်သွေးကြွတို့ ပစ်ခတ်လိုက်သည့် ဒုံးကျည်နှင့် မော်တာများ အစ္စရေး တောင်ပိုင်းသို့ ကျရောက် ပေါက်ကွဲပြီးနောက် အစ္စရေးက ဂါဇာတွင် ညတိုက်ပွဲ ဆင်နွှဲခဲ့ခြင်းဟု မျက်မြင်သက်သေများနှင့် လုံခြုံရေးဌာန သတင်း
ရင်းမြစ်များက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်၊ နိုဝင်ဘာလက အစ္စရေးသည် ဂါဇာတွင် ကြီးမားသော စစ်ဆင်ရေးတစ်ရပ် ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ယခုလို လေကြောင်းမှ ထိုးစစ်
ဆင်ခြင်းသည် ပထမဆုံး ပြန်လည် ပြုလုပ်လာခြင်းလည်း ဖြစ်သည်။

http://www.planet.com.mm/news/read.cfm/id/21334

0 comments:

Post a Comment