Wednesday, July 9, 2014

ဘော့စ်နီးယား ကွင်းလယ်ကစားသမား မူဟာမက်ဘီဆစ်အား ခေါ်ယူရန် ဆွမ်ဆီးအသင်း စီစဉ်

ဆွမ်ဆီး အသင်းသည် ဘော့စ်နီးယားနှင့် ဟာဇီဂိုဗီးနား ကွင်းလယ် ကစားသမား တစ်ဦးဖြစ်သူ
မူဟာမက်ဘီဆစ်အား ခေါ်ယူ ရန် စီစဉ် လျက်ရှိသည်ဟု သိရသည်။ လက်ရှိတွင် ဟန်ဂေရီ ကလပ် အသင်းတစ် သင်း ဖြစ် သည့် ဖာရန်ဗာရို့စ်အသင်းတွင် ကစားနေသော အသက် ၂၁ နှစ်အရွယ် အဆိုပါ ကစားသမား အား ပြောင်းရွှေ့ကြေး ပေါင်လေးသန်းဖြင့် ခေါ်ယူရန် ဆွမ်ဆီးအသင်းက ဆွေးနွေး လျက်ရှိသည်။
သို့ရာတွင် အဆိုပါ ကစားသမားအား ခေါ်ယူရေးတွင် ဆွမ်ဆီးအသင်း အနေဖြင့် အခြား ဥရောပ ကလပ် အသင်းကြီးများ ၏ ပြိုင်ဆိုင်မှုနှင့် ရင်ဆိုင် ရဖွယ်ရှိကြောင်း သိရသည်။ ဘီဆစ်သည် ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် မွေးဖွားခဲ့ပြီး ၄င်း၏ ကစား သမားဘဝကို ဟမ်းဘတ် အသင်း၌ စတင် ခဲ့ရာမှ၂ဝ၁၂ ခုနှစ်တွင် ဖာရန်ဗာရို့စ် အသင်းသို့ ပြောင်းရွှေ့ခဲ့သည်။

0 comments:

Post a Comment