ဆွီဒင်နိုင်ငံ မှာ အူးလ်ရစ်ဒေါရဲတိုက် ဆိုတာရှိပါတယ်။
ဒီရဲတိုက်ကို ဆွီဒင်ဘုရင် တစ်ဆယ့်တစ်ဆက်မြောက်
ချားလ်စ် ကဝယ်ယူခဲ့ပါတယ်။ ဒီရဲတိုက်၏ အရင်ပိုင်ရှင်
အဆက်ဆက် အသက်ရှည်ရှည်နေထိုင်ခဲ့ကြပါတယ်။
ဒါကြောင့် ဘုရင်ကြီးက သူ့ ရဲ့ မွေးကာစသားလေး
အူးရစ်အတွက်ရည်ရွယ် ပြီးဝယ်ယူခဲ့တာပါ ။
ဒီရဲတိုက်မှာ နေထိုင်ရင် သူ့ သားတော်လေး အသက်
ရှည်မှာသေချာတယ် လို့ ယုံကြည်ခဲ့ပါတယ် ။
ဒါပေမယ့် မင်းသားလေးကတော့ အသက်တစ်နှစ်အရွယ်
မှာ သေဆုံးခဲ့ပါတယ် ။
ဖခင်တစ်ယောက်၏ မေတ္တာနှင့် မည်သို့ ပင်ကြိုးစားခဲ့ပေ
မယ့် သေခြင်းတရားကတော့ အစဉ်အလာတွေ ကိုဂရု
မစိုက်ပါဘူး ။ အရင်ပိုင်ရှင်အဆက်ဆက် အသက်ရှည်ခဲ့
ပေမယ့် ဒီရဲတိုက်ကတော့ လူ၏သေခြင်း ရှင်ခြင်းနဲ့မသက်
ဆိုင်ခဲ့ပါဘူး ။
နောက်တစ်ယောက်ကတော့ ပြင်သစ်နိုင်ငံနှင့် ဂျာမနီနိုင်ငံ
၏ ဧကရာဇ်ဘုရင် ဖြစ်သူ လူးဝစ္စ်လီ ဒီဗွန်နဲယား(၇၇၈-၈၄၀)
ရဲ့ အကြောင်းပါ။ သူကတော့ နေ၏ အလင်းရောင် ရုတ်တရက်
မှောင်မဲသွားပြီး နေ့ ခင်းကြီးမှာ ကောင်းကင်မှာ ကြယ်လေးတွေ
မြင်ရတာကို ထိတ်လန့် ကြောက်ရွံ့ ပြီး သေဆုံးခဲ့ပါတယ် ။
အမှန်ကတော့ နေကြတ်တာပါ။
ဧကရာဇ်ဘုရင် တစ်ပါး ဖြစ်သော်လည်း သိပ္ပံပညာမဖွံ့ ဖြိုးသေးချိန်
အသိအမြင်နည်းခဲ့လို့ သေဆုံးမှုပါ။ ဘုရင်ဖြစ်ပြီး ဒီလောက်ကြောက်
တက်တာတော့ နည်းနည်းလွန်တာပေါ့………
နောက်အခန်းများတွင်လည်း စိတ်ဝင်စားစရာကောင်းတာလေးတွေ
ကို ရှာဖွေ တင်ပေးပါအုံးမည်……………
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ./
နေခရမ်း

0 comments:
Post a Comment