ပုဒ်မ ၁၈ဖြင့် စွဲဆိုခံရသည့် ပြည်မြို့ရှိ မဇ္ဈိမသတင်းထောက်ကို ငွေဒဏ်နှစ်သောင်း အမိန့်ချ
သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် တောင်းဆိုကာ ဆန္ဒပြခဲ့သည့် မဇ္ဈိမသတင်းဌာန၏ ပြည်မြို့ခံ အလွတ်တန်းသတင်းထောက် ကိုအောင်နိုင်ဦး (ခေါ်)ကိုရေခဲ(ပြည်)ကို ပုဒ်မ ၁၈ဖြင့်တရားစွဲထားရာ ပြည်မြို့ တရားရုံးက ဇူလိုင်လ ၁၇ရက်တွင် ငွေဒဏ်နှစ်သောင်း အမိန့်ချမှတ်လိုက်ပြီဖြစ်သည်။

အစိုးရ ဌာနဆိုင်ရာများတွင် လွတ်လပ်စွာ သတင်းယူခွင့်ပြုရန်နှင့် ဖမ်းစီးခံထားရသော သတင်းထောက်များကို ပြန်လွတ်ပေးရန်ဆိုသော အချက်များဖြင့် ဧပြီလ ၂၅ ရက်က ပြည်မြို့တွင် သတင်းဌာနပေါင်းစုံမှ သတင်းထောက် ၁၆ ဦးခန့်က လမ်းလျှောက်၍ ဆန္ဒထုတ်ဖော်ခဲ့သော်လည်း ရေခဲ(ပြည်) တဦးတည်းကိုသာလျှင် ပြည်မြို့မ ရဲစခန်းမှူး ဦးမျိုးမြင့်က တရားလိုပြုလုပ်ကာ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။






0 comments:
Post a Comment