Friday, July 4, 2014

ပုံရိပ်များအမ်တီဗီ မိုးရာသီရိုက်ကွင်း ထူးခြားဖြစ်စဉ်လေးတွေအကြောင်းပြောပြတဲ့ ရတနာမိုင်

မိုးရာသီအတွင်းမှာ ရှိုးပွဲ တွေ လုပ်တာနည်းပါးတာကြောင့် ပုံရိပ်များအမ်တီဗီကို အချိန်ပေးပြီး ရိုက်ကူးနေကြောင်း၊ ဒီလိုရိုက်ကူးတဲ့အခါမှာလည်း ထူးခြား တဲ့ဖြစ်စဉ်လေးေ တွ ကြုံတွေ့ရ ကြောင်း ရတနာမိုင်က ပြောပါတယ်။
” တစ်လောက သန်လျင်ဘက်မှာ ရိုက်ကွင်းတည်တော့ မိုးရာသီဆိုပေမယ့် မိုးမရွာဘူး။ လေကတော့တအားတိုက်တယ်။ အသားတောင်မည်းသွားတယ်။ အခု မိုင်လေးရဲ့ ပုံရိပ်များ အမ်တီဗီကို ရိုက်နေတာပေါ့ နော်။ မရိုက်ခင် မိုးကမှိုင်းညို့နေတယ်။ ရိုက်တော့မယ်ဆိုရင် မိုးက လုံးဝမရွာတော့ဘူး။ ရိုက်လို့ပြီး၊ လက်စသတ်လို့ ပြီးပြီ ဆိုရင် မိုး ကဝုန်းဆိုတရစပ် ရွာချပါလေရော။ ဒါကို မိုင်လေးစဉ်းစားမိတာပေါ့နော်။ သြော်..အဖေ၊ အမေတွေကို လုပ်ကျွေးလို့ မိုးနတ်မင်းကြီးက မရွာချပေးတာပေါ့။ ဒီလိုဟာသ ဆန် ဆန်သဘောမျိုး စဉ်းစားမိတယ်” လို့ မိုးရာသီရိုက်ကွင်း ထူးခြားဖြစ်စဉ်လေးတချို့ကို ရတနာမိုင်က ပြောပါတယ်။ မိုးရာသီကို ချစ်ခင်နှစ်သက်ကြောင်းနဲ့ မိုးတအားရွာရင် အိမ်မှာ ဇိမ်ရှိရှိအနားယူလို့ ကောင်းကြောင်းလည်းရတနာမိုင် ကပြောပါသေးတယ်။
” မိုင်လေး မိုးရာသီကို ချစ်တာက မိုးတအားရွာပြီဆိုရင် အိမ်မှာမိသားစုစုံစုံညီညီနဲ့ တက်ညီလက်ညီပေါ့။ ပြီးရင်ဇိမ်လေးနဲ့ တအားနေလို့ထိုင် လို့ကောင်းတယ်။ အဲဒါကို ကြိုက်တယ်။ ဒါပေမဲ့ အလုပ်လုပ်ပြီဆိုရင်တော့ သိပ်မကောင်းတော့ဘူး။ အလုပ်က ထင်သလောက် မပြီးဘူးလေ”  လို့ မိုးရာသီနဲ့ ပတ်သက်ပြီး ရတနာမိုင်ကပြော ပါတယ်။ ရတနာမိုင်အနေနဲ့ အခုလောလောဆယ်မှာ ဒင်နာပွဲတွေ၊ ဂေါက်ကွင်းပွဲတွေမှာ သီချင်းတွေသွားရောက်သီ ဆိုဖြစ်နေကြောင်း ပြောပါတယ်။ ပုံရိပ်များ အမ်တီဗီနဲ့ ပတ် သ က်ပြီးတော့လည်း ရတနာမိုင်က ” မေမေ့ရဲ့ မလွမ်းပိုတေးသီချင်းကို ဖိုက်စတားအဖွဲ့နဲ့ ရိုက်ကူးထားတယ်။ ပြိုင်ကားတွေနဲ့ပေါ့။ မေမေလည်းပါတယ်။
အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားပါတယ်။ နေတိုး၊ မင်းသွေး၊ အောင်ရဲလင်း၊ ကောင်းပြည့်၊ မိုးယံဇွန်၊ အောင်လ၊ ကောင်းမြတ်စံ၊ ဥက္ကာမင်းသာ၊ ခင်မြသဇင်၊ မိစန္ဒီ၊ ပြုံးမြသွင် တို့ပါမယ်။ အခုလောလောဆယ် ရိုက်ကူးပြီးနေတာပေါ့။ ပြုံးမြသွင်ဆိုတာက မလွမ်းပိုငယ်ဘဝအဖြစ်နဲ့ သရုပ်ဆောင်ထားတာပေါ့။ ထပ်ပြောချင်တာက ပထမပုံ ရိပ်များအခွေမှာ သီချင်းတွေကို ကမန်းကတန်း လုပ်လိုက်ရတဲ့အတွက်ကြောင့် သီချင်းတချို့နည်းနည်း မသေမသပ်ဖြစ်သွားတယ်။ ဒီအတွက်လည်း အားလုံး ကိုတောင်း ပန်ချင်ပါတယ်။ အခုအဲဒီအတွက် မကြိုက်တဲ့သီချင်းနှစ်ပုဒ်ကို ဖြုတ်ပြီးတော့ အောင်လရေးတဲ့ တစ်ပုဒ်၊ ယုန်လေးရေးတဲ့တစ်ပုဒ်ထည့်ပေးထားတယ်။
ဒီတော့ အောင်လနဲ့ ယုန်လေးရဲ့သီချင်းနှစ်ပုဒ်စီဖြစ်သွားတာပေါ့။ အမ်တီဗီက ဒီနှစ်မကုန်ခင် ထွက်မှာပါ။ ထွက်ရှိလာခဲ့ရင် အားပေးကြပါဦးလို့။ မိုင်လေးအနေနဲ့ အ များ ကြီးကြိုးစားထားပါတယ်။ မေမေ့ရဲ့ တစ်ခေတ်တစ်ခါကအောင်မြင်ခဲ့တဲ့ မလွမ်းပိုသီချင်းကို Bonus အနေနဲ့ ထည့်ပေးထားတာမို့လို့လည်း ပုံရိပ်များ အမ်တီဗီက ထူးခြား ပါ တယ်” လို့ ပုံရိပ်များအမ်တီဗီကိုအပြောင်းအလဲလုပ်ထားပုံတချို့နဲ့ မလွမ်းပိုသီချင်းထည့်ပေးထားတဲ့အကြောင်း ရတနာမိုင်က ပြောပြပါတယ်။

0 comments:

Post a Comment