Wednesday, July 23, 2014

ဒေသအများစုတွင်ရေကြီးရေလျှံမြေပြိုနေ



မိုးသည်းထန်စွာရွာသွန်း မှုကြောင့် ပြည်နယ်နှင့်တိုင်းဒေသ ကြီးကိုးခုတွင်ရေကြီးရေလျှံမြေပြို မှုများဖြစ်ပွားလျက်ရှိရာ လူသေ ဆုံးမှုများရှိခဲ့ပြီး ရာနှင့်ချီသော မိသားစုများအား ပြောင်းရွှေ့ပေး ခဲ့ရကြောင်း သတင်းရရှိသည်။
ရေကြီးမှုကြောင့် မွန်ပြည် နယ်တွင် အိမ်ထောင်စု ၁၅ စု၊ ဧရာဝတီတိုင်းတွင် အိမ်ထောင်စု ၇၂ စု၊ ကရင်ပြည်နယ်တွင် လူဦးရေ ၄၅၉ ဦး၊ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မြေပြိုခဲ့သဖြင့် လူခုနစ်ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်း စန်းမော်က ပြောသည်။
ထို့အပြင် ရှမ်းပြည်နယ် မူဆယ်−နမ့်ခမ်းလမ်းပေါ်ရှိ ပန် ခမ်းတံတားတစ်ဝိုက်တွင် ရေကြီး ရေမြုပ်ခဲ့သဖြင့်နယ်စပ်ကုန်သွယ်ရေးထိခိုက်ခဲ့ကြောင်းဒေသခံများထံမှ သတင်းရရှိသည်။
‘‘မြစ်ရေလျှံနေလို့ တရုတ် ကို မြစ်ဆိပ်ကနေတင်ပို့မယ့် ပဲ ကော၊ပြောင်းကောအခြားပစ္စည်း တွေကို ကဲ့မယ့်ကားတွေသွားမရလို့ တင်မရဖြစ်နေတယ်။ မိုးက သဲကြီးမဲကြီးရွာတော့မနေ့က မန်စီ(တရုတ်နိုင်ငံ)သွားတဲ့လမ်းမှာ မြေတွေပြိုတယ်။ ဒီအတိုင်းသာမိုးဆက်ကြီးမယ်ဆိုရင် ကုန်သွယ်မှုသိသိသာသာ လျော့သွားနိုင်ပါတယ်’’ဟု မြန်မာ-တရုတ်နယ်စပ်ဒေသအထောက်အကူပြုအဖွဲ့မှ ကိုထွန်း ကိုကိုကပြောသည်။
ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲနှင့် တောင်ကုတ်မြို့နယ်များ တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ် ခဲ့ပြီး ကားလမ်းရေကျော်မှုများ ကြောင့် ခရီးသည်တင်ကားများ ရေကျရန်စောင့်ဆိုင်းခဲ့ရသည်။
ကရင်ပြည်နယ်လှိုင်းဘွဲ့မြို့ နယ်၌ သီတင်းတစ်ပတ်အတွင်း ကမ်းနားလူနေအိမ်ခြေများ သုံးရက်ခန့်ရေကြီးခဲ့သောကြောင့် ဒုက္ခသည်စခန်းသုံးခုဖွင့်လှစ်ခဲ့ သည်။ ထိုဒုက္ခသည်စခန်းသုံးခု တွင်နေထိုင်သူများအားပြည်နယ် အစိုးရအကူအညီဖြင့်ကြက်ဥနှစ် လုံး၊ ဆန်နှစ်ဘူးပေးဝေခဲ့သည်ဟုသတင်းရရှိသည်။
‘‘အခုတော့ ရေကျသွားလို့ ဒုက္ခသည်စခန်းက အကုန်လုံးပြန် ကုန်ကြပါပြီ’’ဟု ကရင်ပြည်နယ် အစိုးရလူမှုရေးဝန်ကြီးဦးချစ်လှိုင် ကပြောသည်။
ထို့အပြင် ရခိုင်ပြည်နယ်တွင်
လေဆင်နှာမောင်းတိုက်ခတ်ခဲ့သည့်အတွက် အိမ်ထောင်စု ၂၂စုတနင်္သာရီတိုင်းတွင်လေပြင်းတိုက်ခဲ့သည့်အတွက် အိမ်ထောင်စု ၁၆စုအား ပြောင်းရွှေ့ပေးခဲ့ရကြောင်းသတင်းရရှိသည်။
ကချင်ပြည်နယ်တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် မြေပြိုမှုများဖြစ်ပွားခဲ့ရာ
ဇူလိုင်၂၂ ရက်ကလိုင်ဇာမြို့အနီးရှိ ဂျေယန်းစစ်ဘေးဒုက္ခသည်စခန်းတွင် မြေပြို၍ဒုက္ခသည် ငါးဦးသေဆုံးခဲ့သည်။
ချင်းပြည်နယ်တွင်လည်း မြေပြိုမှုများကြောင့် ကားလမ်းအချို့ဆက်သွယ်မှုများပြတ်တောက်ခဲ့ရသည်။
အလားတူ ရန်ကုန်မြို့တွင်ဇူလိုင် တတိယပတ်က ဆက်တိုက်မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် မြေနိမ့်ပိုင်းနှင့် မြစ်ချောင်းများနှင့်နီးသော လူနေရပ်ကွက်များတွင် ရေကြီးရေလျှံမှုများဖြစ်ပွားနေသည်။
‘‘ရေအနက် (၁)ပေ ကျော်နေတဲ့နေရာတွေကို မအူပင်၊ ပုသိမ်၊ ရန်ကုန်၊ ပဲခူးနဲ့ သထုံမြို့နယ်တွေ မှာ တွေ့နေရကြောင်းပါ’’ဟုလည်း ဦးထွန်းလွင်၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။
ရေကြီးရေလျှံမှုများ အပြင် မြစ်ရေတိုးမှုများကြောင့် မကွေး တိုင်း၊ ဧရာဝတီတိုင်းဒေသကြီးတို့ တွင် ဧရာဝတီမြစ် ကမ်းပါးပြိုမှု များကြောင့် နေအိမ် အများအပြား ပြောင်းရွှေ့ခဲ့သည်ဟု သတင်းရရှိသည်။ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်တွင်လည်း လေဆင်နှာမောင်း တိုက်ခတ်ခဲ့သည်ဟုသတင်းရှိသည်။
ရေကြီးမည့် အန္တရာယ်သည် စောင့်ကြည့်အဆင့်လွန်လာပြီး နှိုး ဆော်သည့်အဆင့်သို့ ရောက်ရှိ လာကာ ရေကြီးမည့် အလားအလာရှိသော မြို့များမှာ ပြည်၊ သာယာဝတီ၊ ပဲခူး၊ ဟင်္သာတ၊ မအူပင်၊ ပုသိမ်၊ ရန်ကုန်နှင့် သထုံ တို့ဖြစ်ကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က ဇူလိုင် လ ၂၂ ရက် နေ့လယ် ၁၂ နာရီခန့် က ခန့်မှန်းသည်။
မိုး/ဇလဌာနက တနင်္သာရီ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက် ပိုင်း၊ မွန်၊ ကချင်၊ ရှမ်းနှင့် ရခိုင် ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီး နိုင်ကြောင်းသတိပေးထားသည်။
မိုးလေ၀သ ပညာရှင် ဒေါက် တာဦးထွန်းလွင်က ရခိုင်၊ မွန်၊ က ရင်၊ ကချင်၊ ရှမ်းပြည်နယ်၊ ဧရာ ၀တီ၊ ပဲခူး၊ ရန်ကုန်၊ စစ်ကိုင်းနှင့် မကွေးတိုင်း ဒေသကြီးတို့တွင် ရေကြီးရေလျှံမှု၊ မြေပြိုမှုများ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင် ပြင်ဆင်ထား ရန် ဇူလိုင် ၂၀ ရက်က သတိပေး ထားသည်။
၎င်းသတိပေးထားသကဲ့သို့အဆိုပါဒေသများတွင် မြေပြိုရေကြီးမှုများ ဖြစ်ပွားနေခြင်းဖြစ်သည်။
7Day Daily

0 comments:

Post a Comment