Tuesday, July 22, 2014

အိမ်ဆောက်သမားများ အတွက် ရေခဲမုန့်ကားလိုက် ဝယ်ပေးတဲ့ John Terry


John Terry ဆိုတာ ချယ်လ်ဆီး အသင်းခေါင်းဆောင် ကမ္ဘာကျော် ဘောလုံး အားကစားသမား တစ်ဦး ဖြစ်ပါတယ်။ ဗြိတိန်မှာ သူ့အိမ် မွမ်းမံ တည်ဆောက်လျက် ရှိပြီး ဆောက်လုပ်ရေး ဝန်ထမ်း ၉၀ ကျော် ရှိပါတယ်။
ယင်းအတွက် ကျွေးမွေးမှုများ ပြုလုပ်ပြီး နောက်တော့ ရေခဲမုန့် တစ်ကားလုံးကို ဝယ်ပေးလိုက် ပါတယ်။ ရေခဲမုန့် များကို လိုသလောက် စားသောက်ဖို့ ပေးထား ပါတယ်။ အပူချန် ၃၀ ဒီဂရီ စင်တီဂရိတ်ကျော် ရှိတဲ့ လုပ်ငန်းခွင်အပူချိန်ဟာ ဗြိတိန်က အလုပ်သမားများ အတွက် အတော်လေး ပူတဲ့ အနေအထား ဖြစ်ပါတယ်။ ယင်း အနေအထားမှာ သူတို့ တောင်းဆိုတာ ကတော့ ရေခဲမုန့် ဖြစ်ပြီး နွေရာသီမှာ ရေခဲမုန့် အင်မတန် စားကြ ပါတယ်။ ဒါကြောင့်ပဲ ဟယ်ရီပေါ်တာ ရုပ်ရှင်က ဒုတိယ မင်းသား ဖြစ်သူတောင် ရေခဲမုန့်ကား ဝယ်ပြီး ကလေးတွေကို အခမဲ့ လိုက်ကျွေး ပါတယ်။
ယခု Joney Terry ကတော့ လောလောဆယ်မှာ သူ့ရဲ့ အိမ်ဆောက် ဝန်ထမ်း များ အတွက် ရေခဲမုန့်များ ပြင်ဆင် ကျွေးမွေးလျက် ရှိပါတယ်။
.
Ref: metro
အောင်ခမ်း 

.

0 comments:

Post a Comment