Tuesday, July 22, 2014

Miss Universe Myanmar 2014 ပြိုင်ပွဲ မြဝတီ ရုပ်မြင်သံကြားမှ တိုက်ရိုက် ထုတ်လွှင့်မည်


Miss Universe Myanmar 2014 ပြိုင်ပွဲကို ဇူလိုင် ၂၆ ရက်ညနေတွင် မြဝတီ ရုပ်မြင်သံကြားမှ တိုက်ရိုက် ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သိရသည်။ ဇူလိုင် ၂၆ ရက်တွင် ကျင်းပမည့် Miss Universe Myanmar2014 ပြိုင်ပွဲကို ကြည့်ရှုမည့်သူ များပြားခြင်းကြောင့် သုံးရက် အတွင်း လက်မှတ်စောင်ရေ သုံးရာခန့် ရောင်းချ နိုင်ခဲ့ကြောင်း Miss Universe Myanmar ပြိုင်ပွဲ၏ National Director ဒေါ်စိုးယုဝေထံမှ သိရသည်။
''၂ဝ၁၃ ခုနှစ်ထက်ကတောင် ပိုရောင်းရတယ်လို့ ထင်ပါတယ်။ လက်မှတ်တွေကို ဝယ်တဲ့ အခါမှာ တစ်စောင်၊ နှစ်စောင် ဝယ်တာမျိုး မဟုတ်ဘဲ သုံးလေးစောင်ကို တစ်ခါတည်း ဝယ်ကြတာပါ။ ဇူလိုင် ၂ဝ ရက်အထိ ရောင်းတာ အောက်ထပ်က ထိုင်ခုံတွေ အားလုံး ကုန်သွားပါပြီ။ အပေါ်ထပ်က ခုံတွေကတော့ တစ်ဝက်လောက် ကျန်ပါဦးမယ်။ ကျန်တဲ့ ထိုင်ခုံတွေ ကလည်း ဒီတစ်ရက်၊ နှစ်ရက်မှာပဲ အကုန် ရောင်းချ သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်''ဟု ၎င်းက ဆက်လက်ပြောသည်။
ယခုနှစ် Miss Universe Myanmar 2014 ပြိုင်ပွဲ၏ အဓိကထူးခြားချက်မှာ နိုင်ငံခြားသားများ လာရောက် ကြည့်ရှုမှု များပြားခြင်း ဖြစ်ကြောင်း သိရသည်။
မင်းသော်တာလွင်

0 comments:

Post a Comment