နယူးယောက်မြို့အခြေ စိုက် Rockefeller Foundationက မန္တလေးမြို့အား ဒေါ်လာတစ် သန်းနှင့်ညီမျှသည့် အကူအညီ များယခုနှစ်အတွင်းစတင်ပေး အပ်သွားမည်ဖြစ်ကြောင်း သ တင်းရရှိသည်။
အမေရိကန်ဒေါ်လာတစ် သန်းနှင့်ညီမျှသော ဘေးဒဏ်ခံ နိုင်ရည်မြှင့်တင်ခြင်းအစီအစဉ် များ၊ ရာသီဥတုပြောင်းလဲခြင်း၊ င လျင်၊ ရေဘေးအစရှိသောသဘာ ၀ဘေးဒဏ်အမျိုးမျိုးတွင်ထိခိုက် နိုင်မှုလျှော့ချရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရန်၊ မြို့ရွာအချင်း ချင်း လေ့လာရေးခရီးစဉ်များ၊ နည်းပညာအကူအညီများ၊ ဘေး ဒဏ်ခံနိုင်ရည်စွမ်းရှိရေးစီမံကိန်းစီမံချက်များ၊ ကျွမ်းကျင်သူအရာရှိ ခန့်ထားခြင်း အစရှိသည်တို့အ တွက်စုစုပေါင်းအကြမ်းဖျင်းဒေါ် လာတစ်သန်းနှင့်ညီမျှသည့် အကူ အညီအမျိုးမျိုးကို ယခုနှစ်အတွင်း စတင်ထောက်ပံ့သွားမည်ဖြစ် ကြောင်း Rockefeller Foundation က မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီသို့ အ ကြောင်းကြားသည့်စာတွင်ဖော်ပြ ထားသည်။
အထောက်အပံ့များစတင် နိုင်ရန် နယူးယောက်မြို့ Rockef-eller Foundationမှ တာဝန်ရှိသူ များသည် လာမည့်သြဂုတ်လ ၆ ရက်မှ ၈ရက်အထိ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် လာ ရောက်တွေ့ဆုံညှိနှိုင်းသွားမည် ဖြစ်သည်။ လုပ်ငန်းစဉ်များကို အစိုးရမဟုတ်သောအဖွဲ့အစည်း များမှ ကျွမ်းကျင်သူပညာရှင်များ၊ ပုဂ္ဂလိကနှင့်အခြားသောအဖွဲ့အ စည်းများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မ တီမှ ဌာနမှူးဦးမျိုးအောင်ကပြော သည်။
မန္တလေးမြို့တော်ကို သ ဘာဝဘေးဒဏ်ခံနိုင်ရည်ရှိပြီးပြု ပြင်လွယ်သည့် မြို့တော်များတစ် ရာကွန်ရက်သို့ ၀င်ရောက်ရန်မန္တ လေးမြို့တော်စည်ပင်သာယာ ရေးကော်မတီ၊ မန္တလေးတိုင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဦးစီးဌာနနှင့် ကုလ သမဂ္ဂမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး အစီအစဉ်တို့က ၂၀၁၃ခုနှစ် စက် တင်ဘာလတွင် နယူးယောက်မြို့ သို့ လျှေက်လွှာတင်ခဲ့သည်။ကမ္ဘာ တစ်ဝန်းရှိ မြို့ပေါင်းလေးရာ ကျော်မှ ပထမဦးစားပေးမြို့ ရွေး ချယ်ခဲ့ရာတွင် မန္တလေးမြို့ကို ပထမဦးစားပေးမြို့အဖြစ် ရွေးချယ်ခံခဲ့ ရခြင်းဖြစ်သည်။
7day daily
0 comments:
Post a Comment