Youtube ဗွီဒီယိုဝက်ဘ်ဆိုက်ဒ်မှာ လွှင့်တင်ထားတဲ့ ဗွီဒီယိုဖိုင်တစ်ခုဟာ အငြင်းပွားဖွယ်ရာတွေ ပါဝင်နေလို့ စိတ်ဝင်စားစရာ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။ အိပ်နေတဲ့ ကလေးငယ်ကို မြွေပွေးလေးကောင်က ကာကွယ်စောင့်ရှောက်ပေးနေတဲ့ ဗွီဒီယိုဖိုင်ကို တင်ထားခြင်းဖြစ်ပါတယ်။ ကလေးငယ် ဟာ လသား အရွယ်လောက်သာရှိ သေးပြီး ကလေးငယ် အိပ်စက်နေတဲ့ ပတ်ဝန်းကျင်မှာ မြွေပွေးလေးကောင်က ကာကွယ် စောင့်ရှောက်တဲ့ပုံစံမျိုး ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ ရိုက်ကူးထားမှုက ရှင်းလင်းတဲ့ အနေအထားမျိုး မဟုတ်ပါဘူး။ ဒီဗွီဒီယိုကို ကြည့်ရှုခဲ့တဲ့သူတွေက စိတ်ဝင်စားမှု ရှိအောင် ပြုလုပ်ထားခြင်းသာဖြစ်ပြီး မြွေပွေးလေးကောင်ရဲ့ အစွယ်တွေကို နုတ်ယူထားတဲ့အပြင် ပါးစပ်တွေကိုလည်း မလှုပ်ရှားနိုင်အောင် လုပ်ထား ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။ မြွေပွေးတွေကို ဘာကြောင့် ဒီလိုမျိုးဖြစ်အောင် ပြုလုပ်သလဲဆိုတာ နားမလည်မိကြောင်း၊ မြွေပွေးတွေ အနေနဲ့ အစွယ် အနုတ်ခံရပြီး ပါးစပ်ချည်နှောင်ထားပါက နာရီပိုင်းအတွင်း သေဆုံးတတ်ကြောင်း ဝေဖန်ခဲ့ကြပါတယ်။ ဒီဗွီဒီယိုဖိုင်ကို အိနိ္ဒယနဲ့ အရှေ့တောင်အာရှဒေသ တစ်နေရာမှာ ရိုက်ကူးထားတာ ဖြစ်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ဗွီဒီယိုအမည်ကို အိပ်နေသော ကလေးငယ်ကို မြွေပွေးလေးကောင်က စောင့်ရှောက် ခြင်းလို့ ပေးထားပါတယ်။ တကယ်တော့ ဒီဗွီဒီယိုဖိုင် ကို ၂၀၁၃ ခုနှစ် အောက်တိုဘာလကတည်း ကလွှင့်တင်ထားတာဖြစ်ပြီး အခုမှ သတိထားကြတာလို့ ဒေးလီးမေးလ်သတင်းမှာ ရေးသားထားပါတယ်။
The messenger
0 comments:
Post a Comment