ရန်ကုန်၊ ဇူလိုင် ၄- မန္တလေးပဋိပက္ခ ဖြစ်ပွားနေဆဲအချိန်တွင် ရန်ကုန် တိုင်းဒေသကြီးရှိ ခရိုင်လေးခရိုင်တွင် လည်း လုံခြုံရေးအင်အားများကို အသင့်ပြင်ဆင်ထားကြောင်း အရှေ့ ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး မြင့်အေးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း တွင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက ၂၄ နာရီအသင့်အနေအထားနှင့် ကင်း လှည့်မှုများဆောင် ရွက်နေကာ ဘာသာ ရေးအဖွဲ့များနှင့်လည်း ဆွေးနွေး တိုင်ပင်ညှိုနှိုင်းနေပြီး၊ လူစည်ကား သောနေရာများနှင့် ဘာသာရေးအ ဆောက် အအုံများကိုလည်း လုံခြုံရေး များချကာစောင့်ကြပ်နေကြကြောင်း သိရသည်။
ဒုရဲမှူးကြီးမြင့်အေးက ''လုံခြုံ ရေးအင်အားအသင့်အနေအထား မှာရှိပါတယ်။ ကင်းလှည့်တာတွေ အပါအဝင် အရေးကြီးတဲ့နေရာ တိုင်း မှာ လုံခြုံရေးတွေချထားပါတယ်'' ဟု ပြောသည်။
ရန်ကုန်အပါအဝင် မန္တလေး နှင့်နီးစပ်သည့် မြို့နယ်များတွင် လည်း ပဋိပက္ခအကြမ်းဖက်မှုများမ ပေါ်ပေါက်စေရန်အတွက် လုံခြုံရေး အင်အားများ အသင့်ပြင်ထားသည် ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။
မန္တလေးတွင် ဇူလိုင် ၁ရက်၊ ၂ရက်နှင့် ၃ရက်များတွင်ဖြစ်ပွားခဲ့ သောပဋိပက္ခများကြောင့် အမျိုးသား နှစ်ဦးသေဆုံးပြီး ၁၄ ဦးခန့်ဒဏ်ရာရ ရှိခဲ့ကြောင်း၊ ယခုအခါ မန္တလေးရှိမြို့ တွင်း ခုနစ်မြို့နယ်တွင် ညမထွက် ရအမိန့်ထုတ်ပြန်ထားပြီး လုံခြုံရေး ကိုလည်း တင်းကျပ်ထားကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရုံးမှ သိရသည်။
မန္တလေးမြို့ချမ်းအေးသာစံမြို့ တွင် နေထိုင်သူကိုမျိုးသန့်က''ဒီပြဿ နာက ဒီမှာပဲဖြေရှင်းလို့ပြေလည်သွား ဖို့အရေးကြီးတယ်။ မန္တလေးမှာရှိတဲ့ ရဟန်းရှင်လူပြည်သူတွေလဲ အစိုးရ တာဝန်ရှိသူတွေနဲ့ပူးပေါင်းပြီး ဒီလို ပဋိပက္ခတွေချုပ်ငြိမ်းအောင် လုပ် ဆောင်ဖို့လိုပါတယ်။ ပြဿနာဖန် တီးတဲ့ လူတွေကိုလဲ ဥပဒေအရထိထိ ရောက်ရောက်အရေးယူသင့်ပါတယ်။ ဒါပေမဲ့ မန္တလေးမှာတော့ ဘာသာပေါင်း စုံချစ်ကြည်ရင်းနှီးမှုတွေဖော်ထုတ်ဖို့ လဲအရေးကြီးတဲ့ အပိုင်းမှာပါပါ တယ်''ဟုပြောသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့မှတာဝန်ရှိသူတစ်ဦးက ''လုံခြုံ ရေးကို စနစ်တကျလုပ်ထားပေမယ့် အားနည်းချက်တွေ ရှိသေးတယ်။ မန္တလေးမှာက သံဃာအင်အားလည်း များတယ်ဆိုတော့ ဒီပဋိပက္ခက ပြဿ နာတော်တော်လေး ရှိတာတော့ အမှန်ပဲ။ အတတ်နိုင်ဆုံးတော့ လုံခြုံ ရေးကို တင်းကျပ်ထားပါ တယ်''ဟု ပြောသည်။
K M Z

0 comments:
Post a Comment