Thursday, July 24, 2014

ရထားလမ်းပေါ်တွင် အိပ်ပျော်နေသူအမျိုးသားတစ်ဦး ရထားကြိတ်ခံရ၍သေဆုံး


 
၂၃.၇.၂၀၁၄ ရက်နေ့ ၁၉၃၀ အချိန်တွင် အင်းစိန်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် အင်းစိန်မြို့နယ်၊ တညင်းကုန်းဘူတာနှင့် အောင်ဆန်းဘူတာကြား၊ မိုင်တိုင်အမှတ်
(၁၁/၂၃)နှင့် (၁၁/၂၄)ကြား မီးရထားသံလမ်းတွင် အမျိုးသားတစ်ဦးရထားကြိတ်ခံ
ရ၍သေဆုံးကြောင်းသတင်းအရ သွားရောက် စစ်ဆေးခဲ့ပါသည်။
ထိုသို့သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ အင်းစိန်မြို့နယ်၊ အောင်ဆန်း
ရပ်ကွက်နေ ကိုဝေဖြိုးအောင်၊ (၂၅)နှစ်ဖြစ်ပြီး ၎င်းသည် အရက်မူးကာ ရထား
သံလမ်းပေါ်၌အိပ်နေစဉ် လှော်ကားဘက်မှ အင်းစိန်ဘက်သို့မောင်းနှင်လာသော မြို့ပတ်ရထားမှကြိတ်မိသဖြင့် ဦးခေါင်း၊ ၀ဲခြေထောက်နှင့် ၀မ်းဗိုက်တို့တွင် ကြေမွ
ပြတ်ထွက်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။
၎င်းသေဆုံးမှုနှင့်ပတ်သက်၍ အင်းစိန်မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၄၆/၂၀၁၄) ဖြင့်ရေးဖွင့် ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ
ပါသည်။
Yangon Police

0 comments:

Post a Comment