မလေးရှားခရီးသည်တင် လေယာဉ်ယူကရိန်းတွင် ပစ်ချခံရခြင်းအတွက် ရှုတ်ချရန်၊ လေယာဉ်ပျက်ကျသည့်နေရာသို့ ဝင်ရောက်ခွင့်ပြုရေးအတွက် လက်နက်ကိုင်အုပ်စုများထံ တောင်းဆိုရန်နှင့် အပြည်ပြည်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုပြုလုပ်ရာတွင် ဒေသတွင်းနိုင်ငံများက ပူးပေါင်းဆောင်ရွက်ရေးအတွက် တိုက်တွန်းရန် စသည့်အချက်များ ပါဝင်သော ဆုံးဖြတ်ချက် မူကြမ်းတစ်ခု ချမှတ်နိုင်ရေးအတွက် ကုလသမဂ္ဂလုံခြုံရေး ကောင်စီကစဉ်းစားလျက်ရှိသည်။
လေယာဉ်ပျက်ကျမှုအတွင်း ၎င်း၏နိုင်ငံသား ၂၈ ဦးဆုံးရှုံးခဲ့ရသော သြစတြေးလျနိုင်ငံက လုံခြုံရေးကောင် စီအဖွဲ့ဝင် ၁၅ ဦးနှင့်သံတမန်များထံ ဆုံးဖြတ်ချက်စာသားမူကြမ်းတစ်စောင်ကို ယမန်နေ့ညပိုင်းက လိုက်လံဖြန့်ဝေလျက်ရှိပြီး တုဏှိဘာဝေဖြစ်နေသည့် အခြေအနေနှင့် ပတ်သက်၍လည်း ပြောဆိုလျက်ရှိကာ ယင်းကိစ္စအပေါ် တနင်္လာနေ့ထက်နောက်မကျဘဲ ဆန္ဒ မဲပေးရမည့်အခြေအနေ ဖြစ်လာနိုင်ကြောင်းလည်း ပြောကြားသည်။
အမေရိကန် ပြည်ထောင်စုနှင့် အခြားအင်အားကြီးနိုင်ငံများက မလေးရှားခရီးသည်တင်လေယာဉ်သည် ယူကရိန်းအရှေ့ပိုင်းရှိ ပုန်ကန်သူများ၏ဒေသမှနေ၍ မြေပြင်မှဝေဟင်ပစ်ဒုံးကျည်တစ်စင်းဖြင့် ပစ်ချခဲ့ခြင်းဖြစ်ဖွယ်ရှိကြောင်း ပြောကြားထားသည်။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဆာမန်သာ ပါဝါက ဒုံးပျံပစ်ခတ်မှုတွင် ရုရှား တို့ပါဝင်ကူညီမှုအပေါ် ဝါရှင်တန် အနေဖြင့် မဟန့်တားနိုင်ခဲ့ကြောင်း ဇူလိုင် ၁၈ ရက်က ပြောကြားခဲ့သည်။
ရုရှားသမ္မတ ဗလာဒီမာပူတင် က ယူကရိန်းအရှေ့ပိုင်းရှိ မော်စကို လိုလားသောသူပုန်များအား ပူးပေါင်း ဆောင်ရွက်ရန်တိုက်တွန်းလိုက်ပြီး နိုင်ငံတကာစုံစမ်းစစ်ဆေးရေးအနေ
ဖြင့်လည်း လိုရာဆွဲ၍ ကောက်ချက် မချရန် တင်းတင်းကျပ်ကျပ်တောင်းဆိုလိုက်သည်။ လေယာဉ်ပစ်ချသည့်ကိစ္စတွင် ပါဝင်ပတ်သက်သည်ဆိုမှုအပေါ် မော်စကိုအနေဖြင့် ငြင်းဆိုလိုက်ပြီး ယူကရိန်းစစ်ဘက်ကို လက်ညှိုးထိုး အပြစ်ဖို့ထားသည်။
ဖြင့်လည်း လိုရာဆွဲ၍ ကောက်ချက် မချရန် တင်းတင်းကျပ်ကျပ်တောင်းဆိုလိုက်သည်။ လေယာဉ်ပစ်ချသည့်ကိစ္စတွင် ပါဝင်ပတ်သက်သည်ဆိုမှုအပေါ် မော်စကိုအနေဖြင့် ငြင်းဆိုလိုက်ပြီး ယူကရိန်းစစ်ဘက်ကို လက်ညှိုးထိုး အပြစ်ဖို့ထားသည်။
(ရိုက်တာ)






0 comments:
Post a Comment