Wednesday, April 10, 2013

သူပြောသောသူ့အကြောင်း ကော်နီ

"
ပျော်ရွှင်မှုကို ဖန်တီးပေးတဲ့အရာ

အစ်မက ၁၆ နှစ်သမီးကတည်းက အဆို တော် ဖြစ်နေတာလေ။ ၈ နှစ်သမီး ကတည်းက သီချင်းတွေစဆိုနေပြီ။ အစ်မကို ပျော်စေနိုင်တာက ဂီတပဲလို့ ထင်ပါတယ်။

"သည်းမခံပေးနိုင်တဲ့ လုပ်ရပ်"

အသက်ကြီးလာတော့ သည်းမခံနိုင်တာတွေ ပိုများလာတယ်(ရယ်လျက်)။ အစ်မကို ညာတဲ့ ကိစ္စတွေကို သည်းမခံနိုင်ဘူး။ တော်တော်များ များကို သည်းခံနိုင်တယ် လို့တော့ အစ်မထင်ပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ အစ်မလုပ်နေတဲ့ အလုပ်ကအနုပညာအလုပ်ဆိုတော့ သည်းမခံနိုင် လို့ ဘယ်ရမလဲ။ တချို့ ပရိသတ်တွေဆို အရမ်းရစ်တယ်။ မျက်ရည်ပေါက်
ကျအောင် ရစ်လည်း ခံရတာပဲလေ။ အများအားဖြင့်တော့ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကလူတွေနဲ့ ကိုယ်အမြဲဆက်ဆံနေရတဲ့ လူတွေကညာရင်
သည်းမခံနိုင်ဘူး။

"ဘဝရဲ့ နောက်ဆုံးအချိန် အထိ မဖြစ်မနေ လုပ်သွားမယ်ဆိုတဲ့ ကိစ္စ"

ဒါကတော့ ဘုရား၊ တရားကိစ္စတွေပါ။ ဒီ ထက်အသက်ကြီးလာရင် အနုပညာအလုပ် မလုပ်ဘူးလားဆိုတော့ လုပ်ချင်တာပေါ့။ ဒါပေမဲ့ အချိန်အခါနဲ့ အရွယ်ဆိုတာက ရှိသေးတယ်လေ။ အသက်ကြီးလာရင်တော့ အစ်မမဖြစ်မနေလုပ် သွားမှာက ဘုရား၊တရားအလုပ်ပါပဲ။ အခုလက်ရှိ မှာလည်း ဘာသာရေးနဲ့ ပတ်သက်ပြီး နေ့တိုင်း လုပ်နေတာတွေရှိပါတယ်။

"ဘဝမှာ အသက်ရှင်နေရတာ ဘာအတွက်လဲ"

အစ်မမိသားစုအတွက်လို့ ထင်ပါတယ်။ လူဆိုတာ ကိုယ့်ရဲ့ဘဝကို ကိုယ်ရွေးချယ်တာလေ။ အစ်မအခုထိ အသက်ရှင်ရပ်တည်နေတာတော့ အစ်မအမေနဲ့ နောင်တစ်ချိ န်မှာ အလုပ်တွေအား ရင် ဘာသာရေးအလုပ်တွေ လုပ်ဖို့ပါ။

" နိစ္စဓူဝအလုပ်တွေထဲမှာ နေ့တိုင်း လုပ်ဖြစ် နေတဲ့ကိစ္စ "

နေ့တိုင်းလုပ်ဖြစ်တာကတော့ ဘုရားရှိခိုး တယ်။ ခွေးတွေ၊ ကြောင်တွေ ရဲ့ကိစ္စတွေနဲ့ လုံး ပန်းနေဖြစ်တယ်။ လမ်းဘေးခွေးလေးတွေကို အစာကျွေး တယ်။ သတ္တဝါလေးတွေကို လမ်းမှာ တွေ့ရင်တောင် တတ်နိုင် သလောက်လေး လုပ် ပေး ဖြစ်တယ်။ music နဲ့ပတ်သက်ရင်တော့ ငယ်ငယ် တုန်းက မိုးလင်းတာနဲ့ သီချင်းနားထောင် ဖြစ် တယ်။ အသက်ကြီးလာတော့ ဝန်တွေ ပိုလာ တယ်။ ငယ်ငယ်တုန်းက သီချင်းဆိုတဲ့ အလုပ် တစ်ခုပဲ ရှိတယ်။ ကိုယ်ရဲ့အမေနဲ့ မိသားစုက နောက်ကနေပံ့ပိုးပေးခဲ့တယ်။ (အခုကျတော့ အစ်မက အိမ်မှာ အငယ်ဆုံး ဆိုတော့ အရင်တုန်း က အကြီးတွေ လုပ်ထားတဲ့ အလုပ်တွေကကို ပြန်လုပ်ပေးရတဲ့ အချိန်ဖြစ် သွားတော့ အရင်တုန်း ကလို မိုးလင်းရင် music က အဓိက မဟုတ် တော့ ဘူး။ Family နဲ့အပြင် ဗာဟီရတွေက ပိုများ လာတယ်။ နေ့တိုင်း လုပ် ဖြစ်နေ တဲ့အထဲမှာ အစ်မက မသွားချင်ရင်လည်း လူမှုရေးအရ သွား ရတာတွေ များလာတယ်။ အသက်ကြီး လာတော့ ဝန်ဆောင်မှုပေးရတာတွေ များလာတာပေါ့ နော်။

" နောက်တစ်ကြိမ်မလုပ်တော့ဘူးလို့ ဆုံးဖြတ်ထားတဲ့အရာ"

0 comments:

Post a Comment