သိပ္ပံပညာရှင်များသည် ယူဂန်ဒါ နိုင်ငံအတွင်းမှ ၂ဝဝ၇ ခုနှစ်နှင့် ၂ဝဝ၉ ခုနှစ်ကြားတွင် ရိုက်ကူးခဲ့သည့် ဗီဒီယို ပြကွက်များ မှ ချန်ပန်ဇီ ခေါ် မျောက်ဝံ အငယ်စားများ၏ အမူအရာများကို လေ့လာခြင်းဖြင့်
၎င်းသတ္တဝါများ၏ အပြုအမူ ၆၆ ခုကို ဘာသာပြန်နိုင်ခဲ့ကြောင်း သိရသည်။ လေ့လာချက်အရ ၎င်းမျောက်ဝံများ၏ အပြုအမူ အချို့သည် အဓိပ္ပာယ်တစ်ခုတည်းသာ အသုံးပြုနိုင်ပြီး အခြားအဓိပ္ပာယ်များသည် အတိအကျဖော်ပြရန် အတွက် ရေရာမှုမရှိကြောင်း သိရသည်။ ထို့ပြင် အဆိုပါ မျောက်ဝံများ၏ အမူအရာနှင့် အသံတို့အကြား လုပ်ဆောင်ပုံများသည်လည်း ကွဲပြားခြားနားနေသည်ကို သုတေသီများက တွေ့ရှိခဲ့ကြောင်း သိရသည်။
ယခင်လေ့လာ တွေ့ရှိချက်အရ အဆိုပါ မျောက်ဝံများသည် တစ်ကောင်နှင့် တစ်ကောင်ကြား ဆက်သွယ်နိုင် ရန်အတွက် ၎င်းတို့၏ အမူအရာများကို အသုံးပြုကြောင်း ထုတ်ဖော်ပြသခဲ့သည်။ အလားတူတို့၏ လှုပ်ရှား မှုများသည် လူမှုအဖွဲ့အစည်းများ၏ လှုပ်ရှားမှုများနှင့်လည်း ဆက်နွှယ်နေသည်ကို တွေ့ရှိခဲ့ကြောင်း စကော့ တလန်နိုင်ငံ St Andrews တက္ကသိုလ်မှ သုတေသီများက ပြောကြားခဲ့သည်။