Wednesday, July 23, 2014

ဂါဇာ ဒေသရှိ စစ်ဒဏ်သင့် ပါ လက် စ တိုင်း ပြည်သူ များ အတွက် အမေရိကန် အစိုးရက ဒေါ်လာ ၄၇သန်း ထောက်ပံ့မည်


ဂါဇာကမ်းမြောင် ဒေသတွင် အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် စစ်ဘေးဒဏ် ခံစားနေရသော ပါလက်စတိုင်း ပြည်သူများအား လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီ တစ်ရပ်အဖြစ် အမေရိကန် ဒေါ်လာ ၄၇သန်း ထောက်ပံ့ သွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ဇူလိုင် ၂၁ရက်တွင် ကတိပြု ပြောဆိုခဲ့သည်။
အစ္စရေးနိုင်ငံကို ကာကွယ်ရန်အတွက် ပြုလုပ်နေသော ယင်းနိုင်ငံ တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုများနှင့် စပ်လျဉ်း၍ အလွန်အမင်း စိုးရိမ်မိကြောင်း၊ မည်သည့်နိုင်ငံ ဖြစ်စေကာမူ ၎င်းတို့၏ နိုင်ငံကို ဒုံးကျည်များဖြင့် ပစ်ခတ်ခံ ရပါက ပြည်သူများကို ကာကွယ်ရန် အတွက် ကြိုးပမ်းခြင်းမှာ သဘာဝကျသော လုပ်ရပ်ဖြစ်ကြောင်း ဂျွန်ကယ်ရီက ကိုင်ရိုမြို့သို့ ရောက်ရှိစဉ် သတင်းထောက်များကို ပြောကြားခဲ့သည်။ သို့သော် မည်သည့် ပဋိပက္ခတွင် မဆို ကလေးငယ်များ၊ အမျိုးသမီးများ နှင့်အဖွဲ့ အစည်းများ အပါအဝင် အရပ်သားများအတွက် ထည့်သွင်းစဉ်းစား သင့်ကြောင်း ကယ်ရီက ထပ်လောင်း ပြောကြားခဲ့သည်။ အမေရိကန် အစိုးရသည် ပါလက်စတိုင်း ဒုက္ခသည် များဆိုင်ရာ အေဂျင်စီ UNRWA သို့ အမေရိကန် ဒေါ်လာ ၁၅သန်း ထောက်ပံ့ သွားမည်ဖြစ်သည်။
ကျန်ရှိသည့် ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၃၂သန်းမှာ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးမှု အေဂျင်စီမှ ငွေများဖြစ်ပြီး ၎င်းထောက်ပံ့ ငွေများ အနက် အမေရိကန် ဒေါ်လာ ၁ဝသန်းကို ပါလက်စတိုင်း ပြည်သူများထံ တိုက်ရိုက်ထောက်ပံ့ ပေးအပ်ခဲ့ပြီး ဖြစ်သည်။ အရေးပေါ် လိုအပ်ချက်များ အတွက်လည်း ထောက်ပံ့ငွေများကို ဆက်လက် ပေးအပ် သွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

0 comments:

Post a Comment