Wednesday, July 30, 2014

ဆေးစွမ်းထက်စေသည့် ဂါထာတော်

ဆေးစွမ်းထက်စေသည့် ဂါထာတော်
အဘ မနေ့က အဆင်ပြေရဲ့လား?
ပေးသာ ပေးလိုက်ရတယ်၊ ဝက်ဆီဖတ်စားပြီး သွေးတိုး၊ ခေါင်းမူးနေရင် ခက်ရချည်ရဲ့လို့ တွေးပူနေတယ်။
အဘ-သွေးတိုးရောဂါ မရှိပါဘူး၊ အခု (၇၆)နှစ်ရှိပြီ၊ သွားနိုင်လာနိုင်တုန်းပဲ၊ ဘာရောဂါမှ မရှိဘူး၊
ဆေးစွမ်းကောင်းတွေ ရှိတယ် ထင်ပါရဲ့၊
ဆေးက ဆေးဆိုင်မှာ သူသူငါငါ ရောင်းဝယ်နေကြတဲ့ တိုင်းရင်းဆေးတွေပါပဲ၊ စားသောက်ပြီးလို့ တခုခု ခံစားရရင် ဘာကြောင့်လဲဆိုတာ အဖြေရှာတယ်၊ ဆးဝါးတွေ မှီဝဲတယ်၊ နောက်တစ်ကြိမ်မှာ ဒီလိုဖြစ်တတ်တဲ့ အစားအစာကို သတိထား၊ လျှော့စားတယ်၊ ဝမ်းအချင့်ပေါ့၊ သာမန်ဆေးဝါးကို ကိုယ်တိုင် ဆေးချက်ကလေး ပေါင်းဖြည့်လိုက်တာပါပဲ။
လှူပါဦးဗျာ-အခြားသူတွေလဲ သုံးစွဲနိုင်အောင်
အနိစ္စာ ဝတ သင်္ခါရာ၊ ဥပ္ပါဒ ဝယ ဓမ္မိနော။
ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ၊ တေသံ ဝူပသမော သုခေါ။
အနက်---
သင်္ခါရာ-ရုပ်နာမ်ဓမ္မ သင်္ခါရတို့သည်၊
အနိစ္စာ ဝတ-အမြဲမရှိကုန်စွာ တကား၊
ဥပ္ပါဒ ဝယ ဓမ္မိနော-ဖြစ်ခြင်း ပျက်ခြင်း သဘောရှိကုန်၏၊
ဥပ္ပဇ္ဇိတွာ-ဖြစ်ပြီး၍၊
နိရုဇ္ဈန္တိ-ချုပ်ကြကုန်၏၊
တေသံ-ထိုသင်္ခါရတရားတို့၏၊
ဝူပသမော-ချုပ်ငြိမ်းခြင်းသည်၊ (ဝါ) ချုပ်ငြိမ်းရာမှန် ပြည်နိဗ္ဗာန်သည်၊
သုခေါ-ချမ်းသာလှပေ၏။
ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး သိကြားမင်း ပူဇော်တဲ့ဂါထာတဲ့၊ ဆေးဝါးသောက်သုံးရာမှာ ဒီဂါထာ (၇)အုပ်စုပ်ပြီးမှ သောက်သုံးရင် ဆေးစွမ်းပိုထက်တယ်လို့ မိခင်ကြီး ဒေါ်အေးသင် ပြောပြဖူးတယ်။ ဦးကြီးတစ်ယောက် လေဖြတ်ပြီး စိတ်ဓာတ်ကျနေချိန်မှာ ဘဘ သွားပြီး ပြုစုပေးတယ်၊ သုံးလအတွင်း ကောင်းကောင်း လှုပ်ရှားသွားလာနိုင်တာမို့ ဆေးဆရာတွေကတောင် အံ့သြကြတယ်။
ဟိုခေတ်တုန်းကတော့ ကျားဘမ်းပရုတ်ဆီပေါ့ကွာ၊ ခန္ဓာကိုယ်အနံ့ လိမ်းပေး နှိပ်နယ်ပေးတဲ့အချိန်မှာ ဒီဂါထာကို မပြတ် ရွတ်ဆိုပူဇော်တယ်။ နံနက်တစ်ခါ၊ ညတစ်ခါ ဒီအတိုင်းပဲ ပြုစုတယ်။ တခြား ဆေးဝါး မပါဘူး။
ကိုယ်တိုင် မှီဝဲရင်လဲ ဒီဂါထာကို အနည်းဆုံး (၇)ခေါက် ရွတ်ပြီးမှ မှီဝဲသလို သူတစ်ပါးကို ဆေးလိမ်း၊ ဆေးတိုက်
ပြုစုရတဲ့အခါလဲ ဒီဂါထာကို မပြတ်ရွတ်ပွားပူဇော်တယ်။ သာမန်ထက် ပိုပြီး ထိရောက်ပါတယ်။
ခရီးသည်တစ်ဦး
(နက္ခတ္တ ၂၀၀၆-၃)

0 comments:

Post a Comment