Wednesday, July 23, 2014

နမ်း ရမည့် ဇတ်ဝင်ခန်း ကို မရိုက်နိုင်၍ နှုတ်ထွက် သွားသော သက်မွန်မြင့် နေရာတွင် အနမ်း ခံလိုသော မြန်မာ sexy မင်းသမီး ဖွေးဖွေး သရုပ်ဆောင်မည်



နမ်း ရမည့် ဇတ်ဝင်ခန်းကို မရိုင်နိုင်သောကြောင့် နှုတ်ထွက်သွားသော သက်မွန်မြင့် နေရာတွင် အနမ်းခံလိုသော ဖွေးဖွေး သရုပ်ဆောင်မည် ဟု သတင်းရရှိပါတယ်။


 မင်္ဂလာဦးညမှာ နှစ်ယောက်သား ကုတင်ပေါ်မှာ အကျီချွတ်နှင့် စောင်ခြုံထားချိန် ကောင်လေးကို နမ်းပြီး မုန်းတဲ့ စကားပြောတာကို ရိုမန်တစ် ဖြစ်အောင် ရိုက်ပြ မယ်လို့ ဒါရိုက်တာ ဝိုင်းက ဆိုပါတယ်။

အဲဒီနောက်မှာ မင်းသမီးသက်မွန်မြင့် မှ  ပါးနမ်းတဲ့ အခန်းထိ ရိုက်ပေးမယ်။ ကျန်တဲ့ နှုတ်ခမ်းချင်း နမ်းပြီး လျှာသပ်တာ၊ ကောင်လေး အကျီင်္ကို ဆွဲဖြဲပြီး နှလုံးသားနေရာကို နမ်းတာ၊ အဲဒါတွေတော့ သက်မွန် မလုပ်နိုင်ဘူးလို့ ပြောခဲ့တဲ့ အကြောင်း ဂျာနယ်များမှ ဖော်ပြခဲ့ပါတယ်။



သက်မွန်မြင့် မှ ပြင်းပြင်းထန်ထန် ငြင်းဆန်နေသဖြင့် ရုပ်ရှင်လောကတွင် ရက်ရော သည်ဟု နာမည်ထွက်နေသော ဖွေးဖွေးကို ဒါရိုက်တာ ဝိုင်းမှ သက်မွန်မြင့်နေရာတွင် အစားထိုးဖို့ စီစဉ်ခဲ့ပါတယ်။


ဒါရိုက်တာဝိုင်း ရိုက်ကူးမယ့် "ကျွန်မ ကနှင်းဆီပါမောင်" ဇာတ်ကားကိုလည်း နေတိုးနဲ့ အတူ သရုပ်ဆောင်ဖို့ ရှိကြောင်း ပြောတဲ့ ဖွေးဖွေး ကို ဒီဇာတ်ကားလေးကို ဘယ်လို ကြောင့် လက်ခံဖြစ်သွား လဲဆိုတာကို မေးကြည့်တော့..

"ဒီကားလေးက ဇာတ်လမ်း တအားကောင်းတယ်။ ဖွေးဖွေးလည်း လုပ်နိုင် တယ်လို့ ထင်တယ်။ ကိုဝိုင်းက ကိုယ့်ရဲ့ဆရာထဲက တစ်ယောက်လည်း ဖြစ် တယ်။ ကိုဝိုင်းသာရိုက်မယ်ဆိုရင် တော့ လုပ်ရဲပါတယ်။ ကိုဝိုင်းကို ယုံကြည် တာလည်း ပါတယ်။ ဇာတ်လမ်းကိုလည်း ဖွေးဖွေးကြိုက်တယ်" လို့ ပြောပါ တယ်။ 


ဒါရိုက်တာဝိုင်းကတော့ " ပရိသတ်က ဇာတ် ကားထွက်ပြီးမှ ဒါရိုက်တာက တော် တော်မိုက်ရိုင်း တဲ့ကောင်လို့ပြောရင် လက်ခံမှာပါ။မရိုက်ကူးခင်မှာ ဘေး က ဝေဖန်တာမျိုး ကိုတော့ လက်မခံ နိုင်ဘူး။"

လို့ ဆိုပါတယ်။

ဆင်ဆာဌာန ဖြတ်သိမ်းပြီးနောက် မြန်မာကားအများစုတွင် ၁၀ ကားထွက်လျှင် ၅ ကားမှာ သရဲ ကားဖြစ်နေပြီး ဇတ်လမ်းအများအပြားမှာ မိဘ နှင့် သားသမီး အတူ မကြည့်သင့်သော လိင်အသားပေး ဇတ်လမ်းအများအပြား ပေါ်ပေါက်လာခဲ့ပါတယ်။

ဒါရိုက်တာ ဝိုင်း ဆိုသည်မှာ အနုပညာ နယ်ပယ်က အဲဒီအခန်းဖြတ် ဆိုတဲ့ ဆုရ ဒါရိုက်တာကြီးနဲ့ အကယ်ဒမီ မင်းသမီးတို့က ဒီလို ယဉ်ကျေးမှုတွေ အကြောင်း ပြော ကာ လူသိများလာသူ တစ်ဦးဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှု ထိန်းသိမ်းလိုသူများကတော့ ဒါရိုက်တာဝိုင်း နှင့် မင်းသမီး ဖွေးဖွေး တို့ကို စိတ်ပျက်လျှက် ရှိကြောင်း သတင်းရရှိပါတယ်။ 

ဒီမိုကရေစီ နိုင်ငံတွင် လိင်ပိုင်းဆိုင်ရာ ပွင့်လင်းမြင်သာဖို့ လိုအပ်သဖြင့် NLD အမတ် ဒေါ်စန္ဒာမင်းမှ တရားဝင် ပြည့်တန်စာ များလုပ်ကိုင်ခွင့်ကို လွှတ်တော်သို့ တင်မည့် သတင်းအားhttp://www.myanmarexpress.net/2012/12/nld_24.html တွင် ဖတ်ရှုနိုင်ပြီး NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း အိမ်အပေါ်ထပ်တွင် အမျိုးသမီးများ စုဝေးကာ လိင်ကိစ္စမှာ ရှက်စရာမဟုတ်ကြောင်း၊ အနောက်နိုင်ငံများတွင် မည်မျှ ပွင့်လင်းကြောင်း ကိုယ်တွေ့ဖြစ်ရပ်များကို ဝိုင်းဖွဲ့ပြောကြားခဲ့သည်ဟု NLD ပါတီ ဝင်တစ်ဦး မှ လမ်းခွဲရှင်းတမ်းတွင်း ပြောဆိုခဲ့မှုများကို http://www.myanmarexpress.net/2012/03/blog-post_2749.html တွင် ဖတ်ရှုနိုင်သည်။

www.MyanmarExpress.net

0 comments:

Post a Comment