ဘရာဇီးလ်နိုင်ငံ၊ ဆင်းရဲသား ရပ်ကွက်အတွင်းမှာရှိတဲ့ လမ်းဘေးခွေးတစ်ကောင်ဟာ ရရှိလာတဲ့အစာကို တိရိစ္ဆာန်တွေကို ခွဲဝေကျွေးမွေးခဲ့ တာမို့ အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။ လီလီကာအမည်ရ ခွေးမကြီးဟာ ညစဉ်အ စာရှာထွက်ပြီး ရရှိလာတဲ့အစာတွေကို အခြားခွေးတွေ အပြင် ကြောင်၊ ကြက်စတဲ့ တိရိစ္ဆာန်တွေကို ခွဲဝေကျွေးမွေးခြင်းဖြစ်ပါတယ်။ လီလီကာဟာ တိရိစ္ဆာန်တွေကိုချစ်မြတ်နိုးတဲ့ လူစီယာထံ ညစဉ်သွားပြီး အစာတောင်းလေ့ရှိပါ တယ်။ ဒီလိုသွားရာမှာ ခရီးအကွာအဝေးက လေးမိုင်အထိရှိပြီး မှောင်မိုက်လွန်းတဲ့ညကို ဖြတ်သန်းရတာမို့ အန္တရာယ်အလွန်များတဲ့ အခြေအနေမျိုး ဖြစ်ပါ တယ်။ လူစီယာဟာ တိရိစ္ဆာန်တွေကို ကျွေးမွေးစောင့်ရှောက်နေသူ ဖြစ်ပြီး ပြီးခဲ့တဲ့ သုံးနှစ်တာကာလအတွင်း ညစဉ် လာရောက်တဲ့ လီလီကာကို ပလတ်စ တစ်အိတ်နဲ့ ထုပ်ထားတဲ့ အစာတွေကို ပေးလေ့ရှိပါတယ်။
လူစီယာဟာ အစောပိုင်းတုန်းက လီလီကာရဲ့ အပြုအမူကို နားလည်ခဲ့ခြင်းမရှိပါဘူး။ ဒါပေမဲ့ တဖြည်းဖြည်းကြာလာတဲ့အခါ လီလီကာဟာ စိတ်နှလုံေးကာင်းမွန်တဲ့ ခွေးတစ်ကောင်ဖြစ်ကြောင်း သိရှိလာခဲ့ပါတယ်။ လူစီယာက လီလီကာဟာ အစာစားပြီတဲ့ အခါတိုင်း အိတ်နဲ့ထည့်ထားတဲ့ အစာ တွေကို ယူသွားလေ့ရှိပါတယ်။ နောက်ပိုင်းမှ ဘာကြောင့်ယူသလဲဆိုတာ သိခဲ့ရတာဖြစ်ပါတယ်။ လီလီကာဟာ ရလာတဲ့အစာတွေကို ဘ၀တူ တိရိစ္ဆာန် တွေကို ခွဲဝေကျွေးလေ့ရှိပါတယ်။ တိရိစ္ဆာန် အချင်းချင်းသင်ခန်းစာယူရမည့် အဖြစ် အပျက်ဖြစ်ပါတယ်။ ကျွန်မတို့အတွက်လည်း သင်ခန်းစာယူစရာ ဖြစ်ခဲ့ ပါတယ် လို့ ပြောကြားခဲ့ပါတယ်။ လီလီကာဟာ ည(၉း၀၀) နာရီဝန်းကျင်ဆို အစာလာရောက် တောင်းခံလေ့ရှိကြောင်း၊ လူစီယာက ဆက်လက်ဖွင့်ဟခဲ့ပါ တယ်။ ဘ၀တူတိရိစ္ဆာန်တွေကို အစာခွဲဝေကျွေးမွေးလေ့ရှိတဲ့ ခွေးကလေး လီလီကာရဲ့ အကြောင်းကို ဘရာဇီးလ်ရုပ်သံတစ်ခုက ရိုက်ကူးတင်ဆက်ပြသ ခဲ့ခြင်းဖြစ်ပြီး အတုယူစရာ၊ တွေးစရာတွေ ပါဝင်တာမို့ လူကြိုက်များခဲ့တဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။







0 comments:
Post a Comment