Wednesday, July 23, 2014

၂ဝ၁၄ခုနှစ် ဇူလိုင် ၂၃ရက်နေ့အတွက် မိုးလေဝသခန့်မှန်းချက်


 
ဘင်္ဂလားပင်လယ်အော်အခြေအနေ 
***************************************
ယနေ့မြန်မာစံတော်ချိန်(ဝ၆း၃ဝ)နာရီအချိန်တိုင်းထွာချက်များ အရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေ သောမုန်တိုင်းငယ်သည် အိန္ဒိယနိုင်ငံ၊ သြရိဿကမ်းခြေကို ဖြတ်ကျော် ဝင်ရောက်ခဲ့ပြီးဖြစ်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ် အော်တို့တွင် အများအားဖြင့် မုတ်သုံလေအားကောင်းနေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်
*********************************
စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ ဧရာဝတီတိုင်းဒေသ ကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးရွာပြီး၊ တနင်္သာရီတိုင်းဒေသကြီး နှင့်မွန်ပြည်နယ်တို့တွင်ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍မိုးကြီးနိုင်ပါသည်။
ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်အခြေအနေ
***********************************
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့် အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်မြေပြင် လေသည် တစ်နာရီလျှင် (၃၅) မိုင်အထိ တိုက်ခတ်နိုင်ပါသည်။
မနက်ဖြန်အတွက် ခန့်မှန်းချက်
**********************************
မုတ်သုံလေအားအသင့်အတင့်မှ အားကောင်းမည်။
နေပြည်တော်
**************
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိခန့်မှန်းချက်
မိုးတစ်ကြိမ်၊ နှစ်ကြိမ်ရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်
***********
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိ ခန့်မှန်းချက်
မိုးတစ်ကြိမ်၊ နှစ်ကြိမ်ရွာမည်။ ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။
မန္တလေး
*********
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိ ခန့်မှန်းချက်
နေရာကွက်ကျားမိုးရွာမည်။ ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။
Yangon Media Group

0 comments:

Post a Comment