Friday, July 4, 2014

အနုပညာ အတွက် ကြိုးစားနေသူတွေ စိတ်ဓာတ် စည်းကမ်း အင်တာနေရှင်နယ် ဖြစ်ဖို့ လိုသေးတယ် ဆိုတဲ့နေတိုး



သရုပ်ဆောင် အနုပညာလောက မှာ အောင်မြင်မှု အတွက် ကြိုးစားခဲ့ပုံနှင့် ကိုယ့် အောင်မြင် ကျော်ကြားမှုကို ရေရှည် ထိန်းသိမ်းနိုင်ရန် အဓိက လိုအပ်သည့် အချက်များ ကို နေတိုး က ယခု လိုပြောပြသည်။
အောင်မြင်ဖို့ ‘စေတနာ’က အဓိကကျတယ်
အနုပညာရဲ့ ဆိုလိုရင်းကို အဓိကသိပြီး အကြောင်းအရာ တစ်ခုပေါ်မှာ ရိုးရိုးသားသား ကြိုးစားမှုနဲ့ ဖြတ်သန်းနိုင်ဖို့ လိုတယ်။ စေတနာလည်း ထားရမယ်၊ ကိုယ်လုပ်လိုက် တဲ့ အနုပညာ တစ်ခုမှာ ကြည့်ရှုသူ ပရိသတ်အပေါ် စေတနာ ထားပြီး ကိုယ့်ဇာတ်လမ်းရဲ့ သရုပ်ဆောင် မှုတွေ မတူအောင် မတူညီတဲ့ ခံစားချက်တွေနဲ့ ကိုယ့်ပရိသတ် ကို ပေးနိုင်အောင် ကြိုးစား လုပ်ဆောင်ရမယ်။
အောင်မြင်မှုပေါ်မသာယာဘဲ အများအတွက်အသုံးချတတ်ရမယ်
ကိုယ်ဘာပဲ လုပ်လုပ် နူးညံတဲ့စိတ် နဲ့ ပုံဖော်ယူရမယ်။ ကိုယ် လုပ်ရမယ့် အလုပ်တစ်ခုကို စေတနာ အပြည့်ပါပြီး လုပ်ဖော် ကိုင်ဖက်တွေနဲ့ တိုင်ပင်ဆွေးနွေး တတ် ရမယ်။ အောင်မြင်မှု အပေါ်မှာ မသာယာဘဲ ရှေ့ဆက် အဲဒီအောင်မြင်မှုကို အသုံးချပြီး အများပြည်သူတွေ အတွက် အကျိုးရှိမယ့် အရာမျိုး လုပ်ဆောင်တတ်ဖို့ လိုအပ် တယ်။
ဝါသနာပါမှ ရွေးချယ်သင့်တယ်
ခုခေတ်က ရွေးချယ်မှုတွေ တအား များတယ်။ စိတ်ကို ဒွိဟ မထားဘဲ ဝါသနာပါရာ အလုပ် တစ်ခုကို ဖြစ် မြောက်အောင် လုပ်ရမယ်။ အခုက အရင်က ထက်စာရင် သင်တန်းတွေ တအားများလာတယ်။ အဲဒါက ဒီရုပ်ရှင် လောကကောင်းကျိုးတွေ အများကြီး ပါလာမယ်။ အနုပညာနဲ့ ပတ်သက်ပြီး ကြိုးစားတဲ့ နေရာမှာ စိတ်ဓာတ်ပိုင်း၊ စည်းကမ်း ပိုင်း အင်တာနယ်ရှင်နယ် ဖြစ်ဖို့ မဖြစ်ဖို့ ဆိုတာက လိုအပ်နေ သေးတယ် လို့မြင်တယ်။ အခု သင်တန်းမှာ မိမိတို့ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံကို မျှဝေပေးတဲ့ သဘောပဲ ရှိသေးတယ်။ တကယ် သက်ဝင် လှုပ်ရှားပြီး ဒီသရုပ်ဆောင်မှု ပညာရပ်တွေကို အပြုံး၊ အငို၊ ရှက်တာ၊ ကြောက်တာတွေ အသေးစိတ် ခွဲခြားပြီး သင်ရိုး ညွှန်းတမ်း လို စာတွေ့လက်တွေ့ ကိုယ်ပိုင်ဟန်နဲ့ သင်ကြားနိုင်တဲ့ ကျောင်းမျိုး ပေါ်လာဖို့ မျှော်လင့်တယ်။ အဲဒီလို ဆိုရင် မျိုးဆက်သစ် တွေက ရွေးချယ်မှု တိတိ ကျကျ ဆုံးဖြတ်နိုင်မယ်။

0 comments:

Post a Comment