ကမန်တိုင်းရင်း သား လူမှုကွန်ရက်၏နှောင့်ယှက် မှုကြောင့် ကမန်လူဦးရေအစစ်အမှန် စာရင်းကို ယခုထိ ထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း ကမန်အမျိုးသား တိုးတက်ရေးပါတီက ထုတ်ပြန်လိုက် သည်။
ကမန်အမျိုးသားတိုးတက်ရေး ပါတီက ဦးဆောင်၍ ကမန်လူမျိုး အစစ်အမှန်စာရင်းကောက်ယူရာ တွင် ကျောက်ဖြူနှင့် ရမ်းဗြဲမြို့နယ်များ မှ လူဦးရေစာရင်းကို ကောက်ယူ၍ မရနိုင်အောင် ကမန်တိုင်းရင်းသား လူမှုကွန်ရက်က လှုံ့ဆော်တားဆီး ပိတ်ပင်နေသည့်အတွက် ယခုအချိန် ထိ ကမန်လူမျိုးအစစ်အမှန် စာရင်း အတိအကျထုတ်ပြန်မပေးနိုင်ခြင်း ဖြစ်ကြောင်း ကမန်အမျိုးသား တိုး တက်ရေးပါတီက ဇူလိုင် ၂ဝရက်က သဘောထားကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
''ရမ်းဗြဲနဲ့ ကျောက်ဖြူတွေက ကမန်လူဦးရေစာရင်းကိုကောက်ခံ မရအောင် လှုံ့ဆော်တားဆီးနေတယ်။ စာရင်းလာကောက်ရင် မထည့်ဖို့အဲဒီ ကွန်ရက်က လိုက်ပြီး ပြောတာရှိတယ် ဆိုပြီး အဲဒီမှာရှိတဲ့ပါတီရဲ့ လူဦးရေ စာရင်းကောက်ခံရေး ကိုယ်စား လှယ် တွေ က ပြောတယ်''ဟု ကမန်အမျိုးသား တိုးတက်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှတိုးက ဒီမိုကရေစီတူဒေးသတင်း စာသို့ ပြောသည်။
ကမန်အမျိုး သားတိုးတက်ရေး ပါတီက ကမန်လူမျိုး အစစ်အမှန် စာရင်းကို စတင်ကောက်ယူရန်ပြင် ဆင်စဉ်ကလည်း ကမန်လူဦးရေစာရင်း ကို ကောက်ယူခြင်းမှာ အစိုးရနှင့်သာ သက်ဆိုင်ပြီး ကမန်အမျိုးသား တိုး တက်ရေးပါတီနှင့် မဆိုင်သည့်အ တွက် ပါတီအနေဖြင့် လူဦးရေစာရင်း ကောက်ခံခြင်းကိုကန့်ကွက်ကြောင်း ကို ကမန်တိုင်းရင်းသား လူမှုကွန် ရက်က မိမိတို့ပါတီသို့ တရားဝင်ကန့် ကွက်စာ ပေးပို့ခဲ့ဖူးကြောင်းလည်းကမန် အမျိုးသား တိုးတက်ရေးပါတီမှပြော သည်။
အဆိုပါ ကမန်အမျိုးသားတိုး တက်ရေးပါတီ၏ထုတ်ပြန်ချက် နှင့် ပတ်သက်၍ ကမန်တိုင်းရင်းသားလူမှု ကွန်ရက်ဥက္ကဋ္ဌ ဦးထွန်းငွေ က ''ကျွန် တော်တို့ တားဆီးတယ်ဆိုတာမဟုတ် ပါဘူး။ သူတို့ပါတီအနေနဲ့ အခုလို ကောက်နေ တာဟာ လဝကရဲ့ တာ ဝန်ပေးမှုရှိလား။ ရှိရင် ကျွန်တော်တို့ လဲ ပူးပေါင်းပါဝင်မယ်ဆိုပြီး ပြော ခဲ့တာပါ'' ဟု ဒီမိုကရေစီတူဒေးသတင်း စာ၏ဆက်သွယ်မေးမြန်းမှုကို ဖြေ ကြားသည်။
ကမန်အမျိုးသား တိုးတက်ရေး ပါတီအနေဖြင့် ကမန်လူဦးရေစာ ရင်းကောက်ယူရာတွင် ကမန်တိုင်း ရင်းသားလူမှုကွန်ရက်နှင့် လုံးဝပူး ပေါင်းဆောင်ရွက်သွားမည်မဟုတ် ကြောင်း ကမန်အမျိုးသားတိုးတက် ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှတိုး က ပြောသည်။
MYK
Democracytoday






0 comments:
Post a Comment