Friday, July 4, 2014

Samsung ရဲ့ ဈေးသက်သာ Galaxy ဖုန်း (၄) လုံး

ဟုတ်ပါတယ်။ Samsung ရဲ့ ဈေးသက်သာတဲ့ စမတ်ဖုန်း (၄) လုံးရဲ့ အကြောင်း ဖြစ်ပါတယ်။ တစ်ချို့ တွေက Samsung မှ Samsung တသသနဲ့
ကြိုက် နှစ်သက်လျက်ရှိပေမဲ့ High-end ဆမ်ဆောင်းဖုန်းတွေရဲ့ ဈေးမြင့်မားမူ တစ်ချို့ကြောင်း မစဉ်းစားခဲ့ရတာတွေ လက်လွှတ် ခဲ့ရတာတွေ ရှိပါတယ်။
သူအထဲက Galaxy Core || ဆိုရင် တော်တော်လေး
မဆိုးတာကို တွေ့ရပါတယ်။ အားလုံးပေါင်း Samsung က ပြောကြားလိုက်တာက ( ၄) လုံးပါ။

အားလုံးဟာ Samsung ရဲ့ နောက်ဆုံး ဗားရှင်း ရယ် ၊ TouchWhiz interface ရယ် ပါဝင်ထားပါတယ်။ သူတို့ကတော့ Galaxy Core II, Galaxy Star 2, Galaxy Ace 4 နဲ့ Galaxy Young 2 တို့ ဖြစ်ပါတယ်။ ဒီလေး လုံးထဲမှာမှ Galaxy Core IIက ကျန်တာတွေနဲ့ စာလျှင် ပိုအထင်ကြီးစရာရှိပါတယ်။ သူက ၄.၅ မျက်နှာပြင်၊ Quad-core 1.2 Ghz Processor ဖြစ်ပြီး 5MP ရှိတဲ့ အနောက် ကင်မရာနဲ့ပါ။ ဒါဟာ ၅.၁ လက်မ မျက်နှာပြင်၊ 2.5 Ghz quad-core 16MP ရှိတဲ့ Galaxy S5 နဲ့ယှဉ်ရင် သိပ်အကွာ ကြီး
မဟုတ်တာကို တွေ့၇ပါတယ်။ သို့ပေမဲ့ S5 ထက်တော့
သူက တော်တော်ကြီးကို ဈေးသက်သာဦးမှာ ဖြစ်ပါတယ်။
Galaxy Ace 4 ကတော့ အလယ် အလတ်ရှိတဲ့ နှုန်းနဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။ 4G LTE နဲ့ 3G ဆိုပြီးလာပြီး LTE ဗားရှင်းကတော့ dual-core 1.2 GHz processor, 4-inch display ဖြစ်ပါတယ်။ ကင်မရာကတော့ 5MP ပါ။ 3G ကတော့ 1.0 GHz dual-core processor ရယ်။ ၄လက်မ ရှိတဲ့ မျက်နှာပြင်ရယ် 5MP ကင်မရာရယ် ပါဝင်ပါတယ်။ ကျန်တဲ့ Galaxy Ster 2 နဲ့ Galaxy Young 2 ကတော့ နည်းနည်း နိမ့်ပါတယ်။ နှစ်ခု စလုံးကငတော့ single-core 1.0 GHz processors, 3.5 လက်မနဲ့လာတာဖြစ်ပြီး 2 နဲ့ 3MP ကင်မရာလောက်သာ ပါဝင်လာတာကို တွေ့ရပါတယ်။ ထို ဈေးသက်သာ Galaxy ဖုန်းတွေကို ဘယ်တော့ ရောင်းချသွားမှာနဲ့ ဈေးနှုန်းတွေကိုတော့ Samsung က ထုတ်ဖော်ခြင်း မရှိသေးပါဘူး။ ဖြစ်နိင်တာကတော့ US ရဲ့ အပြင်ဘက်မှာ ဒီ ဖုန်းတွေ အားလုံး (သို့) အချို့ကို ရောင်းချသွားမှာ ဖြစ်ပါတယ်။
ပုံမှာ တွေ့ရတာကတော့ (ဘယ်ဘက်ဆုံးမှ စရေကာ) Galaxy Core ||, Galxy Ace 4, Galaxy Young 2 နဲ့ Galaxy Star 2 တို့ပဲ ဖြစ်ပါတယ်။
.
Ref: Mashable
အောင်ဟိန်း (ရိုးရာလေး )

0 comments:

Post a Comment