Tuesday, April 9, 2013

ပါကစ္စတန် နိုင်ငံတွင် ဒရုန်းလေယာဉ်များ လျှို့ဝှက် ပျံသန်းရေး သဘောတူညီမှု ရရှိ ဟူသော အမေရိကန် မီဒီယာ များ၏ ပြောကြားချက် များအား ပါကစ္စတန် အစိုးရ ငြင်းဆို



ပါကစ္စတန် နိုင်ငံသည် မောင်းသူမဲ့ လေယာဉ်များဖြင့် နိုင်ငံအတွင်းရှိ မျိုးနွယ်စု ဒေသများတွင် လျှို့ဝှက် တိုက်ခိုက်မှုများ ပြုလုပ်ရန် အမေရိကန် ဗဟို ထောက် လှမ်းရေး အေဂျင်စီ (စီအိုင်အေ) နှင့် သဘော တူညီချက် တစ်ရပ်အား လျှို့ဝှက် လက်မှတ်ရေးထိုး ခဲ့သည်ဟူသော အမေရိကန် သတင်း ဌာနများ၏ ထုတ်ပြန်ချက် အပေါ် ပါကစ္စတန် နိုင်ငံက ငြင်းဆိုလိုက်ကြောင်း သိရသည်။

ပါကစ္စတန် နိုင်ငံသည် အမေရိကန် နိုင်ငံနှင့် ၂ဝဝ၄ ခုနှစ်တွင် လျှို့ဝှက် သဘောတူညီမှု တစ်ရပ်အား လက်မှတ် ရေးထိုးခဲ့ပြီး အဆိုပါ သဘော တူညီချက် အရ ပါကစ္စတန် နိုင်ငံ အတွင်း မောင်းသူမဲ့ လေယာဉ် များဖြင့် ပထမဆုံး တိုက်ခိုက်ခဲ့ရာ ပါကစ္စတန်လူမျိုး တာလီဘန် ခေါင်းဆောင် နက်ခ်မူဟာမက်သည် ဝါဇီရစ္စတန် ပြည်နယ် တောင်ပိုင်းတွင် သေဆုံး ခဲ့ရကြောင်း နယူးယောက်တိုင်းမ် သတင်းစာက ထုတ်ပြန် ခဲ့သည်။

ထို့အပြင် စီအိုင်အေ၏ မောင်းသူမဲ့ လေယာဉ် ရာပေါင်း များစွာ၏ တိုက်ခိုက်မှုကြောင့် ပါကစ္စတန်နှင့် အာရပ်ပြည်သူပေါင်း သောင်းနှင့်ချီ၍ သေဆုံး ခဲ့ရပြီး ၎င်း သေဆုံးသူများ အနက် စစ်သွေးကြွများ အပြင် အရပ်သား များလည်း ပါဝင်ကြောင်း အဆိုပါ သတင်းဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

နယူးယောက်တိုင်းမ် သတင်းဌာန၏ ထုတ်ပြန်ချက်သည် တည်ငြိမ် အေးချမ်းလျက် ရှိသော ပါကစ္စတန် နိုင်ငံအား ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာစေရန် ဖန်တီး ထားသည့် အခြေအမြစ် မရှိသော ဝါဒဖြန့်ခြင်းသာ ဖြစ်ကြောင်းနှင့် မောင်းသူမဲ့ လေယာဉ်များဖြင့် တိုက်ခိုက်မှုသည် ပါကစ္စတန် နိုင်ငံ၏ အချုပ်အခြာ အာဏာ နှင့် နိုင်ငံတကာ ဥပဒေအား ချိုးဖောက်ရာ ရောက်ကြောင်း ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေး 
ဆိုခွင့်ရှိသူက တုံ့ပြန် ပြောကြားခဲ့သည်။

0 comments:

Post a Comment