ပညာရေးက လူ့ဘဝ အတွက် တစ်ရာ ရာခိုင်နှုန်း အရေးကြီး ဆုံးလို့ မထင်ကြောင်း မိုးစက်ဝိုင် က ပြောသည်။
”စာ အကုန်ရရုံနဲ့ လူတစ်ယောက်က
ကောင်းသွားမှာ မဟုတ်ပါဘူး” ဟု မိုးစက်ဝိုင်က ပြောသည်။ မိုးစက်ဝိုင်က
အမေရိကန် နိုင်ငံမှ Business Marketing ဘွဲ့ရရှိ ထားပြီး မြန်မာနိုင်ငံ
မှာလည်း အင်္ဂလိပ်စာ အဝေးသင်နှင့်ဘွဲ့ ရရှိထားသူ လည်း ဖြစ်သည်။
”ဒါပေမဲ့ ပညာတွေ သင်ယူတဲ့ အချိန်မှာ
သင်ယူပြီး လူရဲ့ အတွေးအခေါ် ပြောင်းလဲမှု ရှိလာပြီး အကျင့် စာရိတ္တတွေ၊
တွေးခေါ် မှုတွေ ပြောင်းလဲမှုတွေ ရှိလာမယ် လို့တော့ ယုံကြည်တယ်” ဟု
၎င်းကဆက်ပြောသည်။
မိုးစက်ဝိုင်က နိုင်ငံခြား ဘာသာစကားနှင့် ပတ်သက်ပြီး အင်္ဂလိပ်နှင့် တရုတ်ဘာသာ စကားတို့ကိုလည်း ပြောဆိုနိုင်သည်။
”စာတွေပဲ ကြိုးစားပြီး တော်နေရုံနဲ့ ဘဝမှာ
အောင်မြင်နေတဲ့ လူလို့ မထင်ဘူး။ ပညာ လုံးဝမတတ်တဲ့ လူတစ်ယောက် ရဲ့အတွေးအခေါ်
ဟာလည်း ပညာတတ် ထားပြီး သားနဲ့ မတူနိုင်ဘူးပေါ့” ဟု ၄င်းက ဆိုသည်။







0 comments:
Post a Comment