Monday, July 21, 2014

အမုန်းစကားဖြန့်ဝေမှုတွေ တားမြစ်ဖို့ Google နဲ့Facebook ကူညီမည်ဟု ကတိပေး
Monday, July 21, 2014
ပြည်တွင်းမှာဖြစ်ပွားနေတဲ့ အွန်လိုင်းပေါ်က အမုန်းစကားဖြန့်ဝေမှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် Google နဲ့Facebook မှ အကူအညီပေးသွားမယ်လို့ အဲဒီကုမ္ပဏီတာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။ လူမှုမီဒီယာကွန်ယက် သုံးစွဲမှုတွေနဲ့ပတ်သတ်လို့ Google နဲ့Facebook ကုမ္ပဏီတွေက တာဝန်ရှိသူတွေအပါအ၀င် ပြည်တွင်းကနည်းပညာရှင်တွေနဲ့ အစိုးရတာဝန်ရှိသူတွေတွေ့ဆုံပြီး ဇူလိုင်၂၀ရက်မှာတွေ့ဆုံဆွေးနွေးစဉ် Google နဲ့Facebook ကုမ္ပဏီ
တာဝန်ရှိသူတွေက ကတိပေးစကား ပြောကြားခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လာမယ့်(၂)နှစ်အတွင်းမှာလဲ ဖုန်းသုံးစွဲသူအရေအတွက်ဟာ ပိုမိုများပြားလာနိုင်ပြီး အင်တာနက်သုံးစွဲမှုတွေဟာလဲ ယခုထက်ပိုမိုမှာဖြစ်တဲ့အတွက် ထိန်းချူပ်နိုင်ဖို့ ပိုပြီးခက်ခဲလာနိုင်ဖွယ် ရှိတယ်လို့ ပါဝင်ဆွေးနွေးခဲ့သူ ပညာရှင်တစ်ဦးကလဲ သုံးသပ်ပြောဆိုထားပါတယ်။
ပြည်တွင်းက အင်တာနက်သုံးစွဲသူ အများစုဟာ လူမှုကွန်ယက်ဖေ့စ်ဘွတ်ကို အများဆုံးသုံးစွဲနေတာဖြစ်ပြီး ဖေ့ဘုတ်သုံးစွဲမှု တွေများလာတဲ့အမျှ မလိုလားအပ်တဲ့ အမုန်းပွားစေတဲ့ ရေးသားမှုတွေ ပိုမိုများပြားလာတယ်လို့ နည်းပညာဆိုင်ရာ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။ မြန်မာနိုင်ငံမှာ ဖေ့စ်ဘွတ်သုံးစွဲသူပေါင်း ၂ သန်းကျော်ရှိနေပြီး ပြည်ထဲရေး ၀န်ကြီးဌာနအနေနဲ့ အွန်လိုင်းအခြေပြုပြီး လူမျိုးရေးနဲ့ဘာသာရေး လှုံ့ဆော်မှုတွေကို ရှာဖွေဖော်ထုတ်အရေးယူမှုတွေ ပြုလုပ်ဖို့စီစဉ်ထားပြီလို့သိရပါတယ်။
MRTV-4

0 comments:

Post a Comment