တေးသံရှင် အိုင်ရင်းဇင်မာမြင့် က သူ၏ ဒုတိယစီးရီးတွင် သူနှစ်သက်သော သီချင်းဟောင်း တစ်ပုဒ်ကို ထည့်သွင်း သီဆို သွားမည်ဟု ပြောသည်။
“ပရိသတ်က အဲဒီသီချင်းကို သိတယ်။ ဒါပေမဲ့
အမှတ်တမဲ့ ဖြစ်နေတဲ့ သီချင်းမျိုးပေါ့။ ပရိသတ်က ဒီကြားထဲ မှာ ဒီသီချင်းကို
ဘာလို့ ဘယ်သူမှ ပြန်မဆိုပါလိမ့် ဆိုပြီး တွေး ရမယ့် သီချင်းမျိုးပေါ့။ အဲဒီ
သီချင်းကို ဒီအတိုင်း ဗားရှင်းလည်း မပြောင်းဘဲနဲ့ ဒီအတိုင်း ပြန်ထည့်မယ်”
ဟု အိုင်ရင်းဇင်မာမြင့် ကပြောပြီး သူ၏ ဒုတိယ စီးရီး သစ် ကတော့ ကာလ အနည်းငယ်
ကြာမြင့်ဦးမည် ဟုလည်း ဆိုသည်။
“ဒီကြားထဲမှာ ရှိုးတွေနဲ့ တောက်လျှောက်
ဖြစ်နေတော့ အခွေက လုပ်လိုက် ရပ်လိုက်ဖြစ်နေတာ။ အခုတော့ တဖြည်း ဖြည်း
လုပ်နေပါတယ်။ သီချင်းတွေ ရွေးနေတုန်းပါပဲ။ အိုင်ရင်း ကိုယ်တိုင် ကလည်း
သီချင်းတွေကို ကိုယ် အကြိုက် ဆုံးပုံစံဖြစ် အောင် ကြိုးစားရှာနေပါတယ်။
အဲဒါကြောင့် ဘယ်လိုပုံစံ မျိုးဖြစ်မလဲ ဆိုတာ သေချာ မပြောနိုင်သေး တာပါ။
ထွက်လာတဲ့ အ ခါကျရင်တော့ တိတိကျကျလေး သိရမှာပါ” ဟု အိုင်ရင်း ဇင်မာ မြင့်က
ဆက်ပြောပြသည်။
လတ်တလော တွင် ထွက်ရှိ လာသော စီးတီး
အက်ဖ်အမ် ၁၂ နှစ်ပြည့် စီးရီးတွင် အိုင်ရင်းဇင်မာမြင့်နှင့် အိမ့်ချစ်
တို့က အမျိုး သားများ သီဆိုခဲ့သော “နေရာချင်းသာ လဲလိုက်ချင်တယ်” သီချင်း
ကို ပြန်လည် သီဆိုထားခဲ့ သည်။ ထိုသီချင်းကို ပြန်လည် သီဆို ဖြစ်ပုံနှင့်
ပတ်သက်၍ အိုင်ရင်းဇင်မာမြင့် က “အဲဒါက စီးတီး အက်ဖ်အမ်က ဦးဇော် တို့က
ရွေးပေးတာ။ ဦးဇော်တို့ပဲ လူတွဲ ပေးတာ။ အမ်တီဗီ ရိုက်မယ် ဆိုတော့ ညီမလေး
အိမ့်ချစ်ရော၊ အိုင်ရင်းရောက ကိုနေတိုးကို ကြိုက် တယ်။ အဲဒါနဲ့ အိုင်ရင်း က
ကြောက်တဲ့ နေရာက၊ အိမ့်ချစ်က နည်းနည်း သွက်တဲ့လူ ဆိုတော့ သူက ပို့ပေးတဲ့
နေရာလေးပေါ့။ အဲဒါလေး ပြန်ရိုက် ထားတာ ပါ”ဟု လတ်တလော သီချင်းသစ် နဲ့ပတ်သက်
ပြီးပြောပြခဲ့သည်။







0 comments:
Post a Comment