Monday, July 21, 2014

ပထမကမ္ဘာစစ် နှစ်ပေါင်း(၁၀၀)ပြည့် အထိမ်းအမှတ်ပြုလုပ်


အင်္ဂလန်နိုင်ငံ၊ ကမ်းဘရစ်ခ်ျရှိုင်းယား မှာနေထိုင်တဲ့ အမ်မာကစ်ချီနာဟာ ပထမ ကမ္ဘာစစ်နှစ်ပေါင်း (၁၀၀) ပြည့် အထိမ်းအမှတ်အဖြစ် ထူးခြား တဲ့ အစီအစဉ်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ (၁၂)ဧကပေါ်မှာရှိတဲ့ ပြောင်းစိုက်ခင်းပေါ်မှာ ပုံရိပ် တစ်ခုကို အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ပါ တယ်။ ပထမ ကမ္ဘာစစ်ကာလအတွင်းမှာ လူငယ်၊ လူရွယ်တဲ့ စစ်ထဲ ၀င်ရောက်ဖို့ ရည်ရွယ်ချက်နဲ့ Your Country Needs Youအမည်ရ ပိုစတာတစ်ခုကို ဖြန့်ဝေမှု ပြုလုပ်ခဲ့ပါတယ်။ ဒီပိုစတာအတိုင်းပြောင်းစိုက်ခင်းကို ပုံဖော်ခဲ့တာဖြစ်ပါတယ်။ ပြောင်းစိုက်ခင်းပေါ်မှာ ဘိန်းပန်းပွင့် ပုံစံကိုလည်း ပြုလုပ်ထားပါ တယ်။ ပထမကမ္ဘာစစ်တုန်းက ပိုစတာမှာအသုံးပြုခဲ့တဲ့ ဓာတ်ပုံဟာ ကစ်ချီနာရဲ့ပုံ ဖြစ်ပါတယ်။ ဒါကို ကစ်ချီနာရဲ့ တူမက ပြန်လည်ဂုဏ်ပြုတဲ့အနေနဲ့ သရုပ်ဖော်ခဲ့ခြင်း ဖြစ်ပါတယ်။ ပထမ ကမ္ဘာစစ်မှာထင်ရှားခဲ့တဲ့ ကစ်ချီနာဟာ ၁၉၁၆ မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ကစ်ချီနာရဲ့ တူမ ဖြစ်သူ အမ်မာကစ်ချီ နာဟာ ပထမကမ္ဘာ့ စစ် ရာပြည့် အခမ်းအနားကို ဂုဏ်ပြုတဲ့အနေနဲ့ ပြောင်းစိုက်ခင်းကြီးပေါ်မှာ ကြီးမားတဲ့ပုံကို အသုံးပြုပုံဖော်ခဲ့ခြင်း ဖြစ်ပါတယ်။
အီရတ်နိုင်ငံမှာရှိတဲ့ ကမ္ဘာ့ အကြီးဆုံး သင်္ချိုင်း
အေသင်အောင်
အီရတ်နိုင်ငံမှာရှိတဲ့ သင်္ချိုင်းတစ်ခုဟာ ကမ္ဘာ့ အကြီးဆုံးသင်္ချိုင်း အဖြစ်သတ်မှတ်ခြင်းခံထားရပါတယ်။ ဒီသင်္ချိုင်းဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၁၄၀၀) ကတည်းက တည်ရှိခဲ့တာ ဖြစ်ပါတယ်။ သင်္ချိုင်းမှာ မြှုပ်နှံထားတဲ့အရေအတွက်ဟာ (၅)သန်းကျော် အထိရှိ လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒီနေရာဟာ ရှေးဟောင်း အစ္စလာမ်သင်္ချိုင်းအဖြစ်လည်း ထင်ရှားပါတယ်။ ဒီသင်္ချိုင်းဟာ နာဂျက်ဖ်မြို့ မှာ တည်ရှိတာ ဖြစ်ပါတယ်။ ဒီနေရာကို ငြိမ်းချမ်းတဲ့တောင်ကြား အဖြစ်လည်းခေါ် ဆိုကြပါတယ်။ ဒီသင်္ချိုင်းမှာ နှစ်စဉ်လူ (၅) သိန်းနီးပါး လာရောက်မြှုပ်နှံမှုပြုလုပ်လေ့ ရှိပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တွေမှာ အီရတ် နိုင်ငံအတွင်းဖြစ်ပွားခဲ့တဲ့ မငြိမ်သက်မှုတွေကြောင့် လာရောက်မြှုပ်နှံမှု အရေအတွက် နည်းပါးသွားခဲ့ တယ်လို့ သိရပါတယ်။ ကမ္ဘာ့ အကြီးဆုံး သင်္ချိုင်းကြီး ရဲ့ ပတ်ဝန်းကျင်အနေအထားကလည်း ခြောက်ခြားစရာ ဖြစ်တာမို့ စိတ်ဝင်စားဖို့ ကောင်းခဲ့ပါတယ်။

0 comments:

Post a Comment