Wednesday, April 10, 2013

အမေရိကန်ကို တွန်းလှန်ရန် မြောက်ကိုရီးယားက နျူကလီးယားအသုံးပြု





မြောက်ကိုရီးယားသည် အန္တရာယ်ရှိသောနိုင်ငံ ဖြစ်ကြောင်း အမေရိကန်မှ
ကြေညာချက် ထုတ်ပြန် လိုက်ပြီးနောက် မြောက်ကိုရီးယား အနေဖြင့် အမေရိကန်ကို တန်ပြန် တွန်းလှန်ရန် နျူကလီးယား လက်နက်များ သုံးစွဲသွားမည် ဖြစ်ကြောင်း အတည်ပြု ကြေညာ လိုက်သည်။ အမေရိကန် နိုင်ငံခြားရေး ဂျွန်ကယ်ရီနှင့် ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ် တို့က
မြောက်ကိုရီးယားကို ပြင်းထန်စွာ ရှုပ်ချလိုက်ခြင်းကို တုန့်ပြန်သည့် အနေဖြင့် မြောက်ကိုရီးယားက နျူကလီးယား လက်နက်များဖြင့် တိုက်ခိုက်ရန် အသင့်အနေအထားရှိနေပြီ ဟုဆိုသည်။

မြောက်ကိုရီးယား ဒုံးလက်နက်များသည် တောင်ကိုရီးယားနှင့် ဂျပန်အထိ ကျရောက်ပေါက်ကွဲ နိုင်ရုံမျှမက နောက်ဆုံးပေါ် တိုက်ချင်းပစ် တာဝေးပစ် ဒုံးလက်နက် များသည် မိုင်ပေါင်း ၆၀၀၀ ကျော် ခရီးနှင် နိုင်သောကြောင့် အမေရိကန် ပြည်ထောင်စု အထိပါ ကျရောက်နိုင်သည်။အမေရိကန် အနေဖြင့်လည်း အဖျက်စွမ်းအား ကြီးမားသော B-52 ဗုံးကြဲ လေယာဉ်
များ၊ ရေဒီယို လှိုင်းများ စွမ်းပကား သုံးပြီး ရေဒါနှင့် ပင်ခြေရာ ခံ၍ မရသည့် B-22 ကိုယ်ပျောက် တိုက်လေယာဉ် များဖြင့် တိုက်ခိုက်ရန် အတွက် စိုင်းပြင်လျက်ရှိသည်။ တောင်ကိုရီးယားနှင့် အမေရိကန် နှစ်နိုငံ ပှုးတွဲ
စစ်ရေး လေ့ကျင့်ခြင်းသည် မြောက်ကိုရီးယား ခေါင်းဆောင်သစ် ကင်ဂျုံအန်း၏ ဒေါသကို နှိုးဆွရာ ရောက်သလို အကြမ်းဖက် မြောက်ကို
ရီးယားကို စိန်ခေါသည့် သဘောလည်း သက်ရောက်သည်။

ယခုအခါ မြောက်ကိုရီးယားတို့ အနေဖြင့် တိုင်းပြည်ဘဏ္ဍာ အတွက် ရန်ပုံငွေများစွာ ရှာဖွေပေးနေသော တောင်-မြောက် စီးပွားရေး ဆက်စပ် ဇုံများ ကိုလည်း ပိတ်ထားလိုက် သောကြောင့် တောင်ကိုရီးယား အလုပ်သမား အနေဖြင့် ထွက်ပေါက်ပိတ်ပြီး အကျပ်ရိုက် နေကြသည်။

0 comments:

Post a Comment