အိန္ဒိယနိုင်ငံက ဂုရုတစ်ပါးရဲ့ တပည့်ပေါင်းများစွာဟာ သူတို့ ဆရာသခင်ရဲ့အလောင်းအား မီးသဂြိုလ်မှာကို ငြင်းဆိုခဲ့ပြီး ဆရာသခင်က သမာဓိဝင်စားနေခြင်းသာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
လက်ရှိမှာ သူတို့က ဂုရုကို ရေခဲသေတ္တာတစ်လုံးထဲ ထည့်ထားပါတယ်။
ဂုရုရဲ့ ဇနီးနဲ့သားဖြစ်သူက အလောင်းကို ပြန်လည်ရလိုမှုနဲ့ တရားရုံးမှာ လျှောက်ထားခဲ့ပြီဖြစ်ပါတယ်။
သားဖြစ်သူရဲ့ အဆိုအရတော့ သူ့အဖေဟာ ဇန်နဝါရီလ ကတည်းက သေဆုံးခဲ့ပြီးသားလို့ဆိုပါတယ်။
သူ့ရဲ့တပည့်တွေကတော့ ဂုရုဟာ နက်နက်ရှိုင်းရှိုင်း သမာဓိဝင်စားနေခြင်းသာဖြစ်ပြီး ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကြံကြံခံရင်ဆိုင်သွားကြဖို့ နောက်လိုက်တွေကို နှိုးဆော် ထားပါတယ်။
ဂုရုဟာ သန်းကြွယ်သူဌေးတစ်ဦးဖြစ်ပြီး အမေရိကန်၊ ဆွဇ်ဇာလန်၊ ဂျာမနီ၊ ကနေဒါနဲ့ ဗြိတိန်နိုင်ငံတို့မှာပါ သူ့ကို ယုံကြည်သက်ဝင်သူတွေရှိပါတယ်။
သတင်းများရဲ့ ဖော်ပြချက်အရ ဂုရုဟာ ဇန်နရီဝါရီလ ၂၉ ရက်နေ့မှာ ဆေးပညာအရ နှလုံးရောဂါနဲ့ သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း ဆရာဝန်တွေက အတည်ပြုခဲ့ပေမဲ့ တပည့်တွေက လက်မခံခဲ့ပါဘူး။
သူတို့ဟာ ဂုရုကို ရေခဲသေတ္တာကြီး တစ်လုံးထဲထည့်ကာ ပန်ဂျပ်ပြည်နယ် Jalandhar မြို့စွန်မှာထားပြီး ပြည်လည် နိုးထလာမှာကို စောင့်နေပါတယ်။
ဂုရုတပည့်တွေထဲက ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Vishalanand က သမိုင်းတစ်လျှောက်မှာ သူတော်စင်တွေဟာ ရေခဲသေတ္တာလို အေးတဲ့ ဟိမဝန္တာကနေ လပေါင်းများစွာကြာမှ ပြန်လည်နိုးထ လာကြတယ်လို့ ပြောကြားခဲ့ပါတယ်။
ထို့အပြင်သူက “ပြန်လာတဲ့အချိန်ထိ ခန္ဓာကိုယ်ကို စောင့်ရှောက်ထားဖို့ တပည့်တွေ တရားထိုင်တဲ့အခါမှာ မက်ဆေ့ဂ်ျတွေ ပို့နေဆဲပါ” လို့ ပြောကြားခဲ့ပါတယ်။
www.myanmarlatestnews.com
phothutaw
0 comments:
Post a Comment