သမုဒ္ဒရာထဲသို့ ရောက်ရှိလာမည့် မည်သူမဆိုငါးမန်ရန်မှ
တိုက်ခိုက်မှုခံရနိုင်ရန်မှာ ဖြစ်နိုင်ချေများစွာရှိသောအခြေအနေတစ်ရပ်ပင်
ဖြစ်ပါသည်။ ပင်လယ်ကမ်းခြေတွင် ရေကူးရင်း၊ သို့မဟုတ် ရေလွှာလျှောစီးနေစဉ်
အတွင်းငါးမန်းကိုက်ခံရသည့် ဖြစ်ရပ်များမှာလည်းယခုအချိန်အထိ
ကြားသိနေရဆဲပင်ဖြစ်ပေသည်။
ထို့ကြောင့်လည်း ၄င်းဖြစ်စဉ်များကို ကာကွယ်နိုင်ရန် Clever Buoy ဟုအမည်ပေးထားသောကိရိယာတစ် ခုအားAustrai နိုင်ငံ၏ နည်းပညာအဖွဲ့ဖြစ်သော Optus မှ တီထွင်ထုတ်လုပ်ခဲ့ကြပါသည်။ ၄င်း Buoy အနေဖြင့် Sonar Signals များကို ပတ်ဝန်းကျင်ရှိ ရေထုအတွင်းသို့ ထုတ်လွှတ်ပြီး ၄င်းလှိုင်းများမှ အရာဝတ္ထု များကို ရိုက်ခတ်မိ၍ ပြန်လာသောလှိုင်းများကိုခွဲခြားကာငါးမန်းကို ရိုက်ခတ်မိပါကငါးမန်း၏ အရွယ်အစားတို့ကိုဖော်ပြပေးမည်ဖြစ်ပါသည်။

Buoy များအားရေထဲတွင်သာမက၊
ကမ်းခြေအပေါ်ရှိသဲသောင်ခုံများတွင်လည်းထားရှိနိုင်ပြီး ၄င်းတို့ အထဲမှ Buoy
တစ်ခုခုအနေဖြင့် ငါးမန်းကိုစုံစမ်းထောက်လှမ်းမိပါကသတိပေးချက်အား
ဂြိုဟ်တုမှတစ်ဆင့် ကမ်းခြေတွင် တာဝန်ကျနေသော ကယ်ဆယ်ရေးသမားကိုင်ဆောင်သည့်
စမတ်ဖုန်းဆီသို့ သတိပေးချက် ပို့ပေးမည်ဖြစ်ပါသည်။ ထိုအခါ ၄င်းတာဝန်ကျမှ
အရေးပေါ်အချက်ပေးချက်အသံ ပြုလုပ်၍ ရေကူးနေသည့်
သူများကိုငါးမန်းရောက်ရှိလာသောကြောင့် ရေထဲမှ အမြန်ဆုံးတက်လာရန်
သတိပေးနိုင်မည်ဖြစ်ပေသည်။
အဆိုပါစနစ်အနေဖြင့် တပ်ဆင်ရန်လွယ်ကူသည်သာမက ပြုပြင်ထိန်းသိမ်းရန်လည်းလွယ်ကူသည်ဟုသိရှိရပါသည်။ Clever Buoy အနေဖြင့် Sydney Aquarium နှင့် Australia ရှိAbrolhos Islandsတို့တွင် ငါးမန်းအန္တရာယ်စမ်းသပ်ခြင်းများကိုအောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့သောကြောင့် ထုတ်လုပ်သော Optus အနေဖြင့် နောင်နှစ်အလယ်ပိုင်းလောက်တွင် ဈေးကွတ်တွင် စတင်ရောင်းချသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
Ref:GM
WorldWide(BMSTU)

0 comments:
Post a Comment