Thursday, July 17, 2014

အပေါ်ပိုင်း ဗလာနဲ့ မဂ္ဂဇင်းကာဗာအတွက် ဓာတ်ပုံရိုက်ခံခဲ့တဲ့ ကလေး တစ်ယောက်အမေ မင်းသမီး

Glamour မဂ္ဂဇင်းမှာ အပေါ်ပိုင်းဗလာနဲ့ဓာတ်ပုံရိုက်ခံခဲ့တဲ့ Katie Holmes
မင်းသမီး Katie Holmes တစ်ယောက် Glamour မဂ္ဂဇင်းရဲ့နောက်ဆုံးထုတ် issue အတွက် ဂျင်းဘောင်းဘီကိုဝတ်ထားပြီး
သူမရဲ့ရင်သားနေရာကို လက်နဲ့ဖုံးအုပ်ပြီးဓာတ်ပုံရိုက်ခံခဲ့ပါတယ်။ ကြယ်သီးပြုတ်နေတဲ့ ဂျင်းရှပ်အင်္ကျီနဲ့လိင်အသားပေးဆန်ဆန် ဓာတ်ပုံကလည်း မျက်နှာဖုံးမှာလဲပါဝင်လာခဲ့တာဖြစ်ပါတယ်။
၉၀ ခုနှစ်ကျော်ကာလတွေက Dawson’s Creek အမည်ရှိ ရုပ်သံစီးရီးတွေနဲ့ ငွေကြယ့်ပွင့်ဖြစ်လာခဲ့တဲ့ Holmes ဟာ ၂၀၀၀ ခုနှစ်ရုပ်ရှင် The Gift ကနေစပြီး လူသိရှင်ကြား ၀တ်လစ်စလစ်ဖေါ်ပြခဲ့တာဖြစ်ပါတယ်။
အခုအချိန်မှာတော့ သူမရဲ့စိတ်ထဲမှာအများဆုံးနေရာယူထားတာကတော့ သမီးဖြစ်သူ Suri ဖြစ်ပါတယ်။ သူမက အမေတစ်ယောက်ဖြစ်ရတာဘယ်လိုကောင်းတဲ့အကြောင်း Glamour မဂ္ဂဇင်းကိုပြောပြပါတယ်။
‘အမေတစ်ယောက်ဖြစ်ရတာဟာအကောင်းမွန်ဆုံး ဆုလဒ်တစ်ခုပါ။ ကျွန်မအမေတစ်ယောက်ဖြစ်လာတော့ ကျွန်မဘ၀ကလုံးဝပြောင်းလဲသွားတယ်။ ဒါပေမယ့် အကြီးဆုံးအပြောင်းအလဲကဘာလဲဟုတ်လား။ ရှင်မသိဘူးလို့ ကျွန်မထင်တယ်။ ကျွန်မမှာရှိတဲ့ ချစ်မေတ္တာဘယ်လောက်လဲဆိုတာကျွန်မမသိခဲ့ဘူး။ ဒါအလွန်ပဲစွမ်းအားကြီးပါတယ်။ နေ့တိုင်းကျွန်မကိုအမေတစ်ယောက်ဖြစ်စေတဲ့ ဒီချစ်စရာလူသားတစ်ဦးရဲ့အကြောင်းပိုပြီးသိမြင်လာပါတယ်’ လို့ Holmes ကပြောပါတယ်။
Suri ရဲ့ဖခင်ဖြစ်သူ Tom Cruise နဲ့ Holmes တို့ဟာ ၂၀၁၂ ခုမှာကွာရှင်းခဲ့တာဖြစ်ပါတယ်။
Holmes ဟာမကြာခင်ထွက်ရှိတော့မှာဖြစ်ပြီးနောက်လမှာရုံတင်ပြသမယ့် ရုပ်ရှင် The Giver မှာသရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
Ref:starpulse.com
Trend Myanmar

Photo: အပေါ်ပိုင်း ဗလာနဲ့ မဂ္ဂဇင်းကာဗာအတွက် ဓာတ်ပုံရိုက်ခံခဲ့တဲ့ ကလေး တစ်ယောက်အမေ မင်းသမီး

0 comments:

Post a Comment