Saturday, July 5, 2014

"ရင်မှာချစ်သမျှ အပြင်မှာလှစ်ပြဖို့ လိုပါတယ်"

တစ်ယောက်နဲ့တစ်ယောက်
ချစ်ကြတယ်ဆိုတဲ့နေရာမှာ
စိတ်ထဲကနေ
ချစ်နေရုံနဲ့မပြီးပါဘူး။
ပါးစပ်ကနေ ချစ်ပါတယ်လို့
ပြောနေရုံနဲ့လည်းမပြီးပါဘူး။
ကိုယ်နှုတ်နဲ့လည်း ချစ်တဲ့အကြောင်း
သက်သေပြဖို့လိုပါသေးတယ်။
ချစ်တဲ့သဘော သက်ရောက်တဲ့ အပြုအမူ
ချစ်တဲ့သဘော သက်ရောက်တဲ့အပြောအဆိုတွေနဲ့
ချစ်တာကိုသက်သေပြဖို့လိုပါတယ်။
တချို့ကပြောကြတယ်
မိဘက သားသမီးကိုချစ်ရင်
အိပ်နေတုန်း နမ်းရမယ် တဲ့။
ရှေ့မှာနမ်းရင် ရောင့်တက်မှာစိုးလို့တဲ့။
ကိုယ်ချစ်တာကို ရင်ထဲမှာပဲထား။
အပြင်မှာပြနဲ့ တဲ့။
အဲ့ဒီအယူအဆတွေက မှားပါတယ်။
ဘုရား အဆုံးအမနဲ့လည်း
လုံးဝဆန့်ကျင်ပါတယ်။
မြတ်စွာဘုရားရှင်က မေတ္တာကာယကံ
မေတ္တာဝစီကံ မေတ္တာမနောကံ ။
မေတ္တာအပြု အမူ၊မေတ္တာအပြောအဆို
မေတ္တာအတွေးအကြံ ကိုရှေ့တွင်ပြရမယ်လို့
အတိအလင်း ဟောကြားထားပြီးသားပါ။
မေတ္တာဆိုတာ ၀ှက်ထား(ဖွက်ထား)
ရမယ့်အရာဟုတ်ပါဘူး။
ဖော်ထုတ်ပြသရမယ့်အရာပါ။

0 comments:

Post a Comment