Wednesday, July 9, 2014

LG G3 မိုဘိုင်းဖုန်းမော်ဒယ်အသစ်အား ယခုလထဲတွင်း စတင်ရောင်းချသွားမည်


C M T 03 copy C M T 06 copy C M T 02 copy

နောက်ဆုံးပေါ်နည်းပညာဖြစ် အသစ်ထပ်မှန်ထုတ်လုပ်လိုက်သော LG G3 မိုဘိုင်းဖုန်းမော်ဒယ်အသစ်အား ယခုလ
ထဲတွင်း စတင်ရောင်းချသွားမည်ဟု ဇူလိုင် ၉ရက်က LG မိုဘိုင်းဖုန်းကုမ္ပဏီမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
“အခုဆိုရင် မြန်မာပြည်သူတွေနဲ့ ကျွန်တော်တို့ LG မိုဘိုင်းဖုန်းကုမ္ပဏီကနေထုတ်လုပ်လိုက်တဲ့ ဖုန်းတွေကို ရင်းနှီးနေပြီး
ဖြစ်တယ်လို့ကျွန်တော်ထင်ပါတယ်။ဒါကြောင့် အခုလည်း LG G3 မိုဘိုင်းဖုန်းကို နောက်ဆုံးပေါ် နည်းပညာဖြစ်ထပ်မံ
ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်တာကြောင့် LG အမှတ်တံဆိပ်ကြိုက်နှစ်သက်သူတွေ ကို အဆင့်မြင့်နည်းပညာနဲ့
လုပ်ထားတဲ့ LG G3 ကိုမိတ်ဆက်လိုက်ပါတယ်”ဟု LG Electronic Myanmar ၏ အမှုဆောင်အရာရှိဖြစ်သူ
Mr.Min Park ကပြောကြာသည်။
ကင်မရာကိုအလင်းရောင်မရှိတဲ့ နေရာမှတောင်ရိုက်ကူးနိုင်ဖို့အတွက် ကျွန်တော်တို့ Laser Auto Focous စနစ်ကိုလည်း
ထည့်ထားပါတယ်။ဒါကြောင့် သာမန် 4HD ရုပ်ထွက်ထက် ပိုမိုကောင်းမွန်တဲ့ Quad HD ကိုထည့်သွင်းပေးထားကြောင့်
ဖုန်းတစ်လုံးရဲ့  အရည်အသွေးကို ပိုမိုကောင်းမွန်စေမှာဖြစ်ပါတယ် ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။
၎င်းနောက်ဆုံးပေါ်နည်းပညာဖြစ် ထုတ်လုပ်လိုက်သော LG G3 မိုဘိုင်းဖုန်းအား ဇူလိုင် ၅ ရက်က Park Royal Hotel တွင်
မိတ်ဆက်ပြသသွားခဲ့ပြီး LG G3 မိုဘိုင်းဖုန်းမှာတော့ အရောင်သုံးရောင်ဖြင့်ထုတ်လုပ် ထားသည် ယင်းအရောင်းများ
ကတော့ အဖြူ၊အမည်းနှင့်ရွှေရောင်တို့ဖြစ်ပြီး ဈေးနှုန်းအနေနဲ့ (၆၇၀၀၀၀)ဖြင့် ယခုလထဲတွင်း ရောင်းချသွားမည်
ဖြစ်ကြောင်းသည်။
LG G3 ၏အားသာချက်များမှာ တခြားဖုန်းများနှင့်မတူပဲ လှုပ်ရှားနေသောဓာတ်ပုံများကိုပါ ရိုက်ကူးနိုင်သော OIS စနစ်
ပါဝင်ပြီး ကြိုးမဲ့အားသွင်းနိုင်သလို မျက်နှာပြင်ကို ထိခေါက်ရုံဖြင့်ဖွင့်နိုင်သော Knock Code လိုမျိုး Function ပေါင်းများလည်း
ပါဝင်ကြောင်းသိရသည်။
ချစ်မင်းထွန်း

0 comments:

Post a Comment