Friday, April 26, 2013

ရဲတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှုကို လျစ်လျူကာ ၈၈ များ အစိုးရကို အပုပ်ချ

လက်ပံတောင်း ဒေသတွင် ၈၈နှင့် ဗကသ များ၏ ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်မှုကြောင့် ဒေသခံများ နားယောင် ပြီး ရဲတပ်ဖွဲ့ဝင်များကို ထိပ်တိုက်ရင်ဆိုင်မှုများ ပြုလုပ်ခဲ့ကြသည်။ ပထမဦးစွာ အော်ဟစ်ဆဲဆိုခြင်း၊ ခဲများဖြင့် ပစ်ပေါက်ခြင်း၊ လေးဂွများဖြင့် ပစ်ခြင်း၊ ရေသန့်ဗူးများတွင် ဓာတ်ဆီထည့်ကာ မီးစထည့်၍ ပစ်ခတ်ခြင်းများကို ပြုလုပ်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များစွာ ဒဏ်ရာရရှိခဲ့သည်။ ထို မင်းမဲ့စရိုက် အကြမ်းဖက်မှုများကို အားပေးအား မြှောက်သည့် ၈၈ အဖွဲ့များက ကြေငြာချက် တစ်စောင် အချိန်ကိုက် ထုတ်ပြန်ခဲ့သည်။

ထိုကြေငြာချက်တွင် ဒေသခံများကို မြှောက်ပေးလှုံ့ဆော်သဖြင့် ရဲတပ်ဖွဲ့အား တိုက်ခိုက်မှုများကို လျစ်လျူရှုကာ အာဏာပိုင်များကသာ အကြမ်းဖက်နှိမ်နှင်းသဖြင့် ကန့်ကွက်ကြောင်း စသည့် အချက်များဖြင့် အစိုးရကို အပုပ် ချခဲ့သည်။

၈၈ ကျောင်းသား အမည်ခံ မင်းကိုနိုင်သည် မိထ္ထီလာ အရေးအခင်း စတင်သည့်အခါတွင်လည်း စစ်ဖိနပ်အောက် ရောက်သွားချင်သလား အကြောင်းပြကာ ဆူပူသူများအပေါ် လှုံ့ဆော်ခဲ့သည်။ ၈ လေးလုံး အရေးအခင်းကြီး ဖြစ်ပွားသည်အထိ လှုံ့ဆော်ခဲ့သော ၈၈ မျိုးဆက်အမည်ခံ ထောင်ထွက်ကျောင်းသား များအား ပြည်သူလူထုမှ ရွံရှာ မုန်းတီးလျှက် ရှိသည်။

လတ်တလော သတင်းများအရ ၈၈ အမည်ခံ ကျောင်းသားများသည် နယ်စပ်တစ်လျှောက်မှ လက်နက်ကိုင်များ ထကြွနိုင်စေရန် ပြည်တွင်းဆူပူမှုများ ဖန်တီးသွားရန် စီစဉ်လျှက် ရှိပြီး ၈ လေးလုံးကဲ့သို့ ဆူပူမှုမျိုး ဖြစ်လာစေရန် စီစဉ် ဆောင်ရွက်လျှက်ရှိသည်။ ၄င်းတို့နှင့် အတူ အခြေခံဥပဒေကို ပြင်ဆင်ပြီး တိုင်းရင်းသား ဖြစ်လိုသူများက လည်း အချိန်ကိုက် လုပ်ဆောင်ကာ ငွေကြေးများ ထောက်ပံ့ပေးလျှက် ရှိကြောင်း သိရသည်။

ဓာတ်ပုံ- ကေအိုင်အေ တပ်ဖွဲ့များနှင့် တွေ့ဆုံကာ ပြည်တွင်းနှင့် နယ်စပ် တစ်ပြိင်နက် လှုပ်ရှားရန် အကွက်ချခဲ့သည့် မင်းကိုနိုင်နှင့် ၈၈ အမည်ခံများ

===============================================

0 comments:

Post a Comment